အာဏာသိမ်း ဒိုင်ယာရီ

ဧပြီ ၁၈၊ ၂၀၂၂။ (တနင်္လာ)

မနေ့ကမုံရွာမြို့ပေါ်ကလမ်းမကြီးမှာPDFတွေအစောင့်အရှောက်နဲ့သပိတ်ပွဲကျင်းပသွားတယ်။ဒါမျိုးကအရင်ရွာတွေဘက်မှာပဲလုပ်ကြတာ။အခုမုံရွာလိုမြို့ကြီးပေါ်ရောက်လာပြီ။မုံရွာဆိုတာကလဲအခုဆိုရင်PDFတွေပတ်ချာလည်ဝိုင်းထားတဲ့မြို့ဖြစ်နေပြီ။မြို့နေလူထုကလဲညီကြတယ်။မြို့ပေါ်ကစစ်တပ်ရဲ့တိုင်းဌာနချုပ်ဆိုရင်မကြာမကြာလက်နက်ကြီးနဲ့အပစ်ခံနေရတယ်။ မနေ့ကသပိတ်ပွဲပြီးလို့လူစုခွဲအပြီးမှာPDFငါးယောက်ဒလန်သတင်းပေးမှုကြောင့်အသတ်ခံလိုက်တယ်။သပိတ်ပွဲကအောင်မြင်ပေမယ့်ပေးဆပ်မှုကတော့ကြီးမားသွားတယ်။ မန္တလေးမှာလဲမြို့ပြပျောက်ကျားအဖွဲ့ဝင်တချို့အဖမ်းခံလိုက်တယ်။မန္တလေးမြို့ဟာမြို့ပုံစံကြောင့်တခြားမြို့တွေနဲ့မတူပဲUGတွေလှုပ်ရှားရတာတကယ်မလွယ်ပါဘူး။မြို့ကြီးတွေပေါ်ကUGတွေဘဝကတော့ဒီလိုပဲပိန်လိုက်ဖောင်းလိုက်ပါပဲ။

Read moreDetails

ဧပြီ ၁၇၊ ၂၀၂၂။ (တနင်္ဂနွေ)

ကိုဗစ်ကြောင့်ချမှတ်ထားတဲ့လူစုလူဝေးကန့်သတ်ချက်ကိုစစ်ကောင်စီကပယ်ဖျက်လိုက်ပြီးဒီနေ့နှစ်ဆန်းတရက်နေ့မှာတနိုင်ငံလုံးကရုပ်ရှင်ရုံတွေပြန်ဖွင့်စေတယ်။နိုင်ငံရေးမလုပ်တဲ့အနုပညာရှင်တွေနဲ့လွတ်ငြိမ်းနဲ့ပြန်လွတ်လာတဲ့အနုပညာရှင်တွေရဲ့ဇာတ်ကားတွေကိုအဓိကထားပြသခိုင်းထားတယ်။ဒါပေမယ့်ကြည့်မယ့်ပရိသတ်တော့မရှိဘူး။စစ်ကောင်စီဟာပုံမှန်အခြေအနေပြန်ရောက်နေကြောင်းအတင်းလုပ်ယူနေတဲ့အတွက်လူထုကလဲစစ်ကောင်စီလုပ်သမျှအရာအားလုံးကိုသပိတ်မှောက်လျက်ရှိတယ်။ရုပ်ရှင်ရုံပိုင်ရှင်တွေ၊ဇာတ်ကားထုတ်လုပ်သူတွေလဲအကြပ်အတည်းဆိုက်နေတယ်။ရုံတွေကိုအတင်းအကြပ်ပြန်ဖွင့်စေပြီးလျှပ်စစ်မီးကိုတော့လုံလုံလောက်လောက်မပေးနိုင်၊ပရိသတ်လဲမရှိတဲ့အတွက်တင်သမျှဇာတ်ကားတိုင်းအရှုံးပေါ်မှာပဲ။သူတို့လဲကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး။စစ်ကောင်စီအတွက်ကတော့လုပ်သမျှအရာအားလုံးအရှုံးကြီးရှုံးလျက်ရှိတယ်။

Read moreDetails

ဧပြီ ၁၆၊ ၂၀၂၂။ (စနေ)

NUGကာကွယ်ရေးဝန်ကြီးPDFစခန်းတနေရာမှာရှိနေတဲ့ပုံတွေထုတ်ပြန်လိုက်တယ်။ကာဝန်ကရှေ့တန်းမှာလူလုံးထွက်ပြတဲ့သဘောပေါ့။အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့လက်အောက်ကစစ်သားတွေကိုသာအသေခံထိုးကျွေးနေပြီးလူလုံးပြဖို့နေနေသာသာခရီးစဉ်တွေတောင်သိပ်မထွက်ရဲဘူး။စစ်သားတွေအတွက်တွေးတတ်ရင်နာဖို့ကောင်းတယ်။ NUGကထုတ်ပြန်ချက်ထဲမှာတနိုင်ငံလုံးဧရိယာရဲ့၃၀%ကိုEAOတွေကထိန်းချုပ်ထားပြီး၁၅%ကိုတော့PDFထိန်းချုပ်နိုင်ပြီလို့ဆိုတယ်။စုစုပေါင်းနိုင်ငံတဝက်လောက်ကိုထိန်းချုပ်ထားနိုင်တဲ့သဘောပေါ့။မကြာမီမှာခံစစ်ကတိုက်စစ်ကိုကူးပြောင်းတော့မယ်တဲ့။စစ်ပွဲဟာပိုမိုပြင်းထန်လာတော့မယ်။

Read moreDetails

ဧပြီ ၁၅၊ ၂၀၂၂။ (သောကြာ)

သင်္ကြန်အကြတ်နေ့မှာတော့ပတ်ဝန်းကျင်ကိုစက်ဘီးလေးတစီးနဲ့လျှောက်ကြည့်ဖြစ်တယ်။ရပ်ကွက်ထဲမှာကလေးတချို့ကလွဲပြီးရေကစားသူမရှိဘူး။ခါတိုင်းတွေ့နေကျအုန်းလက်မဏ္ဏပ်လေးတွေတောင်မတွေ့ပဲခြောက်ကပ်လျက်ရှိတယ်။ရပ်ကွက်ထဲတင်လားဆိုရင်တောမဟုတ်။တမြို့လုံး၊တနိုင်ငံလုံးမြို့ကြီးမြို့ငယ်အသွယ်သွယ်မှာတိတ်ဆိတ်ငြိမ်သက်လို့ပေါ့။ရပ်ကွက်ထဲမှာတချို့ကတော့ရိုးရာမပျက်စတုဒီသာကျွေးကြတယ်။ဒီလိုကြပ်တည်းနေတဲ့အချိန်ကြီးမှာအလှူလုပ်ကြတာချီးကျူးဖို့ကောင်းတယ်။စက်ဘီးလေးနဲ့ရောက်တက်ရာရာလျောက်သွားခဲ့ပေမယ့်ဒီသကြန်မှာတော့ရေမစိုခဲ့ပါဘူး။

Read moreDetails

ဧပြီ ၁၄၊ ၂၀၂၂။ (ကြာသပတေး)

တိုင်းပြည်ဟာပုံမှန်အခြေအနေပြန်ရောက်နေကြောင်းပြချင်ဇောနဲ့စစ်ကောင်စီဟာသင်္ကြန်ကိုစည်ကားသယောင်အတင်းအကြပ်လုပ်ဆောင်နေတယ်။ဒါပေမယ့်ပထမဆုံးနေ့မှာတင်သူတို့ကျရှုံးခဲ့တယ်။ ရန်ကုန်မြို့တော်ခန်းမရှေ့ကမဏ္ဌပ်မှာကားခြောက်စီးလောက်နဲ့ရေပတ်ခံထွက်နေသယောင်ဟန်ပြနေပေမယ့်လဲဘယ်ပြည်သူမှသူတို့စီစဉ်ထားတဲ့မဏ္ဌပ်ရှေ့ကိုရောက်မလာကြဘူး။မန်တလေးမှာဆိုလဲကျုံးပတ်လည်မှာလှေတွေနဲ့ရေသဘင်ပွဲဆိုပြီးကျင်းပတယ်။ဒါပေမယ့်ကျုံးပတ်လည်လမ်းမကြီးတွေကိုပိတ်ထားတော့သူတို့လူတွေကလွဲပြီးဘယ်သူမှမရှိကြဘူး။စစ်ကောင်စီအခြေစိုက်ရာနေပြည်တော်မှာဆိုလဲခြောက်ကပ်နေတယ်။NonCDMဝန်ထမ်းတွေကတော့အနားမရပဲစစ်ကောင်စီအလိုကျသင်္ကြန်ပွဲတော်ကိုဆင်နွဲပေးနေကြရတယ်။တနိုင်ငံလုံးကပြည်သူအများစုအတွက်ကတော့ဒီနှစ်သကြန်ဟာတော်လှန်သင်္ကြန်ပဲ။

Read moreDetails

ဧပြီ ၁၃၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

သင်္ကြန်ကျလာပြန်ပြီပေါ့။ဒီနေ့ဟာသင်္ကြန်အကြိုနေ့။မြန်မာပြည်သူတွေအတွက်တော့သင်္ကြန်ကိုလွတ်လွတ်လပ်လပ်မပျော်ရတာသုံးနှစ်ဆက်တိုက်ရှိနေပြီ။၂၀၂၀က Covid၊ ၂၀၂၁က Coup၊ အခု၂၀၂၂မှာတော့တနိုင်ငံလုံး Civil War ဖြစ်နေတယ်။ ကိုယ့်အတွက်လဲဒီနှစ်သင်္ကြန်မှာဘာအစီအစဉ်ှမရှိဘူး။တချို့တွေကဒီရုံးပိတ်ရက်တွေကိုခရီးတွေထွက်ကြပေမယ့်အပျော်တွေလုပ်ဖို့စိတ်မလုံဘူး။နယ်ဘက်တွေမှာ၊တောထဲမှာပြည်သူတွေအသက်အိုးအိမ်စည်းစိမ်တွေနေ့စဉ်နဲ့အမျှဆုံးရှုံးနေတယ်။အပျော်တွေလုပ်မယ့်အစားသူတို့ကိုသာတတ်နိုင်သမျှကူညီပေးလိုက်ချင်တယ်။ဒီသင်္ကြန်လေးရက်တော့အိမ်မှာပဲနေဖြစ်လိမ့်မယ်။

Read moreDetails

ဧပြီ ၁၂၊ ၂၀၂၂။ (အင်္ဂါ)

အခုဧပြီလအစမှာတော်လှန်ရေးအဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေသိသိသာသာများလာတယ်။ကယား၊ကရင်၊စစ်ကိုင်း၊မကွေး၊မြိုပြတွေအပါအဝင်တနိုင်ငံလုံးနေရာအစုံပဲ။ပိုပြီးအားရစရာကောင်းတာကအရင်လိုမိုင်းထောင်ပစ်ပြေးမဟုတ်တော့ပဲစစ်ကောင်စီတပ်စခန်းတွေကိုထိထိရောက်ရောက်ဝင်ရောက်တိုက်ခိုက်လာနိုင်တယ်။ပင်လည်ဘူးမှာဆိုမြို့ကိုသိမ်းနိုင်တဲ့အဆင့်ဖြစ်လာပြီးလေကြောင်းပစ်ကူဒဏ်ကြောင့်သာပြန်လည်ဆုတ်ခွာပေးလိုက်ရတာ။ကန့်ဘလူမှာလဲရဲစခန်းတစ်ခုကိုဝင်ရောက်သိမ်းပိုက်နိုင်သေးတယ်။ပြီးတော့ဒီလထဲဖြစ်ပွားတဲ့တိုက်ပွဲတော်တော်များများမှာစစ်သူပုန်တွေဘက်ကလက်နက်ခဲယမ်းတွေပါသိမ်းဆည်းလိုက်နိုင်တယ်။လက်နက်ခဲယမ်းချို့တဲ့နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအတွက်တော့ဒါဟာအားဖြစ်စေတယ်။အရင်ကလှုပ်ရှားမှုသိပ်မရှိခဲ့တဲ့ပဲခူးတိုင်းထဲမှာလဲပျောက်ကြားတိုက်ခိုက်မှုတွေခပ်စိပ်စိပ်ဖြစ်ပေါ်လာတယ်။မြို့ကြီးတွေပေါ်မှာလဲတအုံးအုံး၊တဂျိန်းဂျိန်းပဲ။တနိုင်ငံလုံးစစ်ရေးလှုပ်ရှားမှုမရှိတဲ့နေရာမကျန်သလောက်ပဲ။သကြန်ပြီးရင်ဒီထက်ပိုပြီးအရှိန်ကောင်းလာမယ်ထင်တယ်။

