Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဇန်နဝါရီ ၀၇၊ ၂၀၂၄။ (တနင်္ဂနွေ)

January 7, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်နယ်စပ်လောင်းကစားမြို့တော်လောက်ကိုင်ကစစ်ကောင်စီတပ်တွေအလုံးအရင်းနဲ့လက်နက်ချပြီးနောက်တစ်ရက်မှာပဲရခိုင်ပြည်နယ်မြောက်ပိုင်းကျောက်တော်မြို့နယ်ကစစ်ကောင်စီရဲ့တင်းမတောင်ရှည်ဗျုဟာစခန်းကြီးတစ်ခုလုံးအေအေထံလက်နက်ချအညံခံခဲ့ကြတယ်။ထိုစခန်းကိုအေအေကဒီဇင်ဘာလ၂၅ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၁၀ရက်ကျော်အပြင်းအထန်တိုက်ခိုက်ခဲ့ရတယ်။ကနဦးရက်တွေမှာအေအေဘက်ကအလံဖြူထောင်ခိုင်းပေမယ့်ဆက်လက်ခုခံနေလို့အင်အားအပြည့်နဲ့ချေမှုန်းတိုက်ခိုက်ခဲ့ရပြီးအခုမှလက်နက်ချကြတာပါ။ထိုဗျုဟာကုန်းဟာစစ်ရေးအရအရေးပါပြီးအနီးရှိစစ်ကောင်စီတပ်စခန်းတွေကိုလက်နက်ခဲယမ်းပို့ပေးရာနေရာလဲဖြစ်တယ်။ထိုနေရာမှာစစ်ကောင်စီတပ်တွေဟာ၂၀၂၀လောက်ကတည်းကလာရောက်တပ်စွဲနေထိုင်ခြင်းဖြစ်ကာစစ်သူပုန်တွေအခိုင်အမာတပ်စွဲနေထိုင်ပြီးဒေသခံတွေကိုဒုက္ခမျိုးစုံပေးခဲ့တာကြောင့်အနီးရှိတင်းမရွာကြီးတရွာလုံးကပြည်သူတွေဒီနေ့ထိထွက်ပြေးတိမ်းရှောင်နေရတယ်။အိမ်ခြေရာကျော်ရှိတဲ့တင်းမရွာကြီးတစ်ခုလုံးလဲအခုဆိုရင်တောကြီးမျက်မည်းဖြစ်နေပြီ။
အေအေတပ်တော်ဟာရခိုင်ချင်းနယ်စပ်ပလက်ဝမြို့နဲ့ရခိုင်မြောက်ပိုင်းကစစ်တပ်ရဲ့အမာခံစခန်းကုန်းကြီးများကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။စစ်ကောင်စီဘက်ကလဲထိုစခန်းတွေမကျစေရေးအတွက်အတွဲလိုက်ဒုံးတွေ၊လက်နက်ကြီးတွေလေကြောင်းပစ်ကူတွေသုံးပြီးအပြင်းအထန်ခုခံလျက်ရှိတယ်။

Related Posts

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)

September 27, 2025

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)

September 26, 2025

စစ်မှုထမ်းဥပဒေစတင် ကြေညာလိုက်တဲ့အချိန်တုန်းကရှေ့တန်းရောက်ရင် ထွက်ပြေးမယ်၊သေနတ်ရရင်ပြန်ပစ်ပြီးပေးမယ် စသဖြင့် ကိုယ်ထင်ရာတွေလျောက်ပြောကြပြီးအဆိုဥပဒေဟာ...

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)

September 25, 2025

စစ်ကော်မရှင်ဟာ အပတ်စဥ်အလိုက်လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်နေတာ အပတ်စဥ်၁၅ခုကျော်လာပါပြီ။အချိန်အပိုင်းအခြားအားဖြင့်လဲ တစ်နှစ်ကျော်ခန့်ရှိလာနေပါပြီ။ဒီကာလအတွင်းမှာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English