အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၂၊ ၂၀၂၁။ (ဗုဒ္စဟူး)

မနေ့ကအခြေခံပညာကျောင်းတွေစတက်ရတယ်။ဒါပေမယ့်ကျောင်းတက်နှုန်းကတနိုင်ငံလုံးမှာမှ၂၀ ရာခိုင်နှုန်းပဲရှိတယ်လို့သိရတယ်။စစ်ကျွန်ပညာရေးအောက်မှာဘယ်မိဘမှကိုယ့်ကလေးကိုစိတ်ချလက်ချကျောင်းမတက်ခိုင်းရဲဘူး။ကျောင်းတွေနားမှာလဲပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားနေတယ်။စစ်ကောင်စီကပြည်သူတွေလုပ်တာဆိုပြီးထိုးချနေပေမယ့်တကယ်တမ်းကသူတို့လက်ချက်ပဲဆိုတာအကုန်သိနေတယ်။

Read more

ဇွန် ၁၊ ၂၀၂၁။ (အင်္ဂါ)

ဆိုရှယ်မီဒီယာတွေမှာတော့ဒီလကစပြီးတော်လှန်ရေးကိုအရှိန်မြှင့်မယ်လို့ပြောဆိုနေကြတယ်။အင်တာနက်လိုင်းတွေပြီးခဲ့တဲ့လကတည်းကပြန်ဖွင့်ပေးလိုက်တော့တော်တော်များများလဲလိုင်းပေါ်ပြန်ရောက်နေကြပြီ။ မဖွင့်ပေးလို့လဲမရတော့ဘူးလေ။ အင်တာနက်မရှိတော့စီပွားရေးတွေအကုန်ရပ်ဆိုင်းကုန်တယ်။ ဒီနေ့မန္တလေးမှာစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာတွေကိုပစ်ခတ်မှုတွေစတင်ဖြစ်ပွားလာတယ်။အရင်ဒါမျိုးကရန်ကုန်မှာပဲဖြစ်လေ့ဖြစ်ထရှိတာ။အခုမန္တလေးကိုကူးစက်သွားပီဆိုတော့လူတွေပြောသလိုတော်လှန်ရေးဟာတကယ်ပဲအရှိန်မြှင့်လာပြီလား။

Read more

မေ ၃၁၊ ၂၀၂၁။ (တနင်္လာ)

ကယားမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ဒီနေ့ဆိုရင်စစ်သူပုန်တွေဘက်ကရဟတ်ယာဥ်တွေတောင်သုံးလာတယ်။ဒါပေမယ့်အကျအဆုံးများစွာနဲ့ပြန်ဆုတ်ရတာပါပဲ။ညနေပိုင်းမှာတော့စစ်သူပုန်တွေကိုခုခံဖို့ကယားပြည်နယ်တစ်ခုလုံးက PDF တွေအကုန်ပူးပေါင်းလိုက်ကြောင်းကြေငြာချက်ထွက်လာတယ်။ ကယားဟာစစ်ကောင်စီအတွက်ခက်ခဲနေဉီးမှာပါ။တိုက်ပွဲတွေဖြစ်နေတာဆယ်ရက်ကျော်လာပြီ။ခုချိန်ထိကယားကိုစစ်ကောင်စီမထိန်းချုပ်နိုင်သေးဘူး။ မကွေးတိုင်းပေါက်မြို့နယ်ဘက်မှာလဲတိုက်ပွဲတွေစဖြစ်နေပြီကြားတယ်။ စစ်နယ်မြေတွေဟာတဖြေးဖြေးနဲ့မြန်မာပြည်အလယ်ပိုင်းနားရောက်လာပြီ။

Read more

မေ ၃၀၊ ၂၀၂၁။ (တနင်္ဂနွေ)

PDF တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ပထမအကြိမ်စစ်သင်တန်းဆင်းပွဲအခမ်းအနားဗီဒီယိုဖိုင်ကို NUG ကထုတ်ပြန်လိုက်ပါတယ်။ မကြာမီလာတော့မည်ပေါ့။ ပြည်တွင်းမှာကိုဗစ်တွေ့နှုန်းကလဲပြန်လည်မြင့်တက်လာပါပြီ။သဘက်ခါဆိုစစ်ကောင်စီရဲ့ကျောင်းတွေလဲပြန်ဖွင့်ပြီ။ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုနဲ့ကိုဗစ်နဲ့စတွေ့တော့မှာပါ။

Read more

မေ ၂၉၊ ၂၀၂၁။ (စနေ)

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ထိစပ်နေတဲ့နယ်မြေတွေမှာလဲတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်။KIA/KNUနဲ့စစ်သူပုန်တွေတိုက်ပွဲမဖြစ်တဲ့နေ့မရှိသလောက်ပဲ။K2Kကပဲတိုက်ကွက်တွေဖော်နေတာ...စစ်ကောင်စီကတန်ပြန်တိုက်စစ်ဆင်နိုင်စွမ်းမရှိဘူး။အရင်လတွေကကျသွားတဲ့သူတို့စခန်းတွေပြန်သိမ်းနိုင်ဖို့မပြောနဲ့..အနားတောင်မကပ်နိုင်ဘူး။ ဒါတောင်စစ်ကောင်စီဖက်ကလေကြောင်းပစ်ကူပါနေလို့။လေကြောင်းပစ်ကူသာမရှိရင်မြို့တွေပါကျနေလောက်ပြီ။စစ်ကောင်စီဟာတစ်နိုင်ငံလုံးနေရာအစုံကိုတပ်ဖြန့်ထားရတယ်။အင်အားမလုံလောက်တော့ဘူး။ ရှိတဲ့အင်အားကလဲနေ့စ ဉ်နဲ့အမျှအရည်အသွေးရောအရည်အတွက်ပါကျဆင်းနေတယ်။ ဒါတောင် NUG PDF မလာသေးဘူး။ NUG PDF သာဝင်လာခဲ့ရင်အရေးတော်ပုံအောင်မြင်ဖို့မဝေးတော့ပါဘူး။

Read more

မေ ၂၈၊ ၂၀၂၁။ (သောကြာ)

မနေ့ကရန်ကုန်ကြည်မြင်တိုင်မှာစစ်သူပုန်တွေကိုအမည်မသိသူတွေကပစ်ခတ်သွားတယ်။ဒီနေ့မနက်လဲသာကေတကစစ်သူပုန်တွေတပ်ဆွဲထားတဲ့နေရာမှာအလစ်ဝင်တိုက်ခံရတယ်။တခြားနေရာတွေမှာလဲအချိန်ကိုက်ပေါက်ကွဲမှုတွေဖြစ်တယ်။စစ်သူပုန်တွေဘယ်လိုက်လို့လိုက်ရမှန်းမသိဘူး။ရန်ကုန်မှာပျောက်ကျားတိုက်ခိုက်တဲ့ဗျူဟာတွေမြင့်လာပြီ။ နယ်တွေမှာလဲစစ်တပ်အားပေးကြံခိုင်ရေးပါတီကဒလန်သတင်းပေးလို့နာမည်ကြီးသူတွေဆက်တိုက်အစဖျောက်ခံနေရတယ်။ မန္တလေးမှာတော့ဒီရက်ပိုင်းသပိတ်တွေကလွဲလို့နည်းနည်းငြိမ်နေတယ်။

Read more

မေ ၂၇၊ ၂၀၂၁။ (ကြာသပတေး)

ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့နှစ်ပတ်လည်ညီလာခံကိုစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကိုမဖိတ်ပဲပြုလုပ်လျက်ရှိပါတယ်။ ဒါဟာစစ်ကောင်စီကိုကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေကမထောက်ခံဘူးဆိုတဲ့သဘောပါ။ ပြီးတော့ပြည်တွင်းမှာအကျိုးတူပူပေါင်းလုပ်ကိုင်နေသောနိုင်ငံတကာရေနံကုမ္မဏီကြီးတွေဖြစ်တဲ့ပြင်သစ်ကတိုတယ်နဲ့အမေရိကန်ကချက်ဗရွမ်တို့ဟာစစ်ကောင်စီကိုပေးရမယ့်အမြတ်ငွေဒေါ်လာသန်းချီကိုမပေးပဲဆိုင်းငံထားလိုက်ပါပြီတဲ့။ဒါကိစ္စဟာနိုင်ငံတကာကမြန်မာပြည်သူတွေအစဉ်တစိုက်တောင်းဆိုနေတဲ့အချက်တစ်ခုပါ။အာဏာသိမ်းစစ်ကောင်စီဟာတဖြည်းဖြည်းအသက်ရှုကြပ်နေပါပြီ။

Read more

မေ ၂၆၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

စစ်ကောင်စီဟာအခြေခံပညာကျောင်းတွေပြန်ဖွင့်ဖို့ကြိုးစားနေပါတယ်။ကလေးတွေကိုကျောင်းအပ်ကြဖို့နိုးဆော်နေပေမယ့်ကျောင်းလာအပ်တဲ့ရာခိုင်နှုန်းကမဖြစ်စလောက်သာရှိပါတယ်။တဖက်မှာကျောင်းတွေဖွင့်ဖို့ကြိုးစားရင်းတဖက်မှာလဲကျောင်းတွေကိုဗုံးခွဲနေတဲ့အချိန်မှာဘယ်မိဘကကိုယ့်ကလေးကိုစိတ်ချလက်ချကျောင်းအပ်ရဲမှာလဲ။ကျောင်းတွေပြန်ဖွင့်မယ့်ကိစ္စမှာလဲစစ်ကောင်စီဟာမအောင်မြင်ဖို့များနေပါတယ်။ ဝမ်းသာစရာသတင်းအနေနဲ့ကတော့ဥရောပကချက်သမ္မတနိုင်ငံဟာNUGကိုတရားဝင်အသိအမှတ်ပြုလိုက်ပါတယ်။အဆိုပါနိုင်ငံဟာNUGကိုတရားဝင်ထောက်ခံတဲ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။ရှေ့လျှောက်တခြားနိုင်ငံတွေပါထောက်ခံလာဖို့ရှိနေပါတယ်။

Read more

မေ ၂၅၊ ၂၀၂၁။ (အင်္ဂါ)

ဒီမော့ဆိုနဲ့လွိုင်ကော်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ဒီနေ့တော့PDFတွေဘက်ကအသေခံပြီးတင့်ကားနှစ်ဖျက်စီးလိုက်နိုင်တယ်တဲ့။ကယားမှာတော့ပြည်သူတွေဗျူဟာပြောင်းပြီးတိုက်ကြလို့မစစ်သူပုန်တွေအတွက်မင်းတပ်ထပ်ပိုခက်ခဲနေတယ်။ တဖက်မှာလဲနယ်မြေခံပြည်သူတွေကြားညပ်နေပြီ။လွိုင်ကော်မှာနေတဲ့အသိတယောက်ရဲ့ပြောပြချက်အရဆိုရင်သူတို့မြို့မှာလမ်းသွားလမ်းလာတောင်မရှိပဲတိတ်ဆိတ်ငြိမ်သက်နေတယ်။ညဘက်ဆိုရင်စစ်သူပုန်တွေကအကြောင်းမဲ့ပစ်ခတ်ရမ်းကားနေလို့အိမ်ထဲမှာတောင်ကျည်ကွယ်ရာမှာနေရပါတယ်။လျှပ်စစ်မီးနဲ့အင်တာနက်လဲဖြတ်ထားတယ်ပြောပါတယ်။စစ်ပြေးတဲ့သူတွေပြေးကုန်ကြပါပြီ။မပြေးနိုင်တဲ့သူတချို့လဲမြို့ထဲမှာကျန်နေသေးတယ်တဲ့။ တရားဝင်စာရင်းတွေအရတော့ကယားပြည်နယ်တစ်ခုထဲမှာကိုစစ်ဘေးရှောင်သူပေါင်း၅၀၀၀၀ခန့်ရှိနေပြီလို့သိရပါတယ်။ စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကလဲမသေးပါ။

Read more

မေ ၂၄၊ ၂၀၂၁။ (တနင်္လာ)

မနေ့ကကယားပြည်နယ်ကတိုက်ပွဲတွေမှာခွေးသေဝက်သေသေကုန်ကြတဲ့စစ်သူပုန်တွေရဲ့ပုံတွေလိုင်းပေါ်တက်လာတယ်။ တပ်ထောက်ခံသူအုပ်စုကခုကျမှ ရက်စက်လိုက်ကြတာ၊လုပ်ရက်လိုက်ကြတာ ဆိုပြီးအသံတွေထွက်လာတယ်။အပြစ်မဲ့ပြည်သူ၈၀၀ကျော်ကျဆုံးတုန်းကတော့ဆန္ဒပြတာကိုး..သေမှာပေါ့ လို့မညှာမတာပြောခဲ့တဲ့သူတွေ... ခုတော့သူတို့ငိုရမယ့်အလှည့်ရောက်လာပြီ။ ဝဋ်ဆိုတာဘဝမကူးပဲချက်ချင်းလည်တတ်တယ်ဆိုတာသိရှိသွားကြပြီ။

Read more
Page 125 of 137 1 124 125 126 137

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist