ရန်ကုန်မြို့လှိုင်သာယာနဲ့ရွှေပြည်သာကအထည်ချုပ်စက်ရုံ၂ရုံမှာလုပ်ခတိုးတောင်းဖို့ဦးဆောင်သူတွေကိုဆူပူအောင်လှုံ့ဆော်မှုနဲ့စစ်ကောင်စီကဖမ်းဆီးလိုက်တယ်။အလုပ်သမားခေါင်းဆောင်၇ဦးနဲ့အလုပ်သမားအရေးကူညီသူ၃ဦးစုစုပေါင်း၁၀ဦးပါ။ဖမ်းဆီးထားသူတွေဟာစက်ရုံအလုပ်ရုံတွေမှာဆန္ဒပြကြဖို့လှုံ့ဆော်တယ်လို့စစ်ကောင်စီကစွပ်စွဲထားတယ်။
စစ်အာဏာသိမ်းပြီးနောက်မြန်မာပြည်မှာအလုပ်သမားအခွင့်အရေးတွေပျောက်ဆုံးသွားတာပါ။အထူးသဖြင့်စက်မှုဇုန်ထဲကအလုပ်သမားတွေပေါ့။အလုပ်သမားအခွင့်အရေးတောင်းဆိုလို့မရတာကိုအခွင့်ကောင်းယူပြီးအလုပ်ရှင်တွေကလုပ်ခလစာနှိမ်ပေးကြတယ်။မခံနိုင်လို့လစာတိုးတောင်းရင်လဲစစ်ကောင်စီကအလုပ်သမားတွေဘက်မရပ်တည်ပဲအခုလိုဖမ်းဆီးတယ်။ရန်ကုန်စက်မှုဇုန်တွေထဲကအလုပ်သမားတွေဟာတကယ့်ကိုနင်းပြားဖြစ်နေပါပြီ။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


