ရန်ကုန်နဲ့တကွ မြို့ကြီးတွေမှာဖြစ်နေတဲ့ လျှပ်စစ်မီးပြသာနာကိုရေတိုဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုတော့ရှိပါတယ်။ရန်ကုန်မှာရပ်ထားရတဲ့ ဂတ်စ်တာဘိုင်တွေ ပြန်လည်ပတ်နိုင်ဖို့ပါ။ထိုဓာတ်အားပေးစက်ရုံတွေပြန်လည်ပတ်နိုင်ရင် မဂ္ဂါဝပ်၅၀၀ခန့်ထွက်လာမယ်။ဒါပေမယ့်ထိုမဂ္ဂါဝပ်၅၀၀ခန့်ရရှိနိုင်ဖို့ တစ်လဒေါ်လာသန်း၅၀လောက်သုံးရပါမယ်။စစ်ကောင်စီဟာ ထိုနည်းလမ်းကိုသိပါတယ်။ဒါပေမယ့်စစ်အသုံးစားရိတ်အတွက်ဒေါ်လာလိုအပ်နေတာကြောင့် ထိုငွေကိုပြည်သူတွေအတွက်သုံးပေးမယ့် အနေအထားမရှိပါဘူး။
လျှပ်စစ်ဓာတ်အားပြတ်တောက်နေတဲ့ ပြသာနာအခုမှထဖြစ်တာမဟုတ်ပါဘူး။စစ်တပ်ကအာဏာသိမ်းပြီးကတည်းက နှစ်စဥ်တဖြည်းဖြည်းနဲ့ဆိုးရွားလာတာပါ။ပြီးတော့ဒီလိုပြသာနာမျိုးကို ဖြေရှင်းနိုင်ဖို့ချမ်းသာတဲ့နိုင်ငံတွေမှာတောင် ရေရှည်စီမံကိန်းတွေချမှတ်ပြီးငွေကြေးအများအပြားရင်းနှီးမြုပ်နှံရတယ်။အခုအချိန်အထိစစ်ကောင်စီမှာ ဒီပြသာနာကိုဖြေရှင်းဖို့အတွက် ရေတိုရေရှည်အစီအမံဘာမှရှိမနေပါဘူး။ဒါကြောင့်လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင်လာမယ့်နွေရာသီမှာမြို့ကြီးတွေမှာတောင် တစ်နေ့၂နာရီခန့်သာမီးရတော့မှာဖြစ်ပြီး၂၀၂၆ နွေရာသီရောက်ရင်တော့ မြို့ကြီးတွေအပါအဝင်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကလွဲပြီးနိုင်ငံရဲ့နေရာဒေသအများစုဟာ လျှပ်စစ်ဓာတ်အားလုံးဝရရှိတော့မှာမဟုတ်ပါဘူး။