မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်မှာ နိုင်ငံတော်သံဃမဟာနယက ဆရာတော်တစ်ပါးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပါတယ်။ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဟာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေ သူ့ရဲ့မွေးရပ်ရွာကို ကြွချီတဲ့လမ်းမှာ ပစ်သတ်ခံလိုက်ရတာပါ။ ဆရာတော်ဟာ ရန်ကုန်ကနေ မန္တလေးကို လေယာဥ်နဲ့ကြွလာတယ်။ မန္တလေးလေဆိပ်ကနေ မွေးရပ်ရွာကိုသွားရာလမ်းမှာ မှန်မချပဲ မောင်းမိတာကြောင့် စစ်ဆေးရေးဂိတ်တွေက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဆရာတော်ရဲ့ ကားကိုလိုက်လံပစ်ခတ်ခဲ့တယ်။ ပစ်ခတ်စဉ် ဆရာတော်ဟာ ကားပေါ်မှာတင် ပွဲချင်းပြီး ပျံလွန်တော် မူသွားခဲ့တယ်။ အဲ့ဒီအချိန်ကျမှ စစ်ကောင်စီတပ်သားတွေဟာ နိုင်ငံတော် သံဃမဟာနယက ဆရာတော်ရဲ့ ကားမှန်းသိရှိခဲ့တာပပါ။ ထိုကားပေါ်မှာ ပါလာတဲ့အခြားဆရာတော်တွေလဲ ဒဏ်ရာအသီးသီးရရှိခဲ့တယ်။ ထိုဖြစ်ရပ်ဟာ လူသိရှင်ကြားဖြစ်သွားခဲ့တဲ့အတွက် စစ်ကောင်စီဟာ ဖုံးဖိဖို့ကြိုးစားခဲ့တယ်။ ထုံးစံအတိုင်း PDFတွေ ပစ်ပါတယ်ဆိုပြီးလွှဲချတာပေါ့။ ထိုဒေသဟာ PDF စိုးမိုးနယ်မြေလဲမဟုတ်ပါဘူး။ စစ်ကောင်စီ ဘက်ကပစ်ခဲ့တယ်ဆိုတာ လူတိုင်းသိနေတဲ့အမှန်တရားတစ်ခုပဲ။ စစ်ကောင်စီဟာ ဘယ်ကိစ္စမဆို ဘယ်တော့မှ အမှန်အတိုင်းဝန်ခံလေ့မရှိပါဘူး။ ဒီဖြစ်ရပ်မှာလဲ နိုင်ငံတော် သံဃမဟာနယက ဆရာတော် တစ်ပါးကိုမှားယွင်းပစ်ခတ်မိတဲ့အတွက်ဘယ်လိုဖြေရှင်းမှာလဲ။ PDFကိုလွှဲချရုံနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ် ပါဘူး။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...