Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)

September 26, 2025
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

စစ်မှုထမ်းဥပဒေစတင် ကြေညာလိုက်တဲ့အချိန်တုန်းကရှေ့တန်းရောက်ရင် ထွက်ပြေးမယ