နာမည်ကျော်သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက လူမှုကွန်ယက်ကနေတဆင့် NUGကိုပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။အဓိကကတော့ NUGကိုပြုပြင်ပြောင်းလဲဖို့ မဖြစ်မနေလိုနေပြီဆိုတဲ့ အကြောင်းပါ။အချိန်မနှောင်းမှီ လူရောမူရော ပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ ပြောထားတယ်။ပီးတော့အခုချိန်အထိ NUGဟာစစ်ရေးမှာ တစ်ခုတည်းသောအမိန့်ပေးကွပ်ကဲမှုစနစ်တစ်ရပ် မတည်ဆောက်နိုင်သေးတဲ့အကြောင်း ပြောထားတယ်။NUGလက်အောက်က တပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဆိုပြီး နှစ်ဖွဲ့ကွဲနေတယ်။ဒါ့အပြင် ငွေကြေးဘဏ္ဏာရေးစီမံခန့်ခွဲမှုအပိုင်းမှာလဲ အတော်အားနည်းနေပါတယ်။ဒီအတိုင်းဆက်သွားရင် NUGရဲ့အခန်းကဏ္ဏဟာ တစ်ဖြည်းဖြည်းနဲ့ကျဆင်းသွားလိမ့်မယ်လို့ ဝေဖန်ထားတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


