အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၂၂၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာPDFတွေပါလာတဲ့ကားတစ်စီးကိုစစ်သူပုန်တွေခြုံခိုတိုက်ခိုက်လို့ကားပေါ်ပါသူ၁၂ယောက်ခန့်ကျဆုံးသွားပြီးလက်နက်တွေပါဆုံးရှုံးသွားတယ်။စစ်သူပုန်တွေကကားရှေ့တည့်တည့်ကလက်နက်ကြီးနဲ့ပစ်လို့ထိုမျှအကျအဆုံးများကုန်တာပဲ။ဒီကာလမှာPDFတွေဘက်ကတကြိမ်ထဲအကျအဆုံးအများဆုံးကဒီတခေါက်ဖြစ်မယ်ထင်တယ်။ထိုနယ်မြေဟာPDFစိုးမိုးနယ်မြေဖြစ်ပြီးစစ်သူပုန်တွေကအလစ်အငိုက်ချောင်းတိုက်တာဆိုတော့သတင်းပေါက်ကြားသွားတာလို့ယူဆရတယ်။ကိုယ့်လူတွေဖက်ကပေါ့ဆတာလဲပါတာပေါ့လေ။ တစ်ခုဖြေသာသွားတာကနေ့မကူးပဲစစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာစစ်သူပုန်အုပ်စုကိုPDFကအလစ်ချောင်းတိုက်လို့ရဲမှုးအပါအဝင်စစ်အုပ်စုဖက်က၁၃ယောက်ခန့်သေဆုံးသွားတယ်။လက်နက်တွေလဲရလိုက်တယ်။တိုက်ဆိုင်မှုလို့ဆိုပေမယ့်ကိုယ်တွေဘက်နစ်နာမှုပိုများတယ်။

Read moreDetails

ဇွန် ၂၁၊ ၂၀၂၂။ (အင်္ဂါ)

NUGကသတင်းစာရှင်းလင်းပွဲလုပ်တယ်။သူတို့ပြောသွားတာကတော့မကြာမှီမှာတော်လှန်ရေးကိုအရှိန်မြင့်မယ်တဲ့။အရှိန်မြင့်မယ်လို့ပြောနေတာတကယ်တော့ကြာနေပြီ။လက်တွေ့မှာအခုထိဖြစ်မလာသေးဘူး။စစ်ရေးအရှိန်မြင့်ပြီးခုခံစစ်ကနေတိုက်စစ်ပြောင်းမယ်ဆိုရင်တလကိုဒေါ်လာဆယ်သန်းခန့်လိုတယ်လို့ပြောသွားသေးတယ်။အခုလောလောဆယ်တော့ဘွန်းနဲ့မင်းအောင်လှိုင်အိမ်ရောင်းရငွေကနေ၄၅သန်းလောက်ရနေပြီ။သန်း၅၀တောင်မပြည့်သေးတဲ့ဒီပမာဏဟာစစ်ရေးမှာသုံးမယ်ဆိုရင်ဘာမှမပြောပလောက်ဘူး။ဒါကြောင့်လက်ရှိအချိန်မှာအဓိကကငွေပဲ။ NUGကနည်းလမ်းပေါင်းစုံနဲ့ရှာဖွေနေတယ်ဆိုပေမယ့်အဖျားရှူးရှူးသွားတယ်။ရံပုံငွေရှာဖွေရေးပရောဂျက်တစ်ခုလုပ်ပြီဆိုရင်အစပိုင်းမှာတက်ကြွပေမယ့်နောက်ပိုင်းမှာသွေးအေးသွားတယ်။အခုရပ်တန့်ထားရတဲ့နွေဦးထီကသက်သေပဲ။NUG PAY ဟာလဲဘယ်လောက်ထိဖြစ်လာမလဲမပြောတတ်သေးဘူး။အခုချိန်ထိလဲနိုင်ငံတကာကဘာစစ်ရေးအကူအညီမှမရသေးဘူး။ငွေအလုံအလောက်မရှိရင်တော့တော်လှန်ရေးဟာကြာလိမ့်ဦးမယ်။

Read moreDetails

ဇွန် ၂၀၊ ၂၀၂၂။ (တနင်္လာ)