Read moreDetails

ဧပြီ ၁၁၊ ၂၀၂၂။ (တနင်္လာ)

မကွေးတိုင်း၊ပေါက်မြို့နယ်မှာပြီးခဲ့တဲ့အပတ်ကစစ်ကောင်စီလက်နက်ထုတ်လုပ်ရေးစက်ရုံကိုပို့မယ့်လက်နက်ကုန်ကြမ်းတွေတင်ဆောင်လာတဲ့တွဲကားသုံးစီးကိုPDFတွေကဖမ်းဆီးလိုက်နိုင်တယ်။တွဲကားတွေနဲ့အတူပါလာတဲ့စစ်သူပုန်၇ယောက်ကိုလဲအရှင်ရလိုက်တယ်။ထိုကိစ္စဟာစစ်ကောင်စီအတွက်ကြီးစွာသောအရှက်ရမှုကိုဖြစ်စေပြီးစစ်တပ်ဟာပါသွားတဲ့ပစ္စည်းတွေနဲ့လူတွေကိုပြန်ရဖို့ချက်ချင်းတောနင်းရှာဖွေတယ်။ထုံးစံအတိုင်းထိုဒေသတဝိုက်ကမဆိုင်တဲ့ရွာတွေကိုမီးရှို့ဖျက်စီးနေတာအခုဆိုရင်ရွာပေါင်းဆယ်ရွာခန့်မီးရှို့ခံလိုက်ရတယ်။တချို့ရွာတွေမှာဆိုရွာသားတွေပါအရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရတယ်။ဒေသခံ PDFတွေကလဲအစွမ်းကုန်ခုခံကာကွယ်နေတယ်။တွဲကားတွေပေါ်ကလက်နက်ကုန်ကြမ်းတွေကိုတော့PDF တွေကအစဖျောက်လိုက်ပြီ။ ရန်ကုန်မှာဗဟိုဘဏ်ဒုဥက္ကဌလုပ်ကြံခံလိုက်ရတဲ့ပျံလွှားအောင်စစ်ဆင်ရေးအဆုံးသတ်အပြီးမှာနောက်တဆင့်ဖြစ်တဲ့နန်းထိုက်အောင်စစ်ဆင်ရေးကိုစတင်လိုက်တယ်။အစမှာပဲလမ်းမတော်မြို့နယ်ကစစ်ဘက်ဆိုင်ရာအရာရှိဗိုလ်မှူးတယောက်စျေးဦးပေါက်သွားပြီ။မြို့တော်ခန်းမရှေ့ကစစ်ကောင်စီရဲ့ရေကစားမဏ္ဌပ်လဲဖောက်ခွဲခံလိုက်ရတယ်။နန်းထိုက်အောင်စစ်ဆင်ရေးဟာမြန်မာပြည်အောက်ပိုင်းတစ်ခုလုံးကမြို့ပြပျောက်ကြားစစ်ဆင်ရေးလို့ NUG ကကြေငြာထားတယ်။

Read moreDetails

ဧပြီ ၁၀၊ ၂၀၂၂။ (တနင်္ဂနွေ)

ကရင်ပြည်နယ်၊လေးကေကော်မှာဒီနေ့တနေကုန်တိုက်ပွဲတွေပြင်းထန်နေတယ်။စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကိုKNUနဲ့ပူးပေါင်းအဖွဲ့တွေခုခံတိုက်ခိုက်ရာမှာစစ်ကြောင်းတစ်ခုလုံးပြုတ်ပြီးတပ်ရင်းမှုးအပါအဝင်စစ်သူပုန်လေးဆယ်ကျော်သေဆုံးသွားတယ်။ဒုတပ်ရင်းမှုးတစ်ဦးကိုအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းများစွာရလိုက်တယ်။ ဒါတောင်ဒီနေ့တနေကုန်စစ်တပ်ဖက်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်နှစ်ဆယ်ကျော်နဲ့တိုက်ခိုက်ခဲ့တာပါ။ကြဲချလိုက်တဲ့ဗုံးတွေထဲမှာဓာတုဗုံးတွေပါလာတယ်။မြေပြင်ကပူးပေါင်းတပ်ဖွဲ့ဝင်တချို့ကအဝါရောင်အငွေ့တွေရှူမိပြီးမူးဝေအော့အန်ကုန်တယ်။စစ်ကောင်စီဟာဓာတုလက်နက်တွေသုံးနေပြီလား။ အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ပိတ်မိနေတဲ့စစ်ကြောင်းတစ်ခုလုံးလက်နက်ချအလင်းဝင်သွားမှာစိုးလို့ကိုယ့်တပ်ကိုကိုယ်ဗုံးကြဲသွားတယ်လို့လဲကြားတယ်။  စစ်ကောင်စီတပ်တွေဟာEAO တွေနဲ့ရင်ဆိုင်တိုက်ပွဲဖြစ်တိုင်းမရှုမလှရှုံးနိမ့်လျက်ရှိတယ်။  

Read moreDetails

ဧပြီ ၀၉၊ ၂၀၂၂။ (စနေ)

ရန်ကုန်မြို့အထွက်အဝေးပြေးလမ်းမကြီးတွေပေါ်မှာယာဥ်ကြောပိတ်ဆို့မှုတွေဆိုးရွားစွာဖြစ်ပေါ်နေတယ်။သကြန်ရုံးပိတ်တွေစပြီမို့တချို့တွေကနေရပ်ပြန်ကြပြီးတချို့တွေကတော့အပျော်ခရီးထွက်ကြတယ်။တောထဲမှာလူငယ်လေးတွေအသက်ပေးပြီးတော်လှန်ရေးအတွက်တိုက်ပွဲဝင်နေကြပေမယ့်တချို့မြို့နေလူတန်းစားတစ်စုကယခုအချိန်ထိကိုယ်နဲ့မဆိုင်သလိုနေထိုင်ကြဆဲပဲ။ဒီရက်တွေဆိုကမ်းခြေတွေကဟိုတယ်တွေမှာဘိုကင်တွေပြည့်နေပြီ။ရန်ကုန်နဲ့မန္တလေးကနာမည်ကြီးဘားတွေကလပ်တွေမှာလဲပျော်ပါးသောင်းကျန်းနေကြတဲ့သူတွေများလာလို့တော်လှန်ရေးအဖွဲ့တွေကဒီရက်ပိုင်းဆက်တိုက်ဖောက်ခွဲသတိပေးနေရတယ်။ထိုလူတန်းစားတွေအနေနဲ့အပျော်အပါးနည်းနည်းလျော့ပြီးတော်လှန်ရေးကိုသာထောက်ပံပေးမယ်ဆိုရင်အခုထပ်အများကြီးခရီးရောက်နေပြီ။စစ်အာဏာသိမ်းမှုမှာလွတ်မြောက်ကျန်ခဲ့မယ့်သူမရှိဘူးဆိုတာဒီအချိန်မှာသိဖို့ကောင်းနေပြီ။

Read moreDetails
Page 125 of 169 1 124 125 126 169

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist