ဒေါ်လာနဲ့ရွှေစျေးတွေမနေ့ကစပြီးနှစ်ရက်ဆက်တိုက်ထိုးတက်လာတယ်။ဒေါ်လာကကျပ်လေးထောင်ကျော်သွားပြီးရွှေစျေးက၃၈သိန်းဖြစ်သွားတယ်။သမိုင်းမှာတစ်ခါမှမဖြစ်ဖူးတဲ့နှုန်းထားတွေပဲ။စစ်ကောင်စီကပြင်ပဒေါ်လာအရောင်းအဝယ်သမားတွေကိုဖမ်းဆီးနေပြီးရွှေလုပ်ငန်းရှင်တွေကိုနေပြည်တော်ကိုခေါ်တွေ့နေဆဲမှာပဲစျေးနှုန်းတွေကထိုးတက်လာတာပဲ။တချို့ကတော့တစ်ဒေါ်လာကျပ်ငါးထောင်အထိတက်မယ်လို့ထင်ကြေးပေးကြတယ်။မြန်မာကျပ်ငွေကိုဘယ်သူမှအယုံအကြည်မရှိကြတော့ဘူး။
ညနေပိုင်းမှာတော့စစ်ကောင်စီကဒေါ်လာသန်းနှစ်ရာကိုစျေးကွက်ထဲထုတ်ပေးမယ်လို့ထုတ်ပြန်တယ်။ဘယ်လိုထည့်ပေးမှာလဲတော့ပြောမသွားဘူး။ရွှေဒင်္ဂါးတွေလဲထုတ်ရောင်းမယ်ပြောသေးတယ်။ဘယ်စျေးနဲ့ရောင်းမယ်မှန်းတော့ဘယ်သူမှမသိသေးဘူး။အများစုကတော့စစ်ကောင်စီပြောတဲ့စကားတွေကိုအယုံအကြည်မရှိကြတော့ဘူး။စစ်ကောင်စီကထိုးတက်နေတဲ့စျေးကွက်ကိုထိန်းချုပ်ဖို့ကြိုးစားတာဘယ်လောက်ထိရောက်မလဲမနက်ဖြန်ကျအဖြေပေါ်မှာပဲ။