NUG ကသူ့ရဲ့ကိုယ်ပိုင်ငွေကြေးစနစ်ဖြစ်လာမယ့်NUG PAYကို Launch လုပ်တော့မယ်လို့ကြေငြာလိုက်ပြီ။ NUG PAY ဟာဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုလဲဖြစ်လို့စစ်ကောင်စီကခြေရာခံလို့မရနိုင်ဘူး။NUG Pay အောင်မြင်ရင် တော်လှန်ရေးအောင်ဖို့ပိုမြန်မှာမို့ဝိုင်းပြီးသုံးဖို့လိုမယ်။ NUG Pay ရဲ့ ကြီးမားတဲ့အားသာချက်ကြီးတခုကတော်လှန်ရေးထောက်ပို့လမ်းကြောင်းတရားဝင်ပွင့်သွားပြီဖြစ်တယ်။အဓိကကတော့ပြည်တွင်းထဲပြည်သူတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းကြားမှာ လုံခြုံပြီးစိတ်ချရတဲ့ ငွေလမ်းကြောင်းတခုကို နည်းပညာသုံးပြီး ဖန်တီးလိုက်ပြီဖြစ်လို့ တော်လှန်ရေးထဲ...

Read moreDetails

ဇွန် ၁၉၊ ၂၀၂၂။ (တနင်္ဂနွေ)

ဒီနေ့ဟာပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တယ်။မနှစ်ကလိုပဲပြည်သူတွေဟာနေရာအနှံ့အပြားမှာသူမမွေးနေ့အတွက်ဆုတောင်းမှုတွေပြုလုပ်ပေးကြတယ်။အခုဆိုရင်သူမဟာအသက်၇၇နှစ်ရှိနေပြီးဖြစ်ပြီးသူမရဲ့အချိန်အများစုကိုထောင်ထဲမှာပဲကုန်ဆုံးနေရတယ်။အခုလဲစစ်ကောင်စီဟာလောလောလတ်လတ်သူမကိုထောင်ဒဏ်ဆယ်နှစ်ခန့်ချပြီးပြီ။မတရားရင်ဆိုင်နေရတဲ့နောက်ထပ်အမှုများစွာလဲကျန်သေးတယ်။ဒီအရေးတော်ပုံသာမအောင်မြင်ရင်သူမဟာကျန်ရှိနေတဲ့လူ့သက်တမ်းကိုထောင်ထဲမှာပဲကုန်ဆုံးသွားဖို့ရှိမယ်။ဒါကြောင့်အရေးတော်ပုံအမြန်အောင်မြင်အောင်ကြိုးစားကြရမယ်။  

Read moreDetails

ဇွန် ၁၈၊ ၂၀၂၂။ (စနေ)

မေလ ၁၀ ရက်နေ့က စစ်သူပုန်တွေဟာ စစ်ကိုင်းတိုင်း မုံတိုင်ပင်ရွာသား စုစုပေါင်း၂၈ ဦးကို သတ်ဖြတ်ကာ အလောင်းများကို အိမ်နှင့်အတူမီးရှို့သွားခဲ့တယ်လို့  RFA ကထုတ်လွင့်သွားတယ်။ ဘုန်းကြီးကျောင်းတစ်ခုဝင်းအတွင်း လူငယ်၊ လူကြီး အရပ်သား ၃၀ ခန့်ကို သုံးတန်းစုပြီး...

Read moreDetails

ဇွန် ၁၇၊ ၂၀၂၂။ (သောကြာ)

ကမ္ဘာဘဏ်ကလာမယ့်နှစ်တွေအတွက်မြန်မာ့စီးပွားရေးအခြေအနေကိုမခန့်မှန်းနိုင်တော့ဘူးလို့ထုတ်ပြန်လိုက်တယ်။ပြီးခဲ့တဲ့နှစ်ကမြန်မာ့စီးပွားရေးဟာ၁၈ရာခိုင်နှုန်းကျုံဝင်သွားခဲ့ပြီးဒီနှစ်မှာလဲပြန်ကောင်းလာဖို့လမ်းမမြင်ဘူး။အာဆီယံနိုင်ငံတွေအားလုံးကိုဗစ်အလွန်မှာစီးပွားရေးအတက်ပြနေပေမယ့်မြန်မာနိုင်ငံကတော့အနုတ်ဂဏန်းအောက်ထိုးဆင်းလျက်ပဲ။ထိုင်းနယ်စပ်မှာဆိုတရားမဝင်ရွှေ့ပြောင်းမြန်မာနိုင်ငံသားအလုပ်သမားတွေထောင်ချီဖမ်းဆီးနေရလို့ထောင်တွေတောင်မဆန့်တော့ဘူး။ပြည်တွင်းမှာလူတန်းစားပေါင်းစုံဟာဘာမှလုပ်ကိုင်စားသောက်လို့မှမရတော့ပဲ။စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အတွင်းမှာစီးပွားရေးဟာဗုံးဗုံးလဲပြိုဆင်းသွားပြီ။စစ်တပ်ကနိုင်ငံကိုအုပ်ချုပ်နေသ၍အဖတ်ဆယ်ဖို့ရလမ်းမမြင်ဘူး။

Read moreDetails

ဇွန် ၁၆၊ ၂၀၂၂။ (ကြာသပတေး)

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာစစ်တပ်ကCDMကျောင်းအုပ်၊သူနာပြုဆရာမ၊ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင်အရပ်သားပြည်သူငါးဦးကိုအရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားတယ်။သူတို့တွေဟာဘေးလွတ်ရာစစ်ဘေးရှောင်ရင်းစစ်သူပုန်စစ်ကြောင်းနဲ့တိုးပြီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်။တကယ်ဆိုသူတို့တွေဟာPDFပုံစံလဲပေါက်နေကြတာမဟုတ်ဘူး။အရပ်သားစစ်စစ်ဆိုတာသိသာနေတာပဲ။စစ်သူပုန်တွေဟာသူတို့အပြင်ရွာတွေကိုမီးတိုက်ရင်မပြေးနိုင်ပဲရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေပါမကျန်၊အိမ်မွေးတိရိစ္ဆာန်တွေပါမကျန်နေရာစုံမှာမီးရှို့သတ်ဖြတ်လေ့ရှိတယ်။ အခုဆိုရင်ဖျက်စီးခံလိုက်ရတဲ့ရွာတွေကအရွယ်ကောင်းလူငယ်တွေအကုန်PDFတွေဖြစ်ကုန်ပြီ။ဖက်ဆစ်စစ်တပ်ကိုနာကျည်းမှုတွေကအဆုံးစွန်ထိရောက်နေပြီ။စစ်တပ်အနေနဲ့ဒီလိုပြည်သူတွေကိုထိန်းနိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။

Read moreDetails

ဇွန် ၁၅၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

စစ်ကောင်စီကလက်နက်ချဖို့ဖိတ်ခေါ်နေပေမယ့်တကယ်တန်းလက်နက်ချအလင်းဝင်နေတာသူတို့တပ်သားတွေပဲ။ရခိုင်မှာစစ်ကောင်စီတပ်သားရာနဲ့ချီပြီးထွက်ပြေးလာတယ်လို့ရခိုင်လက်နက်ကိုင်အဖွဲ့အေအေကသတင်းစာရှင်းလင်းပွဲမှာပြောသွားတယ်။လောလောဆယ်မှာစစ်တပ်ဒုခေါင်းဆောင်စိုးဝင်းရောက်နေပြီးရခိုင်ကိုစစ်မျက်နှာသစ်ဖွင့်ဖို့ပြင်ဆင်နေတယ်။သူရောက်လာရင်တော့သေချာသလောက်ပဲ။ကရင်နဲ့ကယားတုန်းကလဲသူသွားပြီးနောက်တိုက်ပွဲတွေပြင်းထန်လာတာပဲလေ။ဘယ်လိုပဲဖြစ်ဖြစ်ရခိုင်မှာစစ်မျက်နှာသစ်ထပ်ဖွင့်ရင်တော့စစ်တပ်အတွက်အရှုံးကြီးပဲ။ပိုပြီးစစ်ပန်းလာလိမ့်မယ်။ အခုတောင်ကရင်ပြည်နယ်မြဝတီမြို့အဝင်ကရဲစခန်းတစ်ခုတိုက်ခိုက်သိမ်းပိုက်ခံရတယ်။စခန်းမှုးကိုပါအရှင်မိတယ်။ကယားမှာလဲတပ်အချိန်းအပြောင်းလုပ်တဲ့စစ်ကြောင်းအတိုက်ခိုက်ခံရပြီးလက်နက်ခဲယမ်းများစွာရရှိလိုက်တယ်။စစ်တပ်ဟာကရင်နဲ့ကယားမှာလက်နက်တွေအလှူပေးနေတာတော်တော်များနေပြီ။  

Read moreDetails

ဇွန် ၁၄၊ ၂၀၂၂။ (အင်္ဂါ)

စစ်ကောင်စီကPDFတွေအလင်းဝင်ရင်အ‌ရေးမယူပဲကြိုဆိုမယ်လို့ကြေငြာလိုက်တယ်။နောက်နေ့မှာပဲPDFတွေလက်နက်အပ်အလင်းဝင်တဲ့သတင်းတွေထုတ်ပြန်တယ်။တောထဲကPDFတွေတကယ်အလင်းဝင်မယ်ဆိုရင်တောင်အဲ့လောက်မမြန်ဘူး။ပြီးတော့သတင်းထဲမှာပါလာတဲ့သူတွေကအိုကြီးအိုမတွေချည်းပဲ။စစ်ကောင်စီဟာဆိုက်ဝါးတွေနဲ့သတင်းအတုတွေဖန်တီးချင်ပေမယ့်ခေါင်းမရှိရှာဘူး။သူတို့ရဲ့ကြေငြာချက်ဟာသူတို့အားနည်းနေတာကိုဖုန်းကွယ်ချင်လို့ဖြစ်သလိုတော်လှန်ရေးဘက်တော်သားတွေကိုသွေးခွဲချင်တာလဲပါမယ်။အာဆီယံနိုင်ငံတွေနဲ့တွေ့ဆုံနေတဲ့အမေရိကန်နိုင်ငံခြားရေးအတွင်းဝန်တောင်စစ်တပ်ဟာပြည်တွင်းကလက်နက်ကိုင်တွေကိုမနိုင်တော့ဘူးလို့သုံးသပ်လိုက်ပြီ။ဒါဟာအမှန်တရားပဲ။ဒါပေမယ့်သူမနိုင်၊ကိုယ်မနိုင်အခြေအနေကြီးနဲ့ဇာတ်မြောနေမှာစိုးတယ်။  

Read moreDetails

ဇွန် ၁၃၊ ၂၀၂၂။ (တနင်္လာ)

ကိုဂျင်မီနှင့်ကိုဇေယျာသော်တို့ကိုသေဒဏ်ချမှတ်ထားတဲ့အမိန့်ကိုပြန်စဉ်းစားဖို့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဟွန်ဆန်ကမေတ္တာရပ်ခံထားတယ်။စာ၏အဓိပ္ပာယ်လိုတိုရှင်းမှာ"ဒီလိုရုပ်ပျက်ဆင်းပျက်တွေဖြစ်နေရင်ငါလဲမင်းဘက်ကပြောပေးရခက်တယ်"ဆိုတဲ့အဓိပ္ပာယ်သာဖြစ်တယ်။ဒါပေမယ့်လဲစစ်ကောင်စီကိုဒါကိုပယ်ချလိုက်တယ်။စစ်ကောင်စီဟာနိုင်ငံတကာဖိအားကိုအခုထိလုံးဝဂရုမစိုက်ဘူးဆိုတဲ့သဘောပဲ။ဒါဟာလဲသူ့အလွန်မဟုတ်ဘူး။နိုင်ငံတကာကလဲနေ့စဉ်မီးရှို့ခံနေရသော၊သတ်ဖြတ်ခံနေရသောမြန်မာပြည်သူတွေအတွက်သူ့ကိုဘာအ‌ရေးယူမှုမှမရှိတာကိုး။အဲ့ဒီတော့သူလုပ်ချင်တာလုပ်နေတော့တာပဲ။နောက်ပိုင်းမှာတော့ဘယ်လိုဖိအားတွေပေးလာမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပဲ။ ထင်ရာစိုင်းနေတဲ့စစ်ကောင်စီဟာတောရွာတွေသာမကပဲမြို့ကြီးတွေမှာပါအိမ်ကြီးအိမ်ကောင်းတွေကိုဖျက်စီးနေတယ်။မန္တလေးမြို့ဆင်ခြေဖုံးမြို့နယ်တွေကဂရမ်မရှိတဲ့အိမ်မှန်သမျှအကြောင်းပြချက်မရှိဘူဒိုဇာနဲ့ဖြိုချဖျက်စီးနေတာအတော်များနေပြီ။မြစ်ငယ်မှာဆိုဟိုတခေါက်ထဲကရပ်ကွက်တစ်ခုလုံးကုန်သွားပြီ။အခုထိကိုတခြားဆင်ခြေဖုံးရပ်ကွက်တွေမှာဖျက်စီးမှုတွေဆက်တိုက်ပြုလုပ်နေတယ်။

Read moreDetails
Page 127 of 178 1 126 127 128 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist