အခုနောက်ပိုင်းစစ်ကောင်စီဟာ စစ်မြေပြင်မှာ ဒရုန်းတွေကို တန်ပြန်အသုံးပြုလာတာ တွေ့ရတယ်။ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအဖွဲ့တွေဟာ စစ်တပ်ကိုစတင်တိုက်ခိုက်ခဲ့တဲ့အချိန်ကနေ အခုအချိန်အထိ မဟာဗျူဟာလက်နက်နှစ်မျိုးကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြတယ်။ တစ်ခုက မိုင်းတွေဖြစ်ပြီး နောက်တစ်ခုကတော့ဒရုန်းတွေပါ။ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းရန်ကို ကျောကော့အောင်ခံနေရတယ်။ အထင်ရှားဆုံးကတော့ ရှမ်းမြောက်၁၀၂၇စစ်ဆင်ရေးမှာ မြောက်ပိုင်းသုံးဖွဲ့ဟာ ဒရုန်းတွေကိုပေါများစွာ အသုံးပြုခဲ့တာကြောင့် စစ်ကောင်တပ်တွေ အတော်အထိနာခဲ့တယ်။ အခုနောက်ပိုင်း သူတို့ကိုယ်တိုင်ဒရုန်းတွေကို တန်ပြန်အသုံးချပြီး တော်လှန်ရေး အဖွဲ့တွေကို ပြန်လည်တိုက်ခိုက်နေပါပြီ။ ရှမ်းမြောက်မှာတင် ဒရုန်းအစီးရေ၃၀၀ခန့်စုစည်းထားတယ်လို့ သိရပြီး ကရင်နီဘက်မှာ ပြန်စနေတဲ့စစ်ကောင်စီရဲ့ စစ်ကြောင်းမှာလဲ ဒရုန်းတွေပါလာတယ်။ ကရင်ပြည်နယ်က အောင်ဇေယျစစ်ကြောင်းမှာလဲ ဒရုန်းတွေနဲ့တိုက်ခိုက်နေတယ်လို့ KNUဘက်က ထုတ်ပြန်ထားတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေ လက်ရှိသုံးနေတဲ့ဒရုန်းတွေဟာ စစ်သုံးဒရုန်းတွေ မဟုတ်သေးပဲ တရုတ်နိုင်ငံထုတ်လုပ်ငန်းသုံးဒရုန်းတွေလို့ လေ့လာသူတွေကဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် ငွေအင်အားပေါများစွာရှိနေတဲ့ စစ်ကောင်စီတပ်တွေ ဒရုန်းတွေသုံးလာတာကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေအတွက် အထူးသတိပြုစရာဖြစ်လာတယ်။ ပြီးတော့ကိုယ့်ဘက်က ပိုင်ဆိုင်ထားတဲ့ မဟာဗျူဟာအားသာချက်တစ်ခုကို လက်လွတ်လိုက်ရတော့မယ့် အခြေအနေတစ်ခုဖြစ်လာပါပြီ။ စစ်ကောင်စီဘက်က သုံးလာတဲ့ဒရုန်းတွေအတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလဲ ပြင်ဆင်ထားဖို့ လိုနေပါပြီ။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...