စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ အနီးဝန်းကျင်က စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို မနေ့က ည၁၀နာရီကနေ ဒီမနက် ၁၀နာရီအထိ စစ်အုပ်စုက ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်လို့ ကလေးသူငယ်တွေ အပါအဝင် ၁၀ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာရသူတွေထဲက တချို့ဟာ ပြင်းထန်ပြီး အသက်မန္တရာယ် စိုးရိမ်ရပါတယ်။ စစ်ကောင်စီတိုက်ခိုက်မှုတွေလုပ်ဆောင်သွားတဲ့ ဒေသတွေဟာ မုံရွာ၊ ချောင်းဦးနဲ့ ဆားလင်းကြီးမြို့နယ်တွေဖြစ်ပြီး ဧရိယာအားဖြင့်ကျယ်ပြန့်ပါတယ်။ မြေပြင်မှာ တိုက်ပွဲမရှိပဲ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတာဟာ မြေပြင် သတင်းပေါက်ကြားသွားခဲ့တာကြောင့် သိရတယ်။မြေပြင်မှာ စစ်အုပ်စုစခန်းတွေကို ဝင်တိုက်မှာလိုလို နဲ့ သိုသိုသိပ်သိပ် မလုပ်ကြတော့ စစ်အုပ်စုက သတင်း ရသွားပြီးတော့ မြေပြင်မှာ စုဖွဲ့မှု ရှိနိုင်တယ်လို့ သူတို့ထင်တဲ့ နေရာတွေကို ခန့်မှန်းပြီးဗုံးကြဲသွားတာပါ။နောက်ဆုံးတော့ပြည်သူတွေပဲ ထိခိုက်သေဆုံးကြရတာကြောင့် စစ်ကိုင်းတိုင်းထဲမှာ စစ်ရေးလှုပ်ရှားမှုတွေကို သတင်းမပေါက်ကြားအောင် ထိန်းသိမ်းဖို့လိုနေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


