အာဏာသိမ်း ဒိုင်ယာရီ

မတ် ၅၊ ၂၀၂၁။(သောကြာ)

သေနတ်သံတွေနဲ့ ဖြတ်သန်းရတဲ့နေ့ပါပဲ။ ကျွန်တော်အိမ်ဘေးမှာသေနတ်သံတွေဆူညံနေခဲ့တယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို သပိတ်လာရောက်ဖြိုခွင်းခဲ့တယ်။ ကျည်အစစ်တွေလား၊ အသံဗုံးတွေလား  သေသေချာချာမသိပေမယ့် သေနတ်သံတွေဆူညံနေခဲ့တယ်။ စစ်သူပုန်တွေဟာ သပိတ် ဖြိုခွင်းရုံတစ်ခုတည်းမဟုတ်ဘူး။ ရပ်ကွက်ထဲကိုဝင်ပြီး အော်ဟစ်ဆဲဆိုသွားကြသေးတယ်။ သတ္တိရှိတဲ့ကောင်ထွက်ခဲ့၊ လီးကိုဆန္ဒပြ စတဲ့ အမနာပစကားတွေနဲ့ ဆဲဆိုသွားကြသေးတယ်။ ဘယ်လိုပုံစံမျိုးနဲ့...

Read more

မတ် ၄၊ ၂၀၂၁။ (ကြာသပတေး)

မနေ့ကတနိုင်ငံလုံးမှာအနည်းဆုံးလူ၅၀ ကျော်သေဆုံးခဲ့တဲ့ Bloody Day အပြီးမှာကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်တံခါးပိတ်အစည်းအဝေးလုပ်မယ်လို့သတင်းတွေတက်လာတယ်။  ဒီနေ့မှာတော့ဒေါက်တာဆာဆာရဲ့ R2P ကိုထောက်ခံတဲ့အစီရင်ခံစာထုတ်လိုက်တယ်။ တကယ်တော့စစ်သူပုန်အုပ်စုဟာလက်ရှိအနေအထားကနေနောက်ဆုတ်ဖို့လုံးဝမရှိဘူးဆိုတာမနေ့ကပြသပြီးသွားပါပြီ။ အဲ့ဒါကြောင့်ကျွန်တော်တို့လုပ်စရာရှိတာကိုဆက်လုပ်ရပါမယ်။ ပြည်တွင်းကလူထုလှုပ်ရှားမှုနဲ့ CDM တို့ဟာလက်ရှိအမြင့်ဆုံးအနေအထားမှာတောင်စစ်ကောင်စီကိုဖြုတ်ချဖို့အလှမ်းဝေးနေသေးတယ်ဆိုရင်တော့ကျွန်တော်တို့ဟာနိုင်ငံတကာအကူအညီကိုယူရပါလိမ့်မယ်။

Read more

မတ် ၃၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဒီနေ့ကျွန်တော့်ဇာတိမြေမှာအကြီးအကျယ်သွေးစွန်းခဲ့တယ်။ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာစစ်သူပုန်အဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲမှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ၅၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်။ စစ်သူပုန်အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ရန်ကုန်မြို့ကငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လူငယ်တွေကို အပြင်းအထန်အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ လူငယ်တွေဟာလည်းရန်ကုန်မြို့လယ် မြေနီကုန်း၊ လှည်းတန်း လိုနေရာမျိုးမှာခံစစ်ထိုင်ပြီးကြံကြံခံဆန္ဒပြကြတယ်။ အသေအပျောက်တွေလည်းရှိလာခဲ့တယ်။ ရက်နည်း...

Read more

မတ် ၂၊ ၂၀၂၁။ (အင်္ဂါ)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ခြေလှမ်းတွေက ဒီရက်ပိုင်းသွက်လာတာတွေ့ရတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့လူ ၂၃ ယောက်ကြွေလွင့်အပြီးမှာ စစ်ကောင်စီကိုအကြမ်းဖက်အုပ်စုအဖြစ်ကြေငြာလိုက်သလို ဒီနေ့မှာလဲပြည်ထောင်စုဝန်ကြီးတွေခန့်အပ်နေပြီဆိုတော့ အစိုးရဖွဲ့နေပြီဆိုတဲ့သဘောပေါ့။ တစ်နိုင်ငံလုံးမှာတော့လူထုဆန္ဒပြပွဲတွေဆက်လက်အရှိန်တက်နေဆဲပါပဲ။

Read more

မတ် ၁၊ ၂၀၂၁ ။ (တနင်္လာ)

