အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၁၊ ၂၀၂၂။ (တနင်္ဂနွေ)

ဒီနေ့အလုပ်သမားနေ့မှာFood Panda က rider လေးတွေဆန္ဒပြကြတယ်။ကုမ္မဏီကထိုက်သင့်တဲ့လမ်းကြောင်းကြေးတွေကိုမပေးပဲလျာ့ချထားတယ်။အရင်လတွေထဲကတောင်းဆိုနေတာအခုထိမရသေးဘူး။ဒီလိုနွေရာသီပူပြင်းတဲ့နေရောင်အောက်မှာအလုပ်လုပ်ရတဲ့သူတို့ဘဝတွေဟာလမ်းမှာစစ်ကောင်စီတပ်သားတွေရဲ့အန္တရာယ်ကိုလဲရှောင်ရှားရသေးတယ်။ အလားတူပဲစက်မှုဇုံတွေကစက်ရုံအလုပ်သမလေးတွေဟာအလုပ်ရှင်တွေရဲ့ခေါင်းပုံဖြတ်မှုကိုခါးစည်းခံနေရတယ်။ဒီကာလမှာဘယ်ကိုမှလဲတိုင်လို့မရတော့ဘူး။ထိန်းညှိအရေးယူပေးမယ့်အစိုးရကောင်းတရပ်မရှိတော့ဘူး။သူတို့လိုအခြေခံအလုပ်သမားတွေဟာဒုက္ခပေါင်းစုံကြားမှာရုန်းကန်နေရတယ်။  

Read moreDetails

ဧပြီ ၃၀၊ ၂၀၂၂။ (စနေ)

ပြီးခဲ့တဲရက်ကမန္တလေးကနေစစ်ကိုင်းမုံရွာဘက်ကိုစစ်ကား၁၅၀ကျော်တက်သွားတယ်။အဲ့လောက်တပ်အင်အားအများအပြားထပ်မံဖြည့်တင်းခြင်းဟာစစ်ကိုင်းတိုင်းတခွင်ကိုတတိယအကြိမ်ထိုးစစ်ဆင်ဖို့လို့သုံးသပ်ကြတယ်။တချို့ကားတွေကမုံရွာမြို့ထဲဝင်သွားပြီးအတော်များများကတော့အထက်ပိုင်းဒေသတွေဖြစ်တဲ့ရေဦး၊တန့်ဆည်၊ဒီပဲယင်း၊ရွှေဘိုမြို့တွေဘက်ကိုတက်သွားကြတယ်။ထိုယာဥ်တန်းဟာမုံရွာမဝင်ခင်ချောင်းဦးမှာကတည်းကမိုင်းတွဲတိုက်ခိုက်ခံလိုက်ရတယ်။အခုဆိုရင်ထိုအထက်ပိုင်းဒေသတွေမှာစစ်သူပုန်ယာဉ်တန်းကိုမြိုင်မြိုင်ဆိုင်ဆိုင်ခုခံတိုက်ခိုက်နေကြတယ်။စစ်သူပုန်တွေကတော့သူတို့အထိနာတိုင်းထုံးစံအတိုင်းတစ်ရွာဝင်တစ်ရွာထွက်မီးရှို့လူသတ်နေကြတယ်။စစ်ကောင်စီဟာစစ်ကိုင်းတိုင်းကိုမိုးမကျခင်တလအတွင်းမှာထိန်းနိုင်ဖို့အသည်းအသန်ကြိုးစားနေတယ်။မိုးကျလာရင်သူတို့အားထားရတဲ့လေကြောင်းပစ်ကူကအခုလောက်မလွယ်တော့ဘူးလေ။သူတို့ဘယ်လိုပဲကြိုးစားပါစေ၊စစ်ကိုင်း၊မကွေးအပါအဝင်ရရာလက်နက်ကိုင်တော်လှန်နေတဲ့ဒေသတွေကိုထိန်းချုပ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ပါဘူးလေ။

Read moreDetails

ဧပြီ ၂၉၊ ၂၀၂၂။ (သောကြာ)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်နဲ့မကွေးတိုင်း၊ရေစကြိုမြို့နယ်တွေကရဲစခန်းတွေတစ်နေ့ထဲတိုက်ခိုက်ခံလိုက်ရတယ်။ထိုမြို့နယ်နှစ်ခုဟာနယ်မြေအနေအထားအရသိပ်မဝေးလှဘူး။ဒေသခံPDF အဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်တာဖြစ်တယ်။စခန်းတွေကိုရခါနီးမှာစစ်သူပုန်တွေဘက်ကစစ်ကူတွေရောက်လာလို့ပြန်ဆုတ်ပေးလိုက်ရပေမယ့်စခန်းထဲကစစ်သူပုန်တွေအထိခိုက်အကျဆုံးများတယ်။အခုဆိုရင်ထိုဒေသကရဲစခန်းတွေဟာဘန်ကာတွေ၊ဆက်သွယ်ရေးမြောင်းတွေနဲ့တကယ့်ရှေ့တန်းကစစ်စခန်းတွေလိုပြင်ဆင်ထားကြရတယ်။သူတို့ကိုယ်တိုင်ကျီးလန့်စာစားနေနေရပြီ။ နေပြည်တော်မှာလဲဘီယာဆိုင်ထိုင်နေတဲ့ဒုဗိုလ်မှုးကြီးနဲ့အပေါင်းအပါတွေဆိုင်ထဲထိဝင်ရောက်ပစ်ခတ်ခံရလို့ငရဲရောက်ကုန်ကြတယ်။နောက်ဆိုစစ်အုပ်စုကလူတွေနေပြည်တော်လိုနေရာမျိုးမှာတောင်အေးအေးလူလူနေရဲကြတော့မှာမဟုတ်ဘူး။

Read moreDetails

ဧပြီ ၂၈၊ ၂၀၂၂။ (စနေ)

စစ်အုပ်စုဟာဒီကာလမှာဖေ့ဘုတ်လိုဆိုရှယ်မီဒီယာတွေပေါ်မှာရီပို့လုပ်ခံရတာကြောင့်ရှင်သန်လို့မရတော့ဘူး။ဒါကြောင့်သူတို့ဟာတယ်လီဂရမ်လိုဆက်သွယ်ရေးချန်နယ်တွေပေါ်မှာသတင်းမှားမျိုးစုံဖြန့်ဝေနေကြတယ်။တယ်လီဂရမ်မှာဆိုရင်ဟန်ငြိမ်းဦးနာမည်နဲ့ဂရုတစ်ခုဟာတော်လှန်ရေးဘက်တော်သားတွေကိုရှာဖွေသတင်းပေးနေတယ်။ခက်တာကဘာလှုပ်ရှားမှုမှမလုပ်တဲ့သူတွေလဲသတင်းပေးခံနေရတယ်။စစ်ကောင်စီဘက်ကလဲထိုဂရုမှာတင်သမျှလူတွေကိုမဲမဲမြင်ရာလိုက်လံဖမ်းဆီးနေတယ်။ ဒီရက်ပိုင်းမှာနာမည်ကြီးအနုပညာရှင်တွေပါဖမ်းဆီးခံနေရတယ်။အဆိုတော်အောင်လနဲ့ဝိုင်းစုခိုင်သိန်း၊သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့အမျိုးသားတို့ကိုဘာသက်သေအထောက်အထားမှမပြနိုင်ပဲဖမ်းဆီးသွားတယ်။ဒါဟာနာမည်ကြီးတဲ့သူတွေမို့သိရတာ။သာမန်လူတွေဆိုလူမသိသူမသိမတရားဖမ်းဆီးခံရတာမနည်းဘူး။စစ်တပ်ဟာထောက်လှမ်းရေးစနစ်မရှတော့ပဲတယ်လီဂရမ်လိုအကောင့်ကတင်သမျှသူတွေကိုအစစ်ဆေးမရှိဖမ်းဆီးနေတာတော်တော်ရွံဖို့ကောင်းနေပြီ။

Read moreDetails

ဧပြီ ၂၇၊ ၂၀၂၂။ (သောကြာ)

အကြီးစားခရိုနီတစ်ဦးဖြစ်တဲ့ဧဒင်ကုမ္မဏီနဲ့MABဘဏ်ဥက္ကဌဦးချစ်ခိုင်ကိုစစ်ကောင်စီကဖမ်းဆီးသွားပြီးအဂတိလိုက်စားမှုနဲ့အမှုတပ်လိုက်တယ်။၊ဦးချစ်ခိုင်ဟာအရင်စစ်အစိုးရလက်ထက်ကတည်းကစစ်ခေါင်းဆောင်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတစ်ဦးပဲ။အခုမှစစ်ကောင်စီကဘာကိုမကျေနပ်လို့ဖမ်းဆီးတယ်ဆိုတာသေသေချာချာမသိရသေးဘူး။သူ့မတိုင်ခင်ကလဲခရိုနီတစ်ဦးဖြစ်တဲ့ဇေကမ္ဘာဦးခင်ရွှေတို့သားအဖကိုဖမ်းဆီးသွားသေးတယ်။စစ်ကောင်စီကိုကြောက်လို့ဒီကာလမှာခရိုနီတော်တော်များများဟာပြည်တွင်းမှာမရှိပဲနိုင်ငံရပ်ခြားမှာသွားရောက်နေထိုင်နေကြတယ်။ အရင်စစ်အစိုးရအပါအဝင်အစိုးရအဆက်ဆက်သာသာယာယာနေနိုင်ကြတဲ့ခရိုနီအသိုင်းအဝိုင်းဟာအခုမင်းအောင်လှိုင်လက်ထက်ရောက်မှမျက်ခုံးလှုပ်နေရပြီ။သူတို့မကျေနပ်ရင်အချိန်မရွှေးအမှုဆင်ဖမ်းဆီးခြင်းကိုကြုံတွေ့ရနိုင်တယ်။မြန်မာပြည်မှာဘယ်လူတန်းစား၊ဘယ်အသိုင်းအဝိုင်းမှမလုံခြုံတော့ဘူး။  

Read moreDetails

ဧပြီ ၂၆၊ ၂၀၂၂။ (ကြာသပတေး)

KNUကသူ့နယ်မြေတွေထဲကစစ်သူပုန်စခန်းတွေကိုရုတ်သိမ်းပေးဖို့ရာဇသံပို့ထားတယ်။မလိုက်နာရင်တကယ်ဝင်တိုက်မယ့်ပုံပဲ။စစ်ကောင်စီကလဲငြိမ်းချမ်းရေးဆွေးနွေးပွဲမှာKNUကိုမဖိတ်ဘူးတဲ့။နှစ်ဖက်လုံးကပြတ်သားနေတော့ရှေ့လျောက်ကရင်ပြည်နယ်မှာတိုက်ပွဲတွေပိုပြင်းထန်လာဖို့ရှိမယ်။ ချင်းပြည်နယ်မှာလဲစစ်ကောင်စီတပ်တွေမင်းတပ်၊မတူပီနဲ့ဟားခါးကိုစစ်ယာဥ်တန်းတွေနဲ့ကူးလူးသွားလာနေတယ်။အရင်ကလဲဒီလိုသွားလာတိုင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ချုံခိုတိုက်ခိုက်မှုကိုအမြဲခံရတယ်။အခုလဲတိုက်ခိုက်ခံရလို့လုံးပါးပါးနေပြီးမိုင်တစ်ရာခန့်ခရီးကိုတပတ်လောက်အချိန်ယူသွားလာနေရတယ်။ဒါပေမယ့်လဲစစ်ကောင်စီအတွက်ချင်းပြည်နယ်ကိုတပ်တွေ၊ရိက္ခာတွေပို့ဖို့တခြားရွှေးချယ်စရာနည်းလမ်းများများစားစားမရှိဘူး။ချင်းပြည်နယ်မှာလဲစစ်သူပုန်တွေအခြေအနေမကောင်းဘူး။  

Read moreDetails

ဧပြီ ၂၅၊ ၂၀၂၂။ (တနင်္လာ)

မန္တလေးမှာNLDထောက်ခံသူလက်ဖက်ရည်ပိုင်ရှင်တစ်ဦးအသတ်ခံလိုက်ရတယ်။အလောင်းကိုတွေ့တဲ့နေရာမှာစွန့်ပစ်ပြီးကျူးလွန်သူတွေဟာသွေးသောက်အဖွဲ့ဆိုပြီးပေါ်တင်ကြေငြာသွားတယ်။ထိုအဖွဲ့ကိုစစ်တပ်ကဖွဲ့စည်းထားတာဖြစ်ပြီးဒီမိုကရေစီဘက်တော်သားအရပ်သားတွေကိုလက်တုံ့ပြန်သတ်ဖြတ်သွားမယ်လို့လဲပြောသွားသေးတယ်။လက်ရှိအချိန်မှာစစ်တပ်ထောက်ခံသူဒလန်အကြီးစားတွေ၊အရပ်ဝတ်ထောက်လှမ်းရေးသမားတွေဆက်တိုက်အသတ်ခံနေရတာတွေကိုတန်ပြန်ဖို့စစ်တပ်ကအောက်လမ်းနည်းတစ်ခုသုံးလိုက်တာပဲ။အခုချိန်မှာတော့ဘယ်ဖက်မှာပဲနေနေ၊ဘယ်ပြည်သူမှမလုံခြုံတော့ဘူး။ဒါတွေအားလုံးဟာစစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတာပဲ။

Read moreDetails

ဧပြီ ၂၄၊ ၂၀၂၂။ (တနင်္ဂနွေ)

KNUကတော့စစ်တပ်ဟာနိုင်ငံရေးကနေလုံးဝမထွက်သ၍ငြိမ်းချမ်းရေးမဆွေးနွေးဘူးလို့ပြောလိုက်ပြီ။ကချင်ကKIA၊ကယားကKNPP၊ချင်းကCNFတို့ကလဲအလားတူပုံစံမျိုးပြောကြားထားတယ်။ထိုအဖွဲ့တွေကတော့စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ဘူး။မြေပြင်မှာလဲထိုဒေသတွေဟာစစ်တပ်ရဲ့အကြမ်းဖက်မှုဒဏ်ကိုအများဆုံးခံနေရတာလေ။ စစ်ဘေးသင့်ဒေသတွေကစစ်တပ်ရဲ့အပေါင်းအပါတွေနဲ့မိသားစုဝင်တွေထိုဒေသတွေမှာသူတို့အတွက်လုံခြုံမှုမရှိတော့လို့နေပြည်တော်ကိုအလုံးအရင်းနဲ့ပြောင်းရွှေ့နေကြတယ်။စစ်ကောင်စီကထိုသူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေUNကိုတောင်းထားတယ်ဆိုပဲ။နယ်တွေကရွာလုံးကျွတ်မီးရှို့ခံရတဲ့ပြည်သူတွေသိရင်အော့နှလုံးနာစရာပဲ။အခုလောလောဆယ်တော့နေပြည်တော်ကစစ်တပ်အနွယ်ဝင်စစ်ဘေးရှောင်တွေစားစရိတ်ပေးပြီးခိုလှုံနေရတယ်။စစ်တပ်ဟာဒုက္ခရောက်နေတဲ့သူ့လူတွေကိုတောင်အပြည့်အဝအထောက်ပံမပေးချင်ဘူး။

Read moreDetails

ဧပြီ ၂၃၊ ၂၀၂၂။ (စနေ)

NUGကာဝန်ကသူ့အင်အားနဲ့မကြာမီPDFတွေထိုးစစ်စတော့မယ်လို့ထုတ်ပြောရုံနဲ့တင်စစ်ကောင်စီဖက်မှာအကြီးအကျယ်သွေးပျက်နေပြီ။ပြီးခဲ့တဲ့ရက်ကသူ့တပ်တွေကိုအရေးပေါ်အခြေအနေကြေငြာရုံတင်မကသေးပဲအခုဆိုရင်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်EAOခေါင်းဆောင်တွေနဲ့တွေ့ပြီးငြိမ်းချမ်းရေးဆွေးနွေးပါမယ်လို့ထုတ်ပြောလာတယ်။သူ့အကြံကEAO တွေနဲ့အပစ်ရပ်ပြီးPDF တွေကိုအမြစ်ဖျက်ချေမှုန်းချင်တဲ့ပုံပဲ။ဒါပေမယ့်တနိုင်ငံလုံးကိုဗုံးကြဲ၊မီးရှို့၊လူသတ်ပြီးထင်တိုင်းကြဲနေတဲ့စစ်သူပုန်တပ်ကပြောတဲ့ငြိမ်းချမ်းရေးဆိုတာကိုဘယ်သူမှအယုံအကြည်မရှိကြတော့ဘူး။ပြည်ထောင်စုနေ့ကလဲမည်ကာမတ္တဆွေးနွေးပွဲတစ်ခုလုပ်သေးတယ်လေ။ဒါပေမယ့်ဘာမှဖြစ်မလာဘူးတာလက်တွေ့ပဲ။အခုတော့သူကိုယ်တိုင်ထွက်တွေ့မယ်လို့မျက်စိပျက်မျက်နှာပျက်နဲ့ရုပ်သံကနေပြောသွားတယ်။စစ်တပ်ဟာအခြေအနေမကောင်းတော့ဟာအတော့်ကိုပေါ်လွင်နေပြီ။

Read moreDetails

ဧပြီ ၂၂၊ ၂၀၂၂။ (သောကြာ)

စစ်ကောင်စီဟာသူ့ရဲ့ဒေါ်လာထိန်းချုပ်အမိန့်ကိုတချို့တဝက်ပြန်လည်ဖြေလျော့ပေးလိုက်တယ်။နိုင်ငံခြားသားလုပ်ငန်းရှင်တွေ၊အဖွဲ့အစည်းတွေနဲ့လေကြောင်းလိုင်းတွေကိုကင်းလွှတ်ခွင့်ပေးလိုက်တယ်။ပြည်တွင်းကလုပ်ငန်းရှင်တွေတော့ပါမလာဘူး။ဦးနှောက်မရှိလုပ်ချင်တိုင်းလုပ်ပြီးနောက်ဆုံးတော့တင်းမထားနိုင်ပဲအလျော့ပေးလိုက်ရတယ်။ပြည်တွင်းလုပ်ငန်းရှင်တွေကင်းလွတ်ခွင့်ထဲမပါတဲ့အတွက်ထိုအမိန့်ဟာစီးပွားရေးအပေါ်အကျိုးသက်ရောက်မှုဆက်လက်ကြီးမားနေဦးမယ်။ မုံရွာတဖက်ကမ်းကတရုတ်ပိုင်ကြေးနီစီမံကိန်ကိုပြန်လည်လည်ပတ်ခွင့်မပြုလို့ဒေသခံPDF တွေပူးပေါင်းသတင်းထုတ်ပြန်လိုက်တယ်။ဒါဟာတရုတ်ပိုင်စီမံကိန်းကြီးတစ်ခုကိုပထမဆုံးအကြိမ်ကြီးကြီးမားမားခြိမ်းခြောက်လိုက်တာပဲ။အခုလောလောဆယ်မှာစစ်ကောင်စီကိုပေါ်တင်ထောက်ခံနေတဲတရုတ်အတွက်ဘယ်လိုဆက်သွားမလဲဆိုတာစဉ်းစားစရာတွေဖြစ်လာလိမ့်မယ်။စစ်ကောင်စီဘက်ကလဲထိုစီမံကိန်းကြီးတွေကိုလုံခြုံရေးပေးဖို့အင်အားတွေထုတ်နုတ်သုံးစွဲရတော့မယ်။PDFတွေဖက်ကထုတ်ပြန်ချက်လေးတစောင်ဆိုပေမယ့်အဲ့ဒါကအတော်တာသွားတယ်။

Read moreDetails
Page 122 of 168 1 121 122 123 168

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist