သပိတ်ကျင်းမြို့ကို စစ်ကောင်စီပြန်သိမ်းသွားတဲ့အချိန်မှာ ဧရာဝတီမြစ်တလျောက်ဆန်တက်နေတဲ့ စစ်သင်္ဘောအုပ်စုဟာ မြို့နားကိုတောင်မရောက်သေးပါဘူး။စစ်ကောင်စီဟာရှိတဲ့အင်အားနဲ့ မြို့ကိုသိမ်းသွားနိုင်တာဖြစ်တယ်။အခုဆိုရင် ထိုစစ်သင်္ဘောအုပ်စုဟာ မြို့ကိုကမ်းကပ်ပြီးအင်အားတစ်ချို့ စစ်ကူချခဲ့ဦးမှာအသေအချာပဲ။ဒါဆိုရင်တော့ သပိတ်ကျင်းစဥ့်ကူးနယ်တဝိုက်ကို စစ်ကောင်စီကထိန်းချုပ်နိုင်ဖို့ ဆက်လက်ကြိုးစားလာပါလိမ့်မယ်။ရွှေလုပ်ကွက်တွေ ပေါ်တစ်နှစ်ကျော်ခုထိုင်ပြီး ဘာပြင်ဆင်မှုမှမရှိခဲ့တဲ့ရလဒ်ကို တော်လှန်ရေးအဖွဲ့တွေခံစားရတော့မှာပါ။ထိုဒေသဟာ MDY PDF ထိန်းချုပ်ထားတဲ့ဒေသဖြစ်တာကြောင့် ရွှေလုပ်ကွက်တွေကရရှိတဲ့ရွှေတွေ၊ အခွန်ငွေကိုတော်လှန်ရေးအတွက် အင်အားစုဆောင်းရာမှာမသုံးပဲ ဘယ်ရောက်သွားလဲ မေးခွန်းထုတ်ရမှာပါ။တော်လှန်ရေးကိုဦးစားမပေးပဲ ငွေနောက်ပဲလိုက်နေရင်တော့ နောက်ဆုံးမှာအရှုံးနဲ့သာ ရင်ဆိုင်ရပြီးလက်ဗလာချည်းသာကျန်ခဲ့မှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


