နှစ်သောင်းတန်ဂယက်ကတော့စတင်ရိုက်ခတ်နေပါပြီ။စစ်ကောင်စီ ထုတ်ဝေမယ့် ငွေစက္ကူအသစ်မထွက်ခင်မှာ ရွှေဈေးနှုန်း တစ်ကျပ်သားကို သိန်း ၄၀ နီးပါးအထိမြင့်တက်ပြီး၊ ဒေါ်လာငွေလဲနှုန်းမှာတစ်ဒေါ်လာကို၃၅၀၀ကျပ်ဝန်းကျင်ထိမြင့်တက်လာပါတယ်။ဒါပေမယ့်ရွှေလုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဖမ်းဆီးနေတာကြောင့် ရန်ကုန်နဲ့ မန္တလေးရှိ ရွှေဈေးကွက် လက်ရှိအချိန်ထိဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူး။ငွေစက္ကူထွက်မယ့် ရက်နီးလာတာရယ်၊ နိုင်ငံရေးအပြောင်းအလဲရှိတယိဆိုတဲ့သတင်းတွေကြောင့် ဈေးကခုန်တက်လာတာဖြစ်တယ်။ရွှေဈေးကတော့ ရွှေလောကမှာ စံချိန်တင်လောက်တယ်လို့ပြောရနေပြီ။
နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ် ထုတ်ဝေမယ်ဆိုတဲ့ သတင်းထွက်သည့်နေ့မှစပြီး ရွှေဈေးကွက်အပြင် နိုင်ငံခြား ငွေဈေးကွက်၊ အိမ်ခြံမြေဈေးကွက်နှင့် ကားဈေးကွက်အတွင်း၌ ဈေးနှုန်းများ မငြိမ်မသက်ဖြစ်ကာ ဈေးကွက်ပျက်နေတဲ့အနေအထား ဖြစ်နေပါတယ်။အမေရိကန် ၁ ဒေါ်လာ စစ်ကောင်စီ သတ်မှတ်ဈေးမှာ ၂၁၀၀ ကျပ် ပြင်ပဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာလျှင် ရောင်းဈေး ၃၅၀၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၃၄၅၀ကျပ် ဝန်းကျင်နဲ့ဈေးအတက်ကြမ်းနေတယ်။
ငွေစက္ကူအသစ်ထွက်တောင်မထွက်သေးဘူး၊ ပွတ်လောကရိုက်နေပြီ၊ ထွက်လာရင် အခြေနေကပိုဆိုးမယ်၊ စစ်ကောင်စီကဘယ်လိုပဲအကန့်အသတ်နဲ့ဘဲထုတ်တယ်လို့ ပြောပေမယ့်မယုံရဘူးဆိုတာလူတိုင်းသိတယ်။အခုလိုကုန်ဈေးနှုန်းကြီးအဆမတန်ကြီးမြင့်လာပေမယ့်အခြေခံလုပ်ခလစာကတော့တိုးမြင့်လာတာမရှိတဲ့အတွက် ပြည်သူအများစားဝတ်နေရေးအခက်ခဲတွေနဲ့ ကြုံတွေနေရတယ်။