ရခိုင်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်မှာစစ်ကောင်စီနဲ့အေအေတို့နေ့စဉ်ဆိုသလိုတိုက်ပွဲဖြစ်နေတယ်။စစ်ကောင်စီတိုက်လေယာဉ်နဲ့လက်နက်ကြီးကျည်တွေဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကျရောက်နေလို့စစ်ကောင်စီသံအမတ်ကိုခေါ်ပြီးသတိပေးတာသုံးကြိမ်တောင်ရှိသွားပြီ။တလထဲသုံးကြိမ်ကျော်ဆိုတာတဖက်နိုင်ငံကိုဂရုမစိုက်ဘူးလို့ပြသလိုက်တာပဲ။စစ်ကောင်စီဟာနယ်စပ်မျဉ်းတွေနားမှာဖြစ်တဲ့တိုက်ပွဲတွေမှာတဖက်နိုင်ငံတွေထဲထိလေယာဉ်တွေကျူးကျော်ပျံသန်းတာ၊လက်နက်ကြီးတွေနဲ့ပစ်တာတွေကိုရည်ရွယ်ချက်ရှိရှိပြုလုပ်နေတယ်။ထိုင်းနယ်စပ်မှာလဲအလားတူပဲ။တခြားနိုင်ငံတွေနဲ့ပါစစ်မီးတောက်ချင်တာလားတော့မသိဘူး။
ရခိုင်ပြည်နယ်ကရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့မြောက်ဦးမြို့ကိုလဲစစ်ကောင်စီကအေအေကိုတုန့်ပြန်တဲ့အနေနဲ့ဓားစာခံသဘောမျိုးပြုလုပ်ထားတယ်။မြောက်ဦးမြို့မဈေးကိုမီးရှို့ဖျက်စီးဖို့ကြံစည်နေပြီးမြို့အနီးအနားကရွာတွေကိုတိုက်ပွဲမရှိပဲအကြောင်းမဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်။စစ်ကောင်စီဟာရခိုင်ပြည်နယ်မှာအေအေကိုလုံးဝမထိန်းချုပ်နိုင်တော့တဲ့အတွက်ယုတ်မာတဲ့နည်းလမ်းပေါင်းစုံအသုံးပြုဖို့ကြံစည်နေတယ်။