ရှမ်းကယားနယ်စပ်ဖယ်ခုံမြို့မှာလဲတိုက်ပွဲတွေဖြစ်နေတာတပတ်လောက်ရှိနေပြီ။မိုးဗြဲအင်းအရှေ့ဘက်ကရွာတွေကိုလဲစစ်တပ်ကမီးရှို့လိုက်တယ်။တိုက်ပွဲကာလကြာလာတာနဲ့အမျှKNDFဘက်ကကျဆုံးမှုတွေ၊ကျည်မလုံလောက်မှုတွေများလာပြီးရသလောက်ခုခံနေရတယ်။ကယားမှာဖေဖော်ဝါရီလလယ်လောက်ကစပြီးစစ်တပ်ကအကြီးအကျယ်ထိုးစစ်ဆင်တာကြောင့်တချို့နယ်မြေတွေကိုပြန်လည်လက်လွှတ်ပေးလိုက်ရတယ်။နေ့စဉ်ဆိုသလိုပဲပျောက်ကျားတိုက်ပွဲတွေဖြစ်ပွားလျက်ရှိတာကြောင့်တပြည်နယ်လုံးစစ်ဘေးသင့်နေတယ်။စစ်ဘေးရှောင်ပြည်သူတွေအတွက်ရိက္ခာပို့လမ်းကြောင်းတွေကိုစစ်တပ်ကပိတ်ဆို့ထားတာကြောင့်ရှမ်းကယားနယ်စပ်လမ်းကြောင်းပြန်ပွင့်အောင်ကာကွယ်ရေးအဖွဲ့တွေကြိုးစားနေကြတယ်။
Read moreDetailsစစ်ကိုင်းတိုင်းထဲကမြို့နယ်၁၅ခုမှာNUGကတရားစီရင်ရေးစနစ်စတင်ကြောင်းကြေငြာလိုက်တယ်။တတိုင်းလုံးကပြည်သူတွေစစ်သူပုန်တွေရန်ကလွှတ်အောင်ပြေးနေရချိန်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုထောက်ပံကူညီပေးတယ်ဆိုတဲ့သတင်းမျိုးတော့မကြားမိသေးဘူး။ဟိုတလောကလဲနာမမည်ကြီးဗိုလ်နဂါးတို့အဖွဲ့ကိုလက်နက်ထောက်ပံပေးမယ်ဆိုပြီးဘာမှရောက်မလာဘူးလို့ဆိုရှယ်မီဒီယာတွေပေါ်မှာတွေလိုက်ရသေးတယ်။NUGကစစ်ကိုင်းတိုင်းမှာမယောင်ရာဆီလူးနေပြီ။အဆုံးစွန်သောင်းကျန်းနေတဲ့စစ်တပ်ကိုတန်ပြန်ရင်ဆိုင်ဖို့ဘာမဟာဗျူဟာ၊နည်းဗျူဟာမှမတွေ့ရသေးဘူး။NUGအနေနဲ့စစ်ကိုင်းတိုင်းကိုဖိဖိစီးစီးကိုင်တွယ်ဖို့သင့်ပြီ။စစ်ကိုင်းတိုင်းတစ်ခုထဲတင်မကတခြားဒေသတွေမှာလဲNUGရဲ့စစ်ရေးလှုပ်ရှားမှုတွေခုထိသိသိသာသာမတွေ့ရသေးဘူး။တော်လှန်ရေးကာလတစ်နှစ်ခွဲပြည့်တော့မယ်။ရံပုံငွေလဲဒေါ်လာသန်းငါးဆယ်ခန့်ရနေပြီ။အခုထိသိသာထင်ရှားတဲ့စစ်ရေးရလဒ်ကောင်းတစ်ခုကိုNUG အနေနဲ့မဖော်ဆောင်နိုင်သေးဘူး။အညာဒေသ၊ချင်း၊ကယားစတဲ့အရင်ငြိမ်းချမ်းတဲ့ဒေသတွေကပြည်သူတွေရဲ့ဘဝတွေကတော့လုံးပါးပါးနေပြီ။
Read moreDetailsလဆန်းပိုင်းကစစ်ကားရာချီစစ်ကိုင်းတိုင်းဘက်ချီတက်သွားပြီးနောက်စစ်ကောင်စီဟာစစ်ကိုင်းတိုင်းတတိုင်းလုံးကိုမြေလှန်ဖျက်စီးနေပါပြီ။အင်အားတစ်ရာကျော်ခန့်ရှိတဲ့စစ်ကြောင်းတွေဖွဲ့ပြီးရွာတိုင်းနီးပါးကိုမီးရှို့လုယက်ဖျက်စီးလျက်ရှိတယ်။ဒီတစ်ခေါက်စစ်ကိုင်းတိုင်းစစ်ဆင်ရေးဟာPDFတွေကိုနှိမ်နင်းဖို့ချည်းမဟုတ်ပဲPDFထောက်ခံတဲ့ရွာတွေကိုဖျက်စီးဖို့အဓိကဖြစ်နေတယ်။ရွာတွေဖျက်စီးခံရရင်PDFတွေလဲပျောက်ကွယ်သွားမယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။ အခုဆိုရင်တစ်ရက်ကိုမြို့နယ်တိုင်းမှာကျေးရွာတွေဆယ်နဲ့ချီပြီးနေ့စဉ်မီးရှို့ခံနေရတယ်။တိုက်ပွဲမဖြစ်တဲ့ဒေသတွေ၊စစ်တပ်ထောက်ခံတဲ့ရွာတွေပါမချန်ပဲမဲမဲမြင်ရာအကုန်ဖျက်စီးနေတယ်။တချို့ရွာတွေဆိုရွာထဲမှာပိတ်မိနေတဲ့သက်ကြီးရွယ်အိုတွေနဲ့အိမ်မွေးတရိစ္ဆာန်တွေပါအရှင်လတ်လတ်မီးလောင်သေဆုံးကုန်တယ်။ဖက်ဆစ်စစ်တပ်ရဲ့လုပ်ရပ်တွေဟာဖော်ပြစရာစကားလုံးတောင်ရှာမတွေ့တော့ဘူး။
Read moreDetailsကရင်ပြည်နယ်၊လေးကေကော်နားကစစ်တပ်စခန်းတစ်ခုကိုKNUပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်သူပုန်ခြောက်ဦးဖမ်းဆီးရမိပြီးတချို့ဆိုထိုင်းနိုင်ငံထဲထိထွက်ပြေးသွားတယ်။ထိုတိုက်ပွဲမှာစစ်တပ်ကအကြိမ်ရေ၃၀ကျော်စံချိန်တင်လေကြောင်းပစ်ကူပေးခဲ့ပေမယ့်လဲစခန်းမကျသွားအောင်တော့မလုပ်နိုင်ခဲ့ပါ။ ထူးခြားတာကစစ်တပ်ဟာမြေပြင်မှာခြေလျင်စစ်ကူလုံးဝမပေးခဲ့ဘူး။မြဝတီမြို့နဲ့နီးပြီးအချိန်လဲရှိရဲ့သားနဲ့ခြေလျင်စစ်ကူစစ်ကြောင်းတွေလုံးဝရောက်မလာခဲ့ဘူး။အကယ်လို့စစ်ကူပေးခဲ့ရင်လဲလာသမျှစစ်ကြောင်းတွေအားလုံးလမ်းမှာတင်အစဖျောက်ခံရလိမ့်မယ်။ဒါကိုသိလို့စစ်ကူမပေးတော့တာထင်တယ်။ ဒီပုံစံအတိုင်းဆိုကရင်ပြည်နယ်ထဲကအခြားစစ်တပ်စခန်းတွေလဲသွေးပျက်နေလောက်ပြီ။စခန်းမှာနေပြီးအလကားအသေခံရမယ့်ပုံဖြစ်နေပြီ။ကိုယ်တွေသဘောကတော့KNUကသတိပေးချက်တွေထုတ်ပြန်ထားတဲ့စခန်းအားလုံးကိုတချိန်ထဲတပြိုက်နက်တိုက်ခိုက်စေချင်တယ်။အဲ့ဒီလိုမျိုးတနိုင်ငံလုံးမှာလုပ်နိုင်ရင်ပိုကောင်းမယ်။
Read moreDetailsရန်ကုန်သမိုင်းလမ်းဆုံကကွန်ကရစ်ဘန်ကာအဆောက်အအုံတိုက်ခိုက်ခံလိုက်ရပြီးထိခိုက်သေဆုံးမှုတွေရှိတယ်။စစ်တပ်ဟာရန်ကုန်ကအချက်အခြာကျတဲ့လမ်းဆုံတွေမှာအခိုင်အခန့်ကွန်ကရစ်ဘန်ကာတွေဆောက်လုပ်ထားတယ်။အခုတော့ထိုဘန်ကာတွေလဲတိုက်ခိုက်ခံလိုက်ရပြီ။သူတို့ဘယ်လိုပဲခံစစ်ပြင်ထားပါပေမယ့်လဲမြို့ပေါ်UGအဖွဲ့တွေကရအောင်နှောက်ယှက်တယ်။ ဒါပေမယ့်လဲမြို့ကြီးတွေပေါ်မှာUGလှုပ်ရှားမှုတွေအတော်ကြဲသွားပြီ။အဖွဲ့တွေလဲအခက်အခဲပေါင်းစုံကြောင့်ပျောက်ကုန်ပြီ။ စစ်ကောင်စီဟာမြို့ကြီးတွေကိုထိန်းချုပ်နိုင်သွားပြီ။
Read moreDetailsNUGနဲ့AAခေါင်းဆောင်တွေပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံတယ်။ခုလောလောဆယ်ရခိုင်မှာတိုက်ပွဲတွေမရှိသလောက်ပြန်ငြိမ်နေပေမယ့်အချိန်မရွှေးတိုက်ပွဲတွေပြန်ဖြစ်နိုင်ကြောင်းAAကသတိပေးထားတယ်။ဒီတော်လှန်ရေးမှာတိုက်ရည်ခိုက်ရည်ကောင်းတဲ့AAသာအတိအလင်းပါလာခဲ့ရင်တော်လှန်ရေးကိုအတော်အရေးသာစေလိမ့်မယ်။စစ်ကောင်စီကလဲရခိုင်ကိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်နေတော့ပွဲတွေကတော့အနှေးနဲ့အမြန်ဖြစ်လာမှာပဲ။ ကချင်မှာလဲစစ်ကောင်စီဘက်တော်သားဝန်ထမ်းတွေကိုနှင်ထုတ်နေသလိုကရင်မှာလဲတော်လှန်ရေးအဖွဲ့တွေပေါင်းစည်းနေကြပြီ။စစ်ကောင်စီကိုတော်လှန်နေတဲ့အဖွဲ့တွေတဖြည်းဖြည်းစုစည်းမိလာပြီးပေါ့။
Read moreDetailsရွှေလုပ်ငန်းရှင်အချို့ဖမ်းဆီးခံလိုက်ရတယ်။ပြီးတော့ရွှေဆိုင်အားလုံးမှာရှိတဲ့ရွှေစာရင်းကိုတင်ပြဖို့အမိန့်ထုတ်လိုက်တယ်။ဒေါ်လာကိုထိန်းချုပ်ပြီးနောက်နိုင်ငံခြားသုံးငွေရှားပါးနေတဲ့စစ်ကောင်စီဟာရွှေစျေးကွက်ကိုပါထိန်းချုပ်ဖို့ကြိုးစားလာတယ်။ရွှေလုပ်ငန်းရှင်များအသင်းကလဲစစ်ကောင်စီအလိုကျလုပ်ပေးနေတယ်။သူတို့ဘယ်လိုပဲလုပ်ပေးနေပါစေ၊အဆင်မပြေမှုတွေဖြစ်လာရင်စစ်ကောင်စီကဇာတ်တူသားလဲစားမှာပဲ။ရှေ့မှာခရိုနီနှစ်ယောက်လဲထောင်ထဲရောက်နေပြီ။ ပြည်တွင်းမှာငွေသားရှားပါးမှုပြသနာကိုဖြေရှင်းဖို့အတွက်တော့ဗဟိုအာရှနိုင်ငံတွေကအဆင့်မမှီတဲ့ ငွေစက္ကူတွေကိုကုန်တင်လေယာဥ်တွေနဲ့အသုတ်လိုက်တင်သွင်းနေတယ်။ပီးရင်ငွေသားတွေကိုဆက်တိုက်ရိုက်ထုတ်တော့မယ်။ငွေဖောင်းပွမှုတွေပိုပြီးဖြစ်လာလိမ့်မယ်။စီးပွားရေးမှာလဲရင်လေးစရာပဲ။
Read moreDetailsပြီးခဲ့တဲ့လကတည်းကမြန်မာပြည်ကနိုင်ငံတကာလေဆိပ်တွေကိုကိုဗစ်ရောဂါလျော့ပါးသွားပြီဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီကပြန်ဖွင့်ပေးလိုက်တယ်။အခုလထဲမှာအလည်အပတ်ဗီဇာကိုပါထုတ်ပေးပြီးနိုင်ငံတကာခရီးသွားတွေကိုဖိတ်ခေါ်ဖို့ကြိုးစားနေတယ်။ဒါပေမယ့်လက်ရှိနိုင်ငံရေးအခြေအနေကြောင့်ဘယ်ခရီးသွားမှမလာကြဘူး။တနိုင်ငံလုံးနီးပါးစစ်ပွဲတွေဖြစ်နေပြီးပြည်တွင်းကပြည်သူတွေတောင်မလုံခြုံတဲ့အနေအထားမှာတိုးရစ်တွေဝင်လာဖို့ဆိုတာအဝေးကြီးမှာပါ။ အလားတူအတင်းအကြပ်ပြန်ဖွင့်ခိုင်းထားတဲ့ရုပ်ရှင်ရုံအတော်များများလဲလူမဝင်လို့ပြန်ပိတ်ကုန်ကြပြီ။ရုပ်ရှင်ကြည့်ရှုသူမရှိသလောက်နည်းပါးနေတယ်လို့သိရတယ်။ကိုယ်တွေဆိုလဲဒီအချိန်မှာသွားမကြည့်ဘူး။ရုံပိုင်ရှင်တွေနဲ့ဇာတ်ကားပိုင်ရှင်တွေကတော့အရှုံးပေါ်ကြတာပေါ့။စစ်ကောင်စီဟာပုံမှန်အခြေအနေပြန်ရောက်နေပြီလို့ပြသဖို့စိတ်ကူးယဉ်နေတုန်းပဲ။
Read moreDetailsNUGဝန်ကြီးဒေါ်ဇင်မာအောင်ဟာဝါရှင်တန်မှာUSဒုနိုင်ငံခြားရေးဝန်ကြီး၊မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့နဲ့တရားဝင်အလွတ်သဘောတွေ့ဆုံနိုင်ခဲ့တယ်။သတင်းမထုတ်ပြန်ပဲတွေ့ဆုံနိုင်ခဲ့တဲ့သူတွေလဲရှိလိမ့်မယ်။ထူးခြားမှုကတော့မလေးရှားနိုင်ငံရဲ့ပြတ်သားမှုပဲ။စစ်ကောင်စီကိုအသိအမှတ်မပြုပဲNUGနဲ့ဆက်တိုက်တွေ့ဆုံဆွေးနွေးမယ်လို့ပြတ်ပြတ်သားသားပြောသွားပြီးအာဆီယံနိုင်ငံတွေထဲမှာNUGကိုပထမဆုံးတရားဝင်ထိတွေ့ဆက်ဆံတဲ့နိုင်ငံဖြစ်လာတယ်။တိုးတက်မှုတွေကနှေးကွေးပေမယ့်တဖြည်းဖြည်းနဲ့တော့ရှိလာပြီ။ဒေါ်ဇင်မာအောင်ရဲ့USခရီးစဉ်ကြောင့်တခြားဘာတွေဆက်ရှိလာမလဲစောင့်ကြည့်ရမယ်။ စစ်ကောင်စီကတော့သံတမာန်ရေးမှာဆက်တိုက်ကျရှုံးနေတယ်။အခုဆိုရင်အနောက်နိုင်ငံအတော်များများကသံရုံးတွေမှာသံအမတ်အဆင့်မထားကြတော့ဘူး။စစ်ကောင်စီကိုတဆင့်လျော့ဆက်ဆံနေကြတယ်။
Read moreDetailsအမေရိကန်အာဆီယံထိပ်သီးအစည်းအဝေးကိုဝါရှင်တန်မှာပြုလုပ်နေပြီ။စစ်ကောင်စီကိုယ်စားလှယ်တော့ထုံးစံအတိုင်းမပါဘူးပေါ့။ထူးခြားမှုတစ်ခုကNUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကိုအမေရိကန်ကဖိတ်ကြားထားတာပဲ။သူမဟာထိပ်သီးအစည်းအဝေးကိုတက်ခွင့်မရှိပေမယ့်တခြားနိုင်ငံအကြီးအကဲတွေနဲ့တွေ့ဆုံနိုင်လိမ့်မယ်။တကယ်တော့ဒီပွဲနဲ့တိုက်ဆိုင်စွာပဲအမေရိကန်ကသူမကိုမဖိတ်ခေါ်ချင်လဲရနေတာပဲ။ဒါဟာNUGကိုအတိုင်းအတာတစ်ခုအထိအသိအမှတ်ပြုပြီးလူရာသွင်းလိုက်တာလို့ယူဆရတယ်။ မင်းအောင်လှိုင်ကအကာအကွယ်ပေးနေပြီးပေါက်ပန်းလေးဆယ်တွေပြောနေတဲ့ဟွန်ဆန်ကတော့ထိုပွဲမှာဖိနပ်နဲ့မှာအပေါက်ခံရတယ်။သူဟာသူ့ညှိနှိုင်းမှုတွေကိုဆန့်ကျင်နေတဲ့မြန်မာပြည်သူတွေကိုလူသတ်သမားတွေလို့ရိုင်းစိုင်းစွာပြောဆိုသွားသေးတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.