ကိုဂျင်မီနှင့်ကိုဇေယျာသော်တို့ကိုသေဒဏ်ချမှတ်ထားတဲ့အမိန့်ကိုပြန်စဉ်းစားဖို့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဟွန်ဆန်ကမေတ္တာရပ်ခံထားတယ်။စာ၏အဓိပ္ပာယ်လိုတိုရှင်းမှာ”ဒီလိုရုပ်ပျက်ဆင်းပျက်တွေဖြစ်နေရင်ငါလဲမင်းဘက်ကပြောပေးရခက်တယ်”ဆိုတဲ့အဓိပ္ပာယ်သာဖြစ်တယ်။ဒါပေမယ့်လဲစစ်ကောင်စီကိုဒါကိုပယ်ချလိုက်တယ်။စစ်ကောင်စီဟာနိုင်ငံတကာဖိအားကိုအခုထိလုံးဝဂရုမစိုက်ဘူးဆိုတဲ့သဘောပဲ။ဒါဟာလဲသူ့အလွန်မဟုတ်ဘူး။နိုင်ငံတကာကလဲနေ့စဉ်မီးရှို့ခံနေရသော၊သတ်ဖြတ်ခံနေရသောမြန်မာပြည်သူတွေအတွက်သူ့ကိုဘာအရေးယူမှုမှမရှိတာကိုး။အဲ့ဒီတော့သူလုပ်ချင်တာလုပ်နေတော့တာပဲ။နောက်ပိုင်းမှာတော့ဘယ်လိုဖိအားတွေပေးလာမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပဲ။
ထင်ရာစိုင်းနေတဲ့စစ်ကောင်စီဟာတောရွာတွေသာမကပဲမြို့ကြီးတွေမှာပါအိမ်ကြီးအိမ်ကောင်းတွေကိုဖျက်စီးနေတယ်။မန္တလေးမြို့ဆင်ခြေဖုံးမြို့နယ်တွေကဂရမ်မရှိတဲ့အိမ်မှန်သမျှအကြောင်းပြချက်မရှိဘူဒိုဇာနဲ့ဖြိုချဖျက်စီးနေတာအတော်များနေပြီ။မြစ်ငယ်မှာဆိုဟိုတခေါက်ထဲကရပ်ကွက်တစ်ခုလုံးကုန်သွားပြီ။အခုထိကိုတခြားဆင်ခြေဖုံးရပ်ကွက်တွေမှာဖျက်စီးမှုတွေဆက်တိုက်ပြုလုပ်နေတယ်။