အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၃၊ ၂၀၂၁။ (သောကြာ)

ဆက်သွယ်ရေးကုမ္မဏီတွေရဲ့အင်တာနက်မိုဘိုင်းဒေတာစျေးနှုန်းတွေကိုလက်ရှိစျေးနှုန်းထပ်နှစ်ဆတက်ဖို့စစ်ကောင်စီကအကြောင်းကြားလာတယ်လို့သိရတယ်။ဥပမာအခုကျပ်တစ်ထောင်ဖိုးကို1Gရတယ်ဆိုရင်နှုန်းထားအသစ်အရတစ်ထောင်ကို500MBပဲရတော့မှာပေါ့။အင်တာနက်စျေးနှုန်းတွေတက်လာတာအာဏာသိမ်းပြီးနောက်ပိုင်းဒါဒုတိယအကြိမ်ပဲ။NLDအစိုးရလက်ထက်ကဆိုရင်တစ်ထောင်ဖိုးကို5Gအထိသုံးလို့ရတယ်။ဆယ်ဆတိတိစျေးတက်သွားတဲ့သဘောပေါ့။ဒီတကြိမ်မှာဖုန်းပြောဆိုခနှုန်းထားတွေပါစျေးတက်မယ်လို့သိရတယ်။ စစ်ကောင်စီဟာအင်တာနက်ကိုလုံးဝဖြတ်တောက်လို့မရတဲ့အတွက်သတင်းစီးဆင်းမှုကိုနှေးကွေးစေချင်တာရယ်၊C2DလိုDigital Strikeတွေကိုနှိပ်ကွပ်လိုတာကြောင့်အခုလိုကန့်သတ်လိုက်တာလို့ယူဆကြတယ်။ဒါပေမယ့်ရည်ရွယ်ချက်အတိုင်းအောင်မြင်မှာမဟုတ်ပဲအခြေခံလူတန်းစားတွေကိုပဲအဓိကထိခိုက်စေလိမ့်မယ်။စားဖို့တောင်အနိုင်နိုင်ရှာနေရတဲ့သူတွေအတွက်ဒီစျေးနှုန်းအတိုင်းဆိုရင်အင်တာနက်သုံးနိုင်ဖို့အလှမ်းဝေးသွားလိမ့်မယ်။စစ်ကောင်စီဟာတိုင်းပြည်ကိုတဖြည်းဖြည်းနဲ့မြောက်ကိုရီးယားပုံစံဆွဲသွင်းနေပြီ။

Read moreDetails

ဒီဇင်ဘာ ၀၂၊ ၂၀၂၁။ (ကြာသပတေး)

ကုလသမဂ္ဂကိုယ်စားလှယ်ရွှေးချယ်ရေးကော်မတီဟာစစ်ကောင်စီကတင်သွင်းတဲ့ကိုယ်စားလှယ်ကိုမရွှေးပဲသံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာဆက်လက်ရွှေးချယ်လိုက်တယ်။ဒါဟာNUGကိုအသိအမှတ်ပြုတဲ့သဘောလားဆိုတာကိုတော့တိတိကျကျပြောမသွားဘူး။သံတမန်တွေကတော့အစိုးရကိုယ်စားမှုပြုကိုနောက်နှစ်ညီလာခံအထိရွှေ့ဆိုင်းလိုက်တဲ့သဘောပဲလို့မှတ်ချက်ပြုတယ်။ကိုယ်စားလှယ်နေရာကိုလက်ရှိလူကိုပဲဆက်ထားပီးစစ်ကောင်စီနဲ့NUGဘယ်သူ့ကိုအသိအမှတ်ပြုမလဲဆိုကတော့UNကကြားနေလိုက်တဲ့သဘောပေါ့။ဓမ္မနဲအဓ္ဓမကိုရှင်းရှင်းလင်းလင်းသိမြင်နေရက်နဲ့ကြားနေတယ်ဆိုကတည်းကကမ္ဘာကြီးရဲ့လက်ရှိအနေအထားကိုပြသလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ်ဒီရလဒ်ကြောင့်သံတမန်ရေးမျက်နှာစာမှာNUGအတွက်ပိုမိုအသာစီးရသွားခဲ့ပြီးစစ်ကောင်စီကတော့လုံးဝကျဆုံးသွားခဲ့ပါပြီ။အထွေထွေညီလာခံမှာဆက်လက်ဆွေးနွေးဖို့ရှိပေမယ့်တရုတ်နဲ့ရုရှားတို့ကပါသဘောတူထားတဲ့ဒီရလဒ်ကိုပြောင်းလဲပစ်ဖို့မဖြစ်နိုင်တော့ပါဘူး။မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ရှေ့ဆက်သွားမယ်လို့ပြောထားခဲ့တဲ့စစ်ကောင်စီဟာပိုမိုအထီးကျန်ဆန်လာပါပြီ။

Read moreDetails

ဒီဇင်ဘာ ၀၁၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

SweetDecemberလို့ခေါ်ကြတဲ့ချိုသောဒီဇင်ဘာလကိုရောက်ရှိလို့လာပါပြီ။မနှစ်ကဒီလိုအချိန်မှာငါးထောင်တန်FoodBoxတွေခေတ်စားခဲ့တယ်။ကျပ်ငါးထောင်ဆိုတဲ့ပမာဏဟာလူတိုင်းအတွက်ဘာမှမဟုတ်ခဲ့ဘူး။ဒီနှစ်တော့ဒီအချိန်မှာငါးရာတန်ထမင်းပွဲတွေခေတ်စားလာတယ်။ လူတွေကတော်တော်များများအလုပ်လက်မဲ့ဖြစ်သွားကြပြီ။ဝင်ငွေမရှိတော့ဘူး။ကမ္ဘာဘဏ်ကတော့၂၀၂၂မှာမြန်မာပြည်သူတဝက်လောက်ဟာဆင်းရဲမွဲတေမှုမျဉ်းအောက်မှာအသက်ရှင်ရလိမ့်မယ်လို့ခန့်မှန်းထားတယ်။လက်တွေ့မြေပြင်မှာလဲအဲ့ဒီအတိုင်းဖြစ်နေပြီ။စားစရာမရှိတော့တာနဲ့အမျှခိုးဆိုးလုယက်မှုတွေပေါလာလိမ့်မယ်။ခုတောင်တချို့နေရာတွေမှာတွေ့နေရပြီ။တရားဥပဒေစိုးမိုးမှုလဲမရှိတော့ဘူးလေ။စစ်ကောင်စီဟာအခုအချိန်မှာရာဇဝတ်မှုတွေကိုစိတ်မဝင်စားတော့ဘူး။သူတို့အာဏာတည်မြဲဖို့ကိုပဲအာရုံစိုက်နေရတယ်။ပြည်သူတွေရဲ့ဘဝဟာစားဖို့လဲပူရ၊ရာဇဝတ်မှုတွေကိုလဲကြောက်ရနဲ့အပူလုံးကြွနေပြီ။

Read moreDetails

နိုဝင်ဘာ ၃၀၊ ၂၀၂၁။ (အင်္ဂါ)

ဒီနေ့တော့သူငယ်ချင်းတွေစုပြီးထောက်ပို့applicationတွေကိုဖုန်းထဲထည့်ပြီးကလစ်ဖို့လုပ်ကြတယ်။ထောက်ပို့applicationကလောလောဆယ်သုံးလေးမျိုးလောက်တော့ရှိမယ်။အဓိကအားဖြင့်တော့ Click to Donate၊ ThaDin၊ Su Yandanar၊ Nway Oo Quiz စသဖြင့်ပေါ့။ ဘယ်လိုပဲနာမည်တွေကွဲပြားနေပါစေ၊သဘောတရားကတော့ကြော်ငြာတွေကြည့်ပြီးGoogleကနေပိုက်ဆံရှာတာပဲ။ရတဲ့ငွေတွေအကုန်Loca lPDFတွေဆီစီးဆင်းကြတယ်။အင်တာနက်ပေါ်မှာလူအများကြီးဝိုင်းလုပ်ရတာဆိုတော့တယောက်ချင်းစီအတွက်တာဝန်မကြီးဘူး၊ငွေမကုန်ဘူး။အခုဆိုရင်ကလစ်ကနေ တစ်လကိုစုစုပေါင်းပျှမ်းမျှသိန်းငါးထောင်ခန့်ထောက်ပံနိုင်နေပြီ။ ဒါပေမယ့်လဲအခုအချိန်ထိပုံမှန်ကလစ်ကြတဲ့သူတွေဟာတနိုင်ငံလုံးမှာလူဦးရေငါးသောင်းတောင်မပြည့်ဘူး။ဒီလောက်လွယ်တဲ့ကိစ္စကိုဘာလို့မပူးပေါင်းကြလဲဆိုတာစဥ်းစားလို့မရဘူး။ အနည်းဆုံးလူဦးရေတသိန်းလောက်ကကြိုးစားပေးကြရင်တစ်လသိန်းတစ်သောင်းဆိုတဲ့ပမာဏကမပြောပလောက်ပါဘူး။များများထောက်ပံနိုင်ရင်တော်လှန်ရေးကမြန်မြန်ပြီးနိုင်တယ်။

Read moreDetails

နိုဝင်ဘာ ၂၉၊ ၂၀၂၁။ (တနင်္လာ)

အမျိုးသားနေ့ကိုအမှီပြုပြီးစစ်ကောင်စီရဲ့ဒေါက်တိုင်စီးပွားရေးလုပ်ငန်းတွေကိုသပိတ်မှောက်ဖို့တနိုင်ငံလုံးမှာဆော်သြနေကြတယ်။ထိုကန်ပိန်းရဲ့အကျိုးဆက်အဖြစ်ရန်ကုန်မှာစစ်တပ်ပိုင်လိုင်းကားတွေမှာစီးနင်းသူတွေသိသိသာသာနည်းသွားတယ်။မြန်မာဘီယာကုမ္မဏီလဲအတော်အထိနာနေတယ်။ရောင်းအားလေးဆယ်ရာခိုင်နှုန်းလောက်ကျဆင်းသွားတယ်လို့သိရတယ်။ဖက်စပ်ပိုင်တဲ့ဂျပန်ကီရင်ကုမ္မဏီတောင်မြန်မာပြည်ကပြန်ထွက်ဖို့လုပ်နေပြီ။ မင်းအောင်လှိုင်ရှယ်ယာပါတဲ့မိုင်တဲဆက်သွယ်ရေးကုမ္မဏီလဲထိုနည်းလည်းကောင်းပဲ။တနိုင်ငံလုံးမှာမိုင်တဲတာဝါတိုင်နှစ်ရာနီးပါးဖျက်ဆီးခံလိုက်တော့ဆုံးရှုံးမှုကနည်းမှာမဟုတ်ဘူး။တခြားအထိနာနေတဲ့စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေလဲရှိသေးတယ်။ဒါပေမယ့်နိုင်ငံဘဏ္ဍာကိုအပိုင်စီးထားတဲ့သူတို့အတွက်သိပ်တော့သိသာမယ်မထင်ဘူး။

Read moreDetails

နိုဝင်ဘာ ၂၈၊ ၂၀၂၁။ (တနင်္ဂနွေ)

ဒီနေ့အာဏာသိမ်းတာရက်၃၀၀ပြည့်သွားပြီ။အပစ်မဲ့ပြည်သူ၁၂၉၅ဦးသတ်ဖြတ်ခံခဲ့ရပြီး၇၅၀၀ ကျော်ဖမ်းဆီးခံထားရတယ်။စစ်ကောင်စီရဖမ်းဆီးမယ့်သူကိုမတွေ့ရင်အိမ်မှာရှိသမျှလူအကုန်ဓားစာခံအဖြစ်ဖမ်းဆီးတယ်။တအိမ်လုံးလူမရှိရင်အိမ်ကိုချိတ်ပိတ်တယ်။အခုဆိုရင်ချိတ်ပိတ်ခံရတဲ့အိမ်ပေါင်းတစ်ရာကျော်သွားပြီ။တကယ့်ကိုတရားလက်လွှတ်ပြုမူနေကြတယ်။ ခုခံစစ်ပွဲတွေကြောင့်တနိုင်ငံလုံးမှာစစ်ရှောင်ပြည်သူတွေ၂၃၀၀၀၀ ကျော်တိုးလာပြီ။နယ်ဘက်ကပြည်သူတွေရဲ့အခြေအနေကပိုမိုဆိုးရွားနေတယ်။စစ်ဘေးရှောင်တွေကိုပေးမယ့်အကူအညီတွေကိုလဲစစ်သူပုန်တွေကနေရာတိုင်းမှာဖြတ်တောက်ထားတယ်။အခြေအနေတွေကရှေ့လျောက်ဒီထက်ပိုမိုဆိုးရွားလာဖို့ပဲရှိမယ်။

Read moreDetails

နိုဝင်ဘာ ၂၇၊ ၂၀၂၁။ (စနေ)

ချင်းပြည်နယ်ထန်တလန်မြို့လေးမှာဒီညမီးလောင်မှုတွေထပ်ပြီးဖြစ်ပွားနေတယ်။မြို့ခံလူထုတွေလုံးဝမရှိတော့ပဲစစ်သူပုန်တွေသာတပ်စွဲထားတဲ့နေရာမှာဒီမီးလောင်မှုတွေဟာဘယ်သူလက်ချက်လဲဆိုတာအသိသာကြီးပဲ။ထန်တလန်မှာမီးလောင်မှုတွေဖြစ်နေတာကိုးကြိမ်ခန့်ရှိနေပြီ။တမြို့လုံးလဲကုန်လောက်ပြီ။ဒါတောင်စစ်သူပုန်တွေကPDF တွေလက်ချက်ပါဆိုပြီးသူခိုးကလူလိုဟစ်ချင်နေသေးတယ်။ စစ်ကိုင်းတိုင်းအလယ်ပိုင်းဒီပဲယင်းမြို့နယ်မှာလဲညဘက်ကြီးရွာတွေကိုရဟတ်ယာဥ်တွေနဲ့ဝင်ပစ်နေလို့ဒေသခံဘေးလွှတ်ရာကိုညတွင်းချင်းပြေးနေရတယ်။စစ်သူပုန်တွေရဲ့ပစ်ခတ်မှုကြောင့်ရွာသား၁၈ဦးခန့်ပျောက်ဆုံးနေတယ်။သေလားရှင်လားမသိရသေးဘူး။စစ်တပ်ဟာကိုယ့်လူမျိုးကိုယ်ပြန်သတ်နေပြီ။

Read moreDetails

နိုဝင်ဘာ ၂၆၊ ၂၀၂၁။ (သောကြာ)

ရန်ကုန်မြို့ကနာမည်ကြီးစျေးဝယ်စင်တာတစ်ခုဖြစ်တဲ့မြန်မာပလာဇာမှာလူငယ်ငါးဦးခန့်ဆန္ဒပြပွဲလုပ်ကြတယ်။အဲ့ဒီမှာပလာဇာလုံခြုံရေးဝန်ထမ်းတွေကအတင်းထိုးကြိတ်ဖမ်းဆီးကြတယ်။ထိုသတင်းဟာလူထုကြားချက်ချင်းရောက်သွားပြီးမြန်မာပလာဇာကိုသပိတ်ဝိုင်းမှောက်ကြဖို့ဝိုင်းဝန်းဆော်သြကြတယ်။သိပ်မကြာခင်အချိန်အတွင်းမှာပဲမြန်မာပလာဇာကဆိုင်ခန်းတချို့ပိတ်သိမ်းကြောင်းကြေငြာချက်တွေဆိုရှယ်မီဒီယာတွေပေါ်တက်လာတယ်။ပလာဇာဘက်ကတောင်းပန်ကြောင်းပန်ကြားချက်ထွက်လာပေမယ့်မမှီတော့ဘူး။လူထုရဲ့boycottဟာချက်ချင်းအကျိုးသက်မှုရှိသွားတယ်။နောက်နေ့မှာတော့ပလာဇာတစ်ခုလုံးနီးပါးဆိုင်ခန်းတွေပိတ်ထားတာပြီးစျေးဝယ်သူတွေလဲမရှိသလောက်နည်းပါးသွားတယ်။ ဒီဖြစ်ရပ်ဟာရန်ကုန်မြို့နေလူထုတရပ်လုံးတော်လှန်ဘက်မှာအပြည့်အဝရပ်တည်နေဆဲပဲဆိုတာပြသလိုက်တာပဲ။လူတွေဟာလမ်းပေါ်ထွက်ဆန္ဒပြလို့မရတော့ပေမယ့်ကိုယ်နိုင်တဲ့တာဝန်ကိုတော့တတ်နိုင်သလောက်ထမ်းဆောင်နေကြတယ်။

Read moreDetails

နိုဝင်ဘာ ၂၅၊ ၂၀၂၁။ (ကြာသပတေး)

မြို့ကြီးတွေရဲ့ဆင်ခြေဖုံးမြို့နယ်တွေမှာWFPကဆန်အိတ်တွေဝေနေတယ်။မရှိဆင်းရဲသားတွေကိုအဓိကထားပြီးပေးဝေနေတာတွေ့ရတယ်။တအိမ်ထောင်ကိုဆန်တစ်အိတ်နှုန်းရပြီးWFPကဝန်ထမ်းတွေကိုယ်တိုင်အောက်ခြေထိစာရင်းလိုက်ကောက်တော့တကယ်မရှိတဲ့ပြည်သူတော်တော်များများရကြတာပေါ့။ဆန်ကတော့သိပ်မကောင်းဘူး။ ခုလိုအခြေအနေမျိုးနာဂစ်မုန်တိုင်းတိုက်တုန်းကတစ်ခါကြုံဖူးတယ်။အဲ့တုန်းကတော့နိုင်ငံတကာကပေးတဲ့အကူအညီတွေဟာအောက်ခြေထိရောက်မလာပဲသက်ဆိုင်ရာအာဏာပိုင်တွေကရောင်းစားပြီးအိတ်ထဲထည့်လိုက်ကြလေရဲ့။စစ်တပ်ရဲ့အကျင့်ဆိုးတွေကိုသိလို့အခုတော့INGOတွေဟာအောက်ခြေထိဖိဖိစီးစီးကိုင်တွယ်နေတဲ့သဘောပဲ။အလေအလွင့်မရှိပဲရသင့်ရထိုက်တဲ့သူတွေရသွားတာပေါ့။  

Read moreDetails

နိုဝင်ဘာ ၂၄၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

NUGရဲ့ငွေတိုက်စာချုပ်တွေနှစ်ရက်အတွင်းဒေါ်လာဆယ်သန်းနီးပါးရောင်းထွက်သွားတယ်။စင်ကာပူမှာဆိုမြန်မာတွေတိုးကြိတ်ဝယ်ယူနေကြလို့စင်ကာပူဘဏ်ကြီးတွေရဲ့Mobile Bankingစနစ်တွေယာယီပြုတ်ကျကုန်တယ်။စင်ကာပူကမြန်မာတွေဟာခေတ်အဆက်ဆက်တာဝန်ကျေကြတယ်။အရင်ရွှေးကောက်ပွဲတွေတုန်းကလဲအလုပ်ပျက်ခံ၊အအိပ်အပျက်ခံပြီးနိုင်ငံကောင်းစားရေးအတွက်NLDကိုမဲပေးခဲ့ကြတယ်။အခုတော်လှန်ရေးကာလမှာလဲသူတို့ရဲ့ချွေးနဲစာတွေကိုနိုင်ငံအတွက်တတ်နိုင်သမျှပေးဆပ်နေကြတယ်။သူတို့အားလုံးကိုဦးညွတ်ပါတယ်။ စစ်ကိုင်းတိုင်းမှာတော့မုံရွာမန္တလေးလမ်းမကြီးပေါ်ဒီမနက်တိုက်ပွဲဖြစ်နေလို့ခရီးသွားတွေရောက်တဲ့နေရာမှာရပ်နေကြဖို့PDFကသတင်းထုတ်ပြန်ထားတယ်။မုံရွာ-မန္တလေးလမ်းဆိုတာပြည်မမှာရန်ကုန်-မန္တလေးအမြန်လမ်းပြီးရင်အသုံးအများဆုံးလမ်းမကြီးတွေထဲကတစ်ခုပဲ။အခုအဲဒီနေရာတွေထိတောင်PDF တွေစိုးမိုးလာနေပြီလား။

Read moreDetails
Page 139 of 170 1 138 139 140 170

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist