မနေ့ကကောလင်းမြို့ကိုတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်နိုင်ပြီးနောက်ဒီနေ့လဲစစ်ကိုင်းတိုင်း၊အိန္ဒိယနယ်စပ်တမူးကလေးလမ်းပေါ်ကခမ်းပတ်မြို့ကိုဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ခမ်းပတ်မြို့ဟာအိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်လေရေးလမ်းဖြစ်တဲ့တမူးကလေးအာရှလမ်းမကြီးပေါ်ကအချက်အချာကျတဲ့နေရာမှာတည်ရှိပြီးစစ်အုပ်စုကလေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေအကြိမ်ကြိမ်လုပ်ဆောင်ကာခမ်းပတ်မြို့ကိုလက်မလွှတ်ရဖို့ခုခံခဲ့ပေမယ့်မြေပြင်ကစစ်အုပ်စုအများအပြားစခန်းတွေကိုစွန့်ခွာထွက်ပြေးသွားလို့မြို့ကိုသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ခမ်းပတ်မြို့ကိုသိမ်းပိုက်နိုင်ခြင်းကြောင်းအိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကိုထိန်းချုပ်လိုက်နိုင်ပြီးစစ်ကောင်စီရဲ့အိန္ဒိယဘက်ကစစ်လက်နက်နဲ့လေယာဉ်ဆီတင်ပို့မှုတွေကိုတစိတ်တပိုင်းထိန်းချုပ်နိုင်မှာပါ။ဒါ့အပြင်နယ်စပ်မြို့ဖြစ်တဲ့တမူးမြို့နဲ့ချင်းပြည်နယ်ဘက်ကိုသွားတဲ့လမ်းမှာအချက်အခြာကျတဲ့ကလေးမြို့ကိုလဲကောင်းကောင်းခြိမ်းခြောက်နိုင်မှာဖြစ်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


