မန္တလေးတိုင်းထဲကနာမည်ကျော်ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်မြို့ကိုTLNAနဲ့ MDYPDFပူးပေါင်းအဖွဲ့တွေအပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။မိုးကုတ်မြို့အနောက်ပိုင်းကိုဇွန်လ၃၀ရက်နေ့ကတည်းက သိမ်းပိုက်ရရှိထားပြီးကျန်ရှိနေတဲ့မြို့အရှေ့ပိုင်းကစစ်ကောင်စီတပ်တွေကို ဒီတလလုံး ထိုးစစ်ဆင်ခဲ့တယ်။အခုတော့မြို့ထဲမှာနောက်ဆုံးကျန်ရှိနေတဲ့စစ်တပ်ဗျူဟာကုန်းကိုရှင်းလင်းပြီးမြို့ကို ထိန်းချုပ်နိုင်လိုက်ပါပြီ။မိုးကုတ်မြို့ဟာစဥ့်ကူးမြို့အရှေ့ဘက်မှာတည်ရှိပြီး အခုစစ်ဆင်ရေးမှာသုံးခုမြောက်သိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာတယ်။
ဒါ့အပြင်တော်လှန်ရေးအဖွဲ့တွေဟာစဥ့်ကူးမြို့မြောက်ဘက်က သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကိုပါစတင်တိုက်ခိုက်နေပါတယ်။စစ်ဆင်ရေးနယ်မြေတွေဟာတဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေပါပြီ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...