စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ရင်ပေါင်တိုင်ရွာကိုစစ်သူပုန်တွေရုတ်တရက်လေကြောင်းကနေရဟတ်ယာဉ်တွေနဲ့ဝင်စီးလျက်ရှိတယ်။တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးနဲ့ရွာထဲကိုပစ်ခတ်နေပြီးနောက်နှစ်စီးနဲ့စစ်သားတွေချသွားတယ်။ရုတ်တရက်လေကြောင်းကဝင်ရောက်လာတာကြောင့်ရွာသားတွေပြေးချိန်မရပဲတစ်ရာကျော်ရွာထဲမှာပိတ်မိနေတယ်။ထိုဒေသကစစ်ကောင်စီအာဏာသက်ရောက်မှုလုံးဝမရှိတော့ပဲလွတ်မြောက်နယ်မြေလိုဖြစ်နေပြီ။မြေပြင်ကနေစစ်ကြောင်းထိုးလို့မရတော့တာကြောင့်လေကြောင်းကနေဝင်စီးတာဖြစ်တယ်။ ထိုရွာမှာချင်းပြည်နယ်ကPDFလေးတွေလက်နက်သယ်ဖို့ရောက်ရှိနေပြီးထိုသတင်းကိုစစ်တပ်သတင်းပေးတစ်ဦးကမုံရွာကိုအကြောင်းကြားလိုက်လို့ရုတ်တရက်ဝင်စီးခံလိုက်ရတာပါ။ချင်းပြည်နယ်ကPDFတချို့လွတ်မြောက်သွားပေမယ့်တချို့ကတော့ပျောက်ဆုံးနေဆဲပဲ။လက်နက်ခဲယမ်းတချို့လဲဆုံးရှုံးသွားတယ်။ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကတော့ရွာကိုပြန်လည်ရယူဖို့ပြင်ဆင်လျက်ရှိတယ်။
Read moreDetailsကချင်ပြည်နယ်ဖားကန့်မြို့တောင်ဖက်ကဆယ်ဇင်းရွာမှာKIA PDF တွေနဲ့စစ်တပ် ရှမ်းနီတပ်တို့ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားလျက်ရှိတယ်။ထိုရွာဟာရွာကြီးဖြစ်ပြီးရွှေထွက်လို့ရွှေကျင်တဲ့အလုပ်သမားတွေအဓိနေထိုင်ကြတယ်။ရှမ်းနီတပ်နဲ့စစ်တပ်တို့ကရွာကိုဆက်ကြေးကောက်နေတဲ့အပြင်ရွာသားတွေကိုပါဒုက္ခပေးနေလို့KIAကဝင်ရောက်သိမ်းပိုက်ဖို့ကြိုးစားတယ်။တိုက်ပွဲကြောင့်ရွာလဲမီးရှို့ခံရပြီးရဲစခန်းနဲ့ဘုန်းကြီးကျောင်းပဲကျန်တော့တယ်။ဘုန်းကြီးကျောင်းထဲမှာပြည်သူတချို့ပိတ်မိနေပြီးရွာသားလေးဆယ်ကိုလဲစစ်တပ်ကသတ်ဖြတ်လိုက်တယ်လို့ကြားရတယ်။ ရှမ်းနီလက်နက်ကိုင်အဖွဲ့တွေကစစ်ကိုင်းတိုင်းအထက်ပိုင်းမှာလဲစစ်တပ်နဲ့ပူးပေါင်းပြီးပြည်သူကိုဒုက္ခမျိုးစုံပေးလျက်ရှိတယ်။အခုဆယ်ဇင်းရွာမှာလဲရွှေထွက်နေတာကြောင့်သူတို့အကျိုးစီးပွားအတွက်စစ်တပ်နဲ့ပေါင်းပြီးအလုပ်လုပ်နေတယ်။ကချင်ပြည်နယ်မှာKIAကတိုက်ပွဲကြီးတွေမဖော်ဆောင်တာအတော်ကြာနေပြီ။ဆယ်ဇင်းရွာဖက်ပြီးရင်တော့ကျောက်စိမ်းထွက်တဲ့ဖားကန့်ကိုထိန်းချုပ်ဖို့ဆက်လုပ်လိမ့်မယ်ထင်တယ်။
Read moreDetailsဖေဖော်ဝါရီလလောက်ကစစ်တပ်ရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့ Dragon Fly Project နဲ့ကန်ပိန်းတစ်ခုပြုလုပ်ပြီးအလှူငွေတွေကောက်ခံခဲ့တယ်။စုစုပေါင်းဒေါ်လာ၂.၂သန်းလောက်ရခဲ့ပီးအအောင်မြင်ဆုံးပရောဂျက်အဖြစ်စံချိန်တင်နိုင်ခဲ့တယ်။အခုထိုပရောဂျက်ကရတဲ့ငွေတွေနဲ့ဝယ်ယူထားတဲ့လေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေစတင်တာဝန်ထမ်းဆောင်နေပြီလို့NUGကကြေငြာလိုက်ပြီ။ လေကြောင်းပစ်လက်နက်တွေဆိုတာငွေရှိတိုင်းအလွယ်တကူဝယ်ယူလို့မရနိုင်ဘူး။အလွယ်တကူဝယ်လို့ရမယ်ဆိုရင်စစ်တပ်နဲ့ တိုက်ပွဲ အကြီးအကျယ်ဖြစ်တဲ့KIA AA KNU MNDAA စတဲ့ EROs တွေ လက်ထဲမှာလေကြောင်းပစ်လက်နက်တွေဖောဖောသီသီရှိနေမှာပေါ့။မှောင်ခိုစျေးကွက်မှာလဲလေကြောင်းပစ်လက်နက်တွေအားလုံးတင်းတင်းကြပ်ကြပ်ပိတ်ထားတယ်။အထူးသဖြင့် မသမာသူတွေ လက်ထဲကိုလေကြောင်းပစ် လက်နက်တွေ ရသွားရင်အရပ်သား လေကြောင်းလိုင်းတွေအပေါ်ကိုခြိမ်းခြောက်မူ...
Read moreDetailsဒီနေ့ဟာ၁၉၈၈ခုနှစ်ကအာဏာရှင်ကိုတော်လှန်တဲ့လူထုအုံကြွမှုကြီးဖြစ်ခဲ့တဲ့၈လေးလုံးနှစ်ပတ်လည်နေ့ဖြစ်တယ်။လွန်ခဲ့တဲ့၃၄နှစ်ကတည်းကတိုက်ပွဲဝင်လာတဲ့ဒီမိုကရေစီတိုက်ပွဲဟာအခုချိန်ထိမပြီးဆုံးသေးဘူး။ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေလဲအများကြီးဆုံးရှုံးခဲ့ပြီးပြီ။အခုအချိန်ထိစစ်တပ်ဟာမြန်မာ့နိုင်ငံရေးမှာနက်ရှိုင်းစွာပတ်သက်နေတုန်းပဲ။ဒီဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်မှအားလုံးချမ်းသာရာရမယ်။ အခုအချိန်ဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းတိုင်းရင်းသားပြည်သူတရပ်လုံးဘုံရန်သူကိုထင်ထင်ရှားရှားမြင်တွေ့နေရချိန်ပဲ။အားလုံးပူးပေါင်းလုပ်ဆောင်ရမယ့်အချိန်ပဲ။ပြီးတော့ဒါဟာစစ်တပ်ကိုဖြုတ်ချပြီးနိုင်ငံသစ်ထူထောင်ဖို့နောက်ဆုံးအခွင့်အရေးဖြစ်တယ်။ဒီရေရှည်တိုက်ပွဲမှာပြည်သူတရပ်လုံးစစ်ကျွန်အဖြစ်နဲ့သားစဉ်မြေးဆက်နေသွားရလိမ့်မယ်။ဒီအရေးတော်ပုံအောင်မှဖြစ်မယ်။
Read moreDetailsပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့အာဆီယံအစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်တက်တယ်။ ဘလင်ကင်က NUG နှင့်အခြား အရေးပါသည့်အဖွဲ့အားလုံးနဲ့ အာဆီယံက ထိတွေ့ဆက်ဆံဖို့ပြောသွားတယ်။မြန်မာကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ စစ်ကောင်စီကို ဖိအားထပ်ပေးဖို့ လိုအပ်ကြောင်းပြောသွားတယ်။ USလိုနိုင်ငံကNUGကိုအသိအမှတ်ပြုဖို့အတွက်လိုအပ်ချက်တွေအခြေခံအနေနဲ့သင့်တင့်တဲ့နယ်မြေပိုင်စိုးမှု၊လုံလောက်စွာစုစည်းထားတဲ့ ညီညွတ်တဲ့တပ်ဒီ (၂) ချက်က အခြေခံအနေနဲ့ လိုအပ်ပါတယ်။ နယ်မြေပိုင်စိုးမှုက...
Read moreDetailsSexy Model တွေဖြစ်တဲ့ သင်ဇာဝင့်ကျော်နှင့်နန်းမွေစံတို့ကိုစစ်ကောင်စီကအများပြည်သူမြင်ကွင်းမှာမဖွယ်မရာတွေတင်ပြမှုနဲ့အမှုတပ်ပြီးဖမ်းဆီးလိုက်တယ်။တချို့တွေကဒီကိစ္စကိုလှောင်ကြတယ်။တချို့ကအပျော်အပျက်အဖြစ်သဘောထားကြတယ်။ သူတို့တွေဖမ်းဆီးခံရတဲ့ကိစ္စဟာ ရယ်စရာ၊ လှောင်စရာကိစ္စလည်း မဟုတ်သလို Speak Out လုပ်စရာမလိုတဲ့ အရေးမပါတဲ့ကိစ္စလည်း မဟုတ်ဘူး။ Sexy Model ဖြစ်ခြင်းဟာ လှောင်ပြောင်စရာ ကိစ္စလည်း မဟုတ်သလို သူတို့သည်လည်း...
Read moreDetailsဗဟိုဘဏ်ကသူတို့အသေသတ်မှတ်ထားတဲ့ငွေလဲနှုန်းကိုတစ်ဒေါ်လာ၁၈၅၀ကျပ်မှ၂၁၀၀ကျပ်ကိုပြောင်းလဲလိုက်တယ်။ပို့ကုန်ရငွေတွေကိုလဲအကုန်ပြန်မအပ်ရတော့ပဲ၆၅ရာခိုင်နှုန်းပဲပြန်အပ်ဖို့သတ်မှတ်လိုက်တယ်။ဒေါ်လာဈေးကြောင့်တိုင်းပြည်စီးပွားရေးမှာအကျပ်အတည်းတွေဖြစ်လာပြီးနောက်အဖတ်ပြန်ဆည်ဖို့ဆေးမှီးတိုနဲ့ကုလိုက်တဲ့သဘောပဲ။ဒါပေမယ့်ဆေးမမှီတော့ဘူး။စီးပွားရေးအခြေအနေကကောင်းလာမှာမဟုတ်တော့ဘူး။သူတို့ကဒေါ်လာဈေးကိုတိုးမြှင့်ပြင်ဆင်လိုက်ချိန်မှာပဲအပြင်ဈေးကွက်မှာတစ်ဒေါ်လာ၃၀၀၀နားကပ်နေပြီ။ပြည်တွင်းမှာလည်ပတ်နေတဲ့ကုမ္မဏီတော်တော်များများလဲဒေဝါလီခံဖို့ပြင်ဆင်နေကြပြီ။ကုမ္မဏီတွေအနေနဲ့ဘယ်လိုမှဆက်လက်တောင့်ခံဖို့အဆင်မပြေတော့ဘူးလေ။ကုမ္မဏီတွေပြိုလဲသွားလာတာနဲ့အမျှအလုပ်လက်မဲ့တွေပိုများလာလိမ့်မယ်။အကျိုးဆက်တွေကတော့တွေးကြည့်ရင်မီးခိုးကြွက်လျှောက်ပဲ။
Read moreDetailsစစ်အာဏာသိမ်းပြီးနောက်ဒေါ်လာ၊ရွှေ၊ကား၊စက်သုံးဆီ၊စားသုံးဆီ၊ဆေးဝါးစတဲ့ဈေးနှုန်းတွေအပြိုင်အဆိုင်တက်လာပြီးအခုနောက်ဆုံးမြန်မာပြည်ရဲ့အဓိကစားသုံးကုန်ဖြစ်တဲ့ဆန်ဈေးတွေပါတက်လာပါပြီ။အရင်ကတစ်အိတ်ငါးသောင်းကျပ်ခန့်သာရှိတဲ့အကောင်းစားရွှေဘိုပေါ်ဆန်းဆန်ဈေးဟာအခုတစ်သိန်းဖြစ်သွားပြီ။ရွှေဘိုပေါ်ဆန်းဆန်ထွက်တဲ့စစ်ကိုင်းတိုင်းရွှေဘိုမြို့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေကြောင့်စပါးမစိုက်နိုင်ကြတော့ဘူး။ဧရာဝတီတိုင်းဖက်ကအခြားဆန်အမျိုးအစားတွေလဲအလားတူဈေးတွေထိုးတက်နေတယ်။ ဆန်ဈေးဟာလည်းပြန်ကျဖို့လမ်းမမြင်ဘူး။စပါးစိုက်တဲ့အထက်ပိုင်းဒေသစစ်ကိုင်းနဲ့မကွေးမှာစစ်တပ်ကနယ်မြေတစ်ခုလုံးကိုအကြမ်းဖက်မီးရှို့လူသတ်နေလို့ဒေသခံတွေစပါးမစိုက်နိုင်တော့ပဲထွက်ပြေးနေရတယ်။အောက်ပိုင်းကဧရာဝတီတိုင်းမှာလဲဒေါ်လာဈေးကြောင်းဓာတ်မြေဩဇာဈေးတွေတက်နေလို့စိုက်ဧကတွေလျော့ကျနေတယ်။ဒီကြားထဲမှာထွက်သမျှစပါးတွေကိုစစ်ကောင်စီကဈေးကွက်ထဲပေးမဖြန့်ပဲလိုက်ဝယ်နေတယ်လို့သတင်းတွေကြားနေရတယ်။ပြည်တွင်းမှာဆန်ရှားလာပေမယ့်စစ်ကောင်စီကဒေါ်လာလိုအပ်နေတာကြောင့်ပြည်ပဆန်တင်ပို့မှုကိုမလျော့ပဲတိုးတောင်တိုးလာသေးတယ်။ဒါကြောင့်ရေရှည်မှာဆန်ဈေးဟာဆက်တက်ဖို့ပဲရှိမယ်။ ဆန်ဈေးတက်တာဟာအခြေခံလူတန်းစားများစွာကိုကြီးမားတဲ့ထိခိုက်မှုတွေရှိလာမယ်။အကုန်ငတ်လာကြတဲ့အချိန်တစ်ခုရောက်လာရင်လူတွေဟာလမ်းပေါ်ပြန်ထွက်ဆန္ဒပြကြမလား၊ခိုးဆိုးလုယက်ကြမှာလားဘယ်သူမှအသေအချာမပြောနိင်ဘူး။ကျိန်းသေတာကတော့ထိုအချိန်တစ်ခုဟာမကြာခင်ရောက်လာလိမ့်မယ်။
Read moreDetailsမြင်းမူမြို့နယ်လက်ပံကျင်းကျေးရွာကိုလည်းမနေ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲရဟတ်ယာဉ်လေးစီးနဲ့လာရောက်ပစ်စီးနင်းတယ်။PDFတွေအစည်းအဝေးလုပ်နေတယ်ဆိုပြီးရွာကိုလေကြောင်းကနေစစ်သားတွေချပြီးစီးနင်းတာပါ။ရွာထဲမှာကိုယ်ထူကိုယ်ထပညာရေးစနစ်နဲ့စာသင်နေတဲ့မူလတန်းအရွယ်ကလေးငယ်တွေအပါအဝင်ပြည်သူတစ်ရာကျော်ခန့်ကိုလဲဖမ်းဆီးလိုက်တယ်။ကလေးတွေစာသင်နေတဲ့နေရာမှာPDFတွေအစည်းအဝေးလုပ်စရာဘာအကြောင်းမှမရှိဘူး။စစ်သူပုန်တွေကရမ်းကားချင်တိုင်းရမ်းကားနေတာ။ဒီနေ့မှာဖမ်းဆီးထားတဲ့ပြည်သူတစ်ရာကျော်ကိုပြန်လွှတ်ပေးလိုက်ပေမယ့်ရွာသားဆယ်ဦးခန့်ကိုအကြောင်းမဲ့သတ်ဖြတ်သွားသေးတယ်။ စစ်ကိုင်းတိုင်းကတော့စစ်သူပုန်တွေရဲ့ဒဏ်ကိုအလူးအလဲခံနေရဆဲပဲ။ထိရောက်တဲ့ကာကွယ်မှုတွေအခုထိမလုပ်နိုင်သေးဘူး။ပြီးခဲ့လကတော့စစ်ကိုင်းတိုင်းကPDFတွေအတွက်လက်နက်ကြီးတွေထောက်ပံဖို့ရံပုံငွေကောက်ခံရမှာသိန်းသုံးသောင်းနီးပါးရလိုက်တယ်။ထိုငွေတွေကိုအသုံးပြုပြီးစစ်ကိုင်းတိုင်းကိုကာကွယ်ပေးဖို့မျှော်လင့်နိုင်ကောင်းပါရဲ့။
Read moreDetailsစစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိန်ရံရွာကြီးနှင့်စျေးကြီးကို စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ လက်နက်ကြီးဖြင့်ပစ်ခတ်ဝင်လာပြီးနောက် နှစ်ရက်ဆက်မီးရှို့ခံရတယ်။တင်းတိန်ရံရွာဟာ အိမ်ခြေ တထောင်ကျော်ရှိပြီး စျေးမှာ ဆိုင်ခန်း ၂၀၀ခန့်ရှိကာ စျေးတစ်စျေးလုံးနီးပါးလောင်သွားပြီးရွာအတွင်း အိမ်ခြေ ၆၀ကျော် ပြာကျသွားတယ်။ တင်းတိန်ရံဈေးဟာရေဦးမြို့နယ်မှာဒုတိယအကြီးဆုံးဈေးတစ်ခုဖြစ်ပြီး ရေးဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိလူများမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက...
Read moreDetailsYou can copy without credits to our site. We Need Freedom.