အကြမ်းဖက်စစ်အာဏာသိမ်းထားသော စစ်ကောင်စီနှင့် မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူရန် အပြည် ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ညီလာခံက ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ လူငယ်များနှင့် အလုပ်သမားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲသွပ်သွင်းပြီး အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်နေတာကြောင့် မြန်မာစစ်ကောင်စီကို ILO Article 33 အရ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်။ Article 33 ဆိုတာ ILO ရဲ့အမြင့်ဆုံးအရေးယူမှုပါ။ ထိုအရေးယူမှုကြောင့် စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့ အများကြီးလာပါလိမ့်မယ်။ ဥရောပသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံးက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လာမှာဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီကို တကယ်အထိနာစေပါ့မလား ဆိုတာကိုတော့ သံသယဖြစ်မိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