မနေ့က စစ်တပ်ရဲ့ကျည်အစစ်နဲ့ပစ်ခတ်ဖြိုခွဲမှုတွေကြောင့်တစ်နိုင်ငံလုံးမှာ၂၃ ဦးသေဆုံးခဲ့ပေမယ့် ဒီနေ့ လမ်းပေါ်မှာလူတွေမလျော့သွားခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့လမ်းပေါ်ထပ်ထွက်ဖြစ်တယ်။ အင်တာနက်လိုင်းတွေကမနက်ကိုးနာရီမှပွင့်တာမို့လိုင်းပေါ်အရင်တက်၊အခြေအနေကြည့်ပြီးအေးဆေးဖြစ်တဲ့မြန်မာပလာဇာဘက်သွားဖြစ်တယ်။ မနေ့ကတော့ခွေးပြေး၊ဝက်ပြေးပြေးပြီးပြီလေ။ ဒီနေ့လည်းရန်ကုန်မြို့ထဲကလမ်းတွေအကုန်နီးပါးကိုပြည်သူကပိတ်ဆို့ထားကြတယ်။ ဆန္ဒပြသူတွေကိုစစ်ခွေးတွေအလွယ်တကူဝင်ဆွဲလို့မရအောင်ပေါ့။ ကျွန်တော်တို့တောင်လုပ်အားဝင်ပေးခဲ့သေးတယ်။ ရန်ကုန်တစ်မြို့လုံးမနက်ကတည်းက ပစ်ခတ်ဖြိုခွဲ နေချိန်မှာမြန်မာပလာဇာမှာတော့နေ့ခင်းပိုင်းထိအေးဆေးပါပဲ။ ပစ်ခတ်မှုတွေကြောင့်တစ် နိုင်ငံလုံးမှာဒဏ်ရာရတဲ့သူတွေအများကြီးရှိပေမယ့်ဒီနေ့တော့လူအသေအပျောက်မရှိခဲ့ပါဘူး။ မနေ့ကသူတို့လက်လွန်သွားတော့ဒီနေ့ထိန်းထိန်းသိမ်းသိမ်းလုပ်နေတယ်ထင်တယ်။ ဒါပေမဲ့..။

Read more

စစ်အာဏာရှင် လက်‌အောက် စတုထ္ထ အပတ်

Title မှာ တပ်ရန်- Fourth Week Facts under Military Coup ဖေဖော်ဝါရီ ၂၂ နံနက် ၉း၀၀ ၂၂၂၂၂ အထွေထွေသပိတ်ကြီးစတင် လူပေါင်းများစွာ ချီတက်ဆန္ဒပြ ဈေးဆိုင်နှင့် အလုပ်ရုံအားလုံးပိတ် နေ့လယ်...

Read more

စစ်အာဏာရှင် လက်‌အောက် တတိယ အပတ်

ဖေဖော်ဝါရီ ၁၅ နံနက် ၁း၀၀ အင်တာနက် ဝန်ဆောင်မှုများ ပြတ်တောက် နံနက် ၉း၀၀ အင်တာနက် ဝန်ဆောင်မှုများ ပြန်လည်ရရှိ ညနေ ၄း၅၈ မန္တလေးတွင် ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်း >>>>>  ဖေဖော်ဝါရီ ၁၆...

Read more

စစ်အာဏာရှင် လက်အောက် ဒုတိယ အပတ်

ဖေဖော်ဝါရီ ၈ မနက် ၈း၁၆ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြကြရန် မအိသဉ္ဇာမောင် လှုံ့ဆော် မနက် ၉း၁၃ ဆန္ဒပြပွဲများတွင် သံဃာတော်များ ပူးပေါင်းပါဝင်လာ မနက် ၁၁း၂၆ နေပြည်တော်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ရေပိုက်များဖြင့်ထိုး၍ လူစုခွဲ...

Read more

စစ်အာဏာရှင် လက်‌အောက် ပထမ အပတ်

ဖေဖော်ဝါရီ ၁ မနက် ၆ နာရီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ ဖမ်းဆီး ထိန်းသိမ်းခံရကြောင်း NLD က နိုင်ငံခြားသတင်းဌာနတစ်ခုထံ အတည်ပြု မနက် ၆း ၁၈...

Read more

ဖေဖော်ဝါရီ အာဏာသိမ်းအနှစ်ချုပ်

၂၈ ဖေဖော်ဝါရီ ၂၀၂၁ ဒီနေ့တော့ ဒီလအတွက်အနှစ်ချုပ်ရေးပါ့မယ်။ ပထမပတ် (ဖေ ၁ - ၇) ပထမပတ်ဟာ သူပုန်စစ်အာဏာသိမ်းတပ် တာထွက်ကောင်းတဲ့ အပတ်လို့ အကြမ်းပြောနိုင်တယ်။ ဖေဖော်ဝါရီ ၁ရက်ကနေ ၃ရက်နေ့မှာ သူတို့ရဲ့အရေးကြီးဆုံးဖြစ်တဲ့ စစ်အာဏာသိမ်းကောင်စီကိုဖွဲ့တယ်။ ...

Read more
Page 140 of 143 1 139 140 141 143

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist