အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခုကိုအမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်ချိန်မှာပဲ (NUG) က ဒစ်ဂျစ်တယ်ဘဏ်အသစ်တခု မကြာခင်မှာ ဖွင့်လှစ်သွားဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်။ထိုဘဏ်ကိုတော့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank – SDB) အမည်နဲ့ ဖွင့်လှစ်သွားမယ်လို့ သိရပြီး တော်လှန်ရေးအလွန်ကာလမှာတော့ ပိုမိုကျယ်ပြန့်စွာ ပုံမှန်ဘဏ်တွေလို နိုင်ငံပိုင်ဘဏ်အဖြစ် ဆက်လက်လည်ပတ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရတယ်။နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အနေနဲ့ မြန်မာကျပ်၊ ထိုင်းဘတ်၊ စင်ကာပူဒေါ်လာနဲ့ အမေရိကန်ဒေါ်လာ ငွေကြေး ၄ မျိုးနဲ့ စတင်ပြီး ဝန်ဆောင်မှုပေးမယ်တဲ့။
NUGအနေနဲ့ထိုဘဏ်ကိုကြားကာလဗဟိုဘဏ်အဖြစ်သတ်မှတ်ပြီးအထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဩစတြေးလျ စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ကို ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ ထုတ်ပြန် ကြေညာတယ်။ဒါဟာNUGpayပီးနောက်ဘဏ္ဏာရေးအပိုင်းမှာနောက်ထပ်လှမ်းလိုက်တဲ့NUGရဲ့ခြေလှမ်းကြီးတစ်ခုပဲ။ထိုဘဏ်သာတကယ်အကောင်အထည်ပေါ်လာရင်တော်လှန်ရေးအတွက်ငွေကြေးထည့်ဝင်စီးဆင်းမှုအပိုင်းမှာအများကြီးအဆင်ပြေချော့မွေ့သွားမှာမို့အခြေအနေတွေနောက်တဆင့်တက်ဖို့မြန်ဆန်သွားမယ်လို့ခန့်မှန်းထားကြတယ်။