ကရင်နီပြည်နယ်၊မယ်စဲဒေသမှာတိုက်ပွဲတွေပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတယ်။ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့တွေဘက်ပြောင်းဝင်ရောက်လာတဲ့အတွက်တော်လှန်ရေးအဖွဲ့တွေအသာစီးရနေပြီးမြို့ကိုထိန်းချုပ်နိုင်တဲ့အခြေအနေဖြစ်နေပြီ။စစ်တပ်ဘက်ကပြန်လည်တိုက်ခိုက်ဖို့ကြိုးစားနေပေမယ့်လေကြောင်းကနေကိုယ့်တပ်ကိုဗုံးမှားကြဲမိတာကြောင့်အထိနာသွားပြီးထိုးစစ်တွေရပ်တန့်နေတယ်။ဒါပေမယ့်လဲပြည်နယ်ထဲကတခြားနေရာတွေမှာချထားတဲ့တပ်တွေကိုစုစည်းပြီးအပြင်းအထန်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်။စစ်တပ်ဟာကရင်နီပြည်နယ်ထဲကတော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေကိုပြန်လည်ရယူဖို့ကြိုးစားရင်းမထင်မှတ်ပဲနယ်မြေတစ်ခုကိုထပ်မံဆုံးရှုံးသွားတယ်။မယ်စဲမြို့ကတိုက်ပွဲတွေမှာတော်လှန်ရေးတပ်တွေအနေနဲ့စစ်ကောင်စီတပ်တွေသံလွင်မြစ်ကိုကူးမလာနိုင်အောင်ခုခံနိုင်ရင်တော်တော်အခြေအနေကောင်းနေပြီ။
အောက်တိုဘာ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
စစ်ကော်မရှင်ရဲ့ဝါဒဖြန့်ဗီဒီယိုမှာပါဝင်တဲ့နာမည်ကြီးသရုပ်ဆောင်တွေအားလုံးပြည်သူတွေရဲ့ဝေဖန်မှုကိုအကြီးအကျယ်ခံနေရပါတယ်။ဇတ်ကားထဲမှာစစ်ကော်မရှင်အလိုကျပြည်သူကိုစော်ကားတဲ့ဒိုင်ယာလော့တွေကိုဟန်ပါပါသရုပ်ဆောင်ခဲ့တဲ့အကျိုးကိုခံစားနေရပါပြီ။ပြည်သူတွေကိုထိုသရုပ်ဆောင်တွေရဲ့ဆိုရှယ်မီဒီယာအကောင့်တွေအထိသွားရောက်ပြောဆိုကြတဲ့အတွက်အချို့သရုပ်ဆောင်အကောင့်တွေဆိုမတွေ့တော့ဘူး။ ဒါ့အပြင်ထိုသရုပ်ဆောင်တွေကိုBoycottလုပ်ဖို့ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာတာကြောင့်သူတို့နဲ့စာချုပ်ချုပ်ထားတဲ့ကုမ္မဏီအချို့ဆိုစာချုပ်ဖျက်သိမ်းကုန်ကြပြီ။ပြည်သူကိုစော်ကားတဲ့ဖက်ခွက်စားတွေပြည်သူ့တံတွေးခွက်မှာပက်လက်မျောနေကြပြီလေ။


