အာဏာသိမ်း ဒိုင်ယာရီ

ဇူလိုင် ၀၈၊ ၂၀၂၄။ (တနင်္လါ)

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာလဲ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ သံတွဲဒေသ တိုက်ပွဲများအတွင်းစစ်သား အလောင်း ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိပြီးလေဆိပ်ကို ထိန်းချုပ်ထားကြောင်း ရခိုင်တပ်တော်က ထုတ်ပြန်လိုက်တယ်။ငပလီကမ်းခြေနားမှာ စစ်ကောင်စီတပ်ရင်းနှစ်ရင်းရှိပြီး ကမ်းခြေရဲ့မြောက်ဘက်က တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့...

Read moreDetails

ဇူလိုင် ၀၇၊ ၂၀၂၄။ (တနင်္ဂနွေ)

ဒီတစ်ခေါက်၁၀၂၇အပိုင်း၂ဟာအရင်တစ်ခေါက်လောက်​အောင်မြင်မှုမရရှိသေးပါဘူး။စစ်ဆင်ရေးစလာတာ၁၀ရက်ကျော်လာတဲ့အချိန်မှာစစ်ကောင်စီစခန်းအကြီးအသေး၄၀ခန့်သိမ်းနိုင်တယ် ဆိုပေမယ့်မြို့တစ်မြို့မှမသိမ်းနိုင်သေးပါဘူး။ဒါကလဲအကျိုးအကြောင်းတော့ရှိပါတယ်။အရင်တစ်ခေါက်ကစစ်ကောင်စီတပ်တွေဟာအလစ်အငိုက်တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီးဘာမှပြင်ဆင်ချိန်မရခဲ့ဘူး။ဒါ့အပြင်စစ်ကောင်စီဟာမြောက်ပိုင်းညီနောင်သုံးဖွဲ့ကိုအထင်သေးခဲ့တယ်။ဒီကောင်တွေကျည်ကုန်ရင်ရပ်သွားမှာပါလို့ထင်ခဲ့တယ်။တကယ့်တမ်းမြို့တွေအများအပြားပါသွားတော့မှစစ်ဆင်ရေးကိုကာကွယ်ဖို့ကြိုးစားခဲ့ပေမယ့်နောက်ကျသွားခဲ့ပါပြီ။စစ်သူပုန်တွေလက်နက်ချလှိုင်းတွေတစ်ခုပီးတစ်ခုဖြစ်ပေါ်လာကာလောက်ကိုင်မြို့ကိုဆုံးရှုံးလိုက်ရပြီးမူဆယ်နဲ့လားရှိုးကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဝင်တိုက်ဖို့ ပြင်ဆင်နေချိန်မှာတရုတ်ကြောင့်အပစ်ရပ်လိုက်ရတယ်။ဒီတခေါက်မှာတော့စစ်ကောင်စီဟာ သင်ခန်းစာရသွားလို့ကောင်းကောင်းပြင်ဆင်ထားတယ်။လားရှိုးမြို့ပတ်ဝန်းကျင်ကိုလဲအင်အားအများအပြားဖြည့်တင်းထားတယ်။တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအတွက်လဲအရင်လိုအလစ်အငိုက်မရတော့လို့ခက်ခဲနေတယ်။ဒါပေမယ့်စစ်ကောင်စီဟာစိတ်ဓာတ်ကျဆင်းနေပါပြီ။ကိုယ့်ဘက်ကသာဖိဖိစီးစီးတိုက်မယ်ဆိုရင်ဘာမဆိုဖြစ်လာနိုင်ပါတယ်။

Read moreDetails

ဇူလိုင် ၀၆၊ ၂၀၂၄။ (စနေ)

တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာသောတိုက်ပွဲများကြောင့် လားရှိုးမြို့ခံများမှာ မြို့မှထွက်ခွာရန်ကြိုးပမ်းနေပြီး လားရှိုး- မန္တလေးလမ်းပိုင်းမှတစ်ဆင့် အိမ်စီးကားအများအပြားဖြင့် ထွက်ခွာနေကြတယ်။ ဒါပေမယ့် မြို့မှာပဲနေတဲ့သူတွေလည်းအများကြီးရှိသေးတယ်။ မဖြစ်နိုင်တော့လို့ ထွက်မယ့်လူတွေလည်း စထွက်နေကြပြီ။လမ်းခရီးကတော့ သိပ်စိတ်မချရဘူးပေါ့။ ထွက်ခွာသူတွေများလွန်းလို့ လားရှိုး-မန္တလေးလမ်းပိုင်း ပြည်ထောင်စုလမ်းမမှ ကျောက်မဲ-သီပေါ-နောင်ချို-ပြင်ဦးလွင်ကြားတွင်ကားစီးရေရာချီပိတ်နေတယ်။လမ်းပိုင်းနေရာအချို့မှာ စစ်ကောင်စီက လမ်းများဖြတ်တောက်ဖျက်ဆီးထားလို့...

Read moreDetails

ဇူလိုင် ၀၅၊ ၂၀၂၄။ (သောကြာ)

မန္တလေးတိုင်း၊မတ္တရာမြို့က လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမိးပိုက်လိုက်ပြီလို့MDYPDFကသတင်းထုတ်ပြန်လိုက်တယ်။ထိုတပ်မှလက်နက်ခဲယမ်းရာကျော်အပြင်စစ်သုံ့ပန်းရာကျော်ကိုလည်းရရှိလိုက်တယ်။ါဟာစစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်တစ်ခုကိုပထမဆုံးသိမ်းမိတာဖြစ်ပြီးလေယာဉ်ပစ်လက်နက်တွေပါရရှိဖို့​ကျိန်းသေပါတယ်။ထုတ်ပြန်ထားတဲ့ပုံတွေအရ လေယာဥ်ပစ်စက်သေနတ်ကြီးတွေကိုရရှိလိုက်ပြီး ပုခုံးထမ်းဒုံးကျည်တွေလဲပါဝင်လာနိုင်တယ်။ထိုလက်နက်မျိုးတွေသိမ်းပိုက်ရရှိလိုက်တာဟာတော်လှန်ရေးအတွက်အတော်အကျိုးများလိမ့်မယ်။သိပ်မကြာမီမှာပဲထိုဒေသမှာစစ်ကောင်စီရဲ့ငှက်ကင်သတင်းတွေကြားရလိမ့်မယ်ထင်တယ်။ထိုတပ်ကဖမ်းဆီးရမိတဲ့စစ်သူပုန်တွေကိုတော့ခွင့်မလွတ်သင့်ဘူး။ထိုတပ်ဟာမတ္တရာနယ်ကပြည်သူတွေကိုအစုလိုက်အပြုံလိုက်လူသတ်မှုတွေကျူးလွန်ထားတဲ့တပ်ဖြစ်တယ်။ဒါ့ကြောင့်ဖမ်းဆီးရမိတဲ့စစ်သူပုန်ကြီး/ငယ်မဆိုထိုက်သင့်တဲ့ပစ်ဒဏ်ပေးသင့်တယ်။သူတို့အတွက်အသင့်တော်ဆုံးပစ်ဒဏ်ကတော့သေဒဏ်ပဲ။

Read moreDetails

ဇူလိုင် ၀၄၊ ၂၀၂၄။ (ကြာသပတေး)

၁၀၂၇ရှမ်းမန်းစစ်ဆင်ရေးဟာမန္တလေးတိုင်းမြောက်ပိုင်းစဉ့်ကူးမြို့အထိပြန့်နှံလာပါတယ်။မန္တလေးမြို့မြောက်ဘက်မိုင်၂၀အကွာမှာမတ္တရာမြို့ရှိပြီးစဉ့်ကူးမြို့ဟာမတ္တရာမြို့မြောက်ဘက်၂၇မိုင်အကွာမှာတည်ရှိတယ်။လက်ရှိအချိန်မှာစဉ့်ကူးမြို့ကိုဝင်မတိုက်သေးပဲစဉ့်ကူးနယ်၊မန္တလေး မိုးကုတ်လမ်းတလျောက်ကရွာတွေမှာMDYPDFတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေပြင်းထန်နေပါတယ်။ထိုဒေသကနယ်မြေခံ စစ်ကောင်စီတပ်စခန်းတွေဆက်တိုက်အတိုက်ခံနေရတယ်။စစ်ကူလမ်းကြောင်းတွေလဲပိတ်နေ​တာကြောင့်စစ်ကောင်စီကလေကြောင်းကိုအားပြုခုခံနေပါတယ်။တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်တွေကတော့တောင်ဘက်မန္တလေးကိုလဲဆင်းမရ၊မြောက်ဘက်ကိုလဲတက်မရနဲ့ပိတ်မိနေတာပေါ့။ဒီပုံစံအတိုင်းဆိုရင်တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ စစ်မျှားဦးဟာမန္တလေးမြို့ကိုမဆင်းခင်မန္တလေးတိုင်းမြောက်ဖက်ကဒေသတွေကိုစိုးမိုးနိုင်ဖို့အရင် ကြိုးပမ်းဦးမယ်ထင်တယ်။​မန္တလေးတိုင်းမြောက်ဖက်တလွှားကိုသိမ်းပိုက်နိုင်ရင်လဲစစ်ကိိုငးတိုင်းနဲ့ရှမ်းမြောက်ကို ချိတ်ဆက်ပေးနိုင်တာကြောင့်စစ်ရေးအကျိုးအမြတ်အများအပြားရှိနေ​ပါတယ်။

Read moreDetails

ဇူလိုင် ၀၃၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

၁၀၂၇အပိုင်း၂စပြီးတပတ်အကြာမှာပဲMNDAAကလားရှိုးမြို့ကိုတိုက်စစ်စဖွင့်လိုက်ပါပြီ။ပြီးခဲ့တဲ့ရက်တွေအထိ လားရှိုးမြို့ကိုမတိုက်သေးပဲTLNAကလားရှိုးတောင်ဘက်ကမြို့​တွေဖြစ်တဲ့နောင်ချို၊ကျောက်မဲစတဲ့မြို့တွေမှာသာတိုက်ပွဲတွေဖြစ်ပွားနေခဲ့တယ်။ထိုဒေသတွေကတိုက်ပွဲတွေမှာMNDAAမပါဝင်သေးပါဘူး။ဒီနေ့တော့MNDAAဟာစစ်ဆင်ရေးထဲပါဝင်လာခဲ့ပြီ။လားရှိုးမြို့အနီး လေးနေရာထက်မနည်း ယမန်နေ့ညနက်ပိုင်းမှစပြီး တိုက်ပွဲဖြစ်နေတယ်။တော်လှန်ရေးအဖွဲ့တွေဟာ စစ်ကောင်စီရဲ့တိုင်းဌာနချုပ်မြို့ကို ပထမဆုံးအကြိမ်အဖြစ်စတင်တိုက်ခိုက်နေပါပြီ။ပွဲကတော့ဒီထက်ပိုပြီးကြည့်ကောင်းလာဖို့ရှိမယ်။

Read moreDetails

ဇူလိုင် ၀၂၊ ၂၀၂၄။ (အင်္ဂါ)

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်းသို့ မြစ်ရေဝင်ရောက်နေရာ ထောင်နှင့်ချီသောဒေခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရတယ်။ ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်အများစုရှိ နေအိမ်များထဲ ရေဝင်ရောက်လာသည့်အတွက်တနေ့က ညပိုင်းမှစတင်ကာ ဒေသခံများ စတင်တိမ်းရှောင်နေကြတယ်။ မနေ့ကနံနက်ပိုင်းမှာတော့ မြစ်ကြီးနားတစ်မြို့လုံးနီးပါး မြစ်ရေဝင်ရောက်လာလို့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အားလုံးနီးပါး...

Read moreDetails

ဇူလိုင် ၀၁၊ ၂၀၂၄။ (တနင်္လါ)

ဒီတခေါက်တော့ဘဏ်လုပ်ငန်းရှင်တွေအလှည့်ပါ။အိမ်ရာချေးငွေများကို ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန် ထုတ်ချေးထားတယ်ဆိုပြီးစစ်ကောင်စီက ဘဏ်၇ ခုကိုအရေးယူမယ်လို့ကြေညာလိုက်ပြန်ပါပြီ။ ထိုဘဏ်တွေထဲမှာ မြန်မာပြည်သူများ အသုံးများသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ် စတဲ့ဘဏ်ကြီးတွေပါဝင်နေတယ်။အခုလို ဆိုင်းမဆင့်ဗုံမဆင့်ဘဏ်တွေကို အရေးယူရတဲ့ စစ်ကောင်စီရဲ့ရည်ရွယ်ချက်ကိုသိပ်တော့နားမလည်ဘူး။ ကျိန်းသေတာကတော့ဘဏ်အပ်ငွေတွေကိုပြည်သူတွေအလုအယက်ပြန်ထုတ်ကြလိမ့်မယ်။ပြီးခဲ့တဲ့ဆန်ကိစ္စမှာပဲ နာမည်ကြီးစူပါမားကတ်ကြီးတွေဖြစ်ကြတဲ့ စီးတီးမတ်၊စိန်ဂေဟာ၊Orange၊Areon...

Read moreDetails

ဇွန် ၃၀၊ ၂၀၂၄။ (တနင်္ဂနွေ)

မန္တလေးတိုင်းထဲက ၁၀၂၇စစ်ဆင်ရေးမှာ ကမ္ဘာကျော်ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့အနောက်ပိုင်းမှ စစ်ကောင်စီစခန်းများကို  TNLA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်နိုင်လိုက်ပါပြီ။ မိုးကုတ်မြို့ဟာ မြေမျက်နှာသွင်ပြင်အရ အရှေ့ပိုင်းနဲ့အနောက်ပိုင်းကွဲနေပြီး တော်လှန်ရေး အဖွဲ့တွေက မြို့အနောက်ပိုင်းကို ဒီနေ့နေ့လယ်ပိုင်းတွင် စတင်ထိန်းချုပ်နိုင်ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ပစ်ခတ်သံများ တိတ်ဆိတ်သွားပြီ။...

Read moreDetails

ဇွန် ၂၉၊ ၂၀၂၄။ (စနေ)

ရှမ်းမြောက်မှာ တိုက်ပွဲတွေပြင်းထန်နေဆဲမှာပဲ ချင်းပြည်နယ် မတူပီမြို့ကို ချင်းညီနောင်အဖွဲ့က  အပြီး သတ် သိမ်းပိုက်ထိန်းချုပ်နိုင်လိုက်ပါတယ်။ ချင်းညီနောင်အဖွဲ့ဟာ မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ ၉ရက် က စတင်ခဲ့ရာ သုံးပတ်အကြာတွင် မြို့တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်တယ်။ ချင်းညီနောင်အနေနဲ့ မတူပီမြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်မှာ ချင်းပြည်ကောင်စီ...

Read moreDetails
Page 29 of 159 1 28 29 30 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist