စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုထုတ်ပြန်လိုက်ပြီးဧပြီလနောက်ပိုင်းမှာစတင်စစ်သားစုဆောင်းမယ်လို့ပြောထားပေမယ့်လတ်တလောမှာနိုင်ငံတဝန်းလူငယ်တွေပျောက်ဆုံးမှုတွေ၊ပေါ်တာဆွဲမှုတွေဆက်တိုက်ဆိုသလိုဖြစ်နေတယ်။ဒီရက်ပိုင်းမြို့ကြီးတွေမှာလူပျောက်ကြော်ငြာတွေများလာတယ်။ပေါ်တာဆွဲကတော့နေ့ခင်းကြောင်တောင်အဝေးပြေးလိုင်းကားတွေပေါ်ထိဆွဲနေတယ်။မုံရွာမှာဆိုမန္တလေးလမ်းပေါ်မှာပြေးဆွဲနေတဲ့ကားလိုင်းတွေကိုစစ်တပ်ကတားဆီးပြီးလူငယ်လေးဆယ်ကျော်ထက်မနည်းဖမ်းဆီးသွားတယ်။မုံရွာမြို့ပေါ်မှာလဲအပြင်ထွက်တဲ့လူငယ်မှန်သမျှဖမ်းဆီးနေလို့ပြည်သူတွေစိုးရိမ်ထိန့်လန့်နေကြပြီးမြို့ပေါ်လမ်းတွေမှာအသွားအလာတွေမရှိတော့ပဲခြောက်ကပ်နေတယ်။ရန်ကုန်ကတောင်ဒဂုံမြို့နယ်မှာလဲစက်မှုဇုန်ထဲကအဆောင်တချို့မှလူငယ်တွေကိုစစ်တပ်၊ရဲနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ပါဝင်တဲ့အဖွဲ့ကလာရောကဖမ်းဆီးသွားတယ်။စစ်မှုထမ်းရမယ်ဆိုပြီးစစ်ကားတွေနဲ့ခေါ်သွားတာလို့သိရတယ်။ဒီရက်ပိုင်းလူငယ်တွေဟာအရင်လိုမလွတ်လပ်တော့ပဲကျီးလန့်စာစားနေနေကြရတယ်။ဘာလုပ်မှမသိကြဘူး။စစ်မှုထမ်းဥပဒေပေါ်ပြီးနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေကသူတို့ဆီလာဖို့ဖိတ်ခေါ်နေပေမယ့်အဲ့ဒါကလဲထင်သလောက်မလွယ်ဘူး။တော်လှန်ရေးအဖွဲ့တွေကတော့ဒီရက်ပိုင်းသူတို့ကိုလာရောက်ဆက်သွယ်တဲ့လူငယ်တွေအဆမတန်များပြားလာတယ်လို့ပြောနေကြတယ်။စစ်အုပ်စုကတော့အရင်လိုခိုးကြောင်းခိုးဝှက်မဟုတ်တော့ပဲပေါ်တင်ပေါ်တာဆွဲခွင့်လိုင်စင်ရသွားသလိုပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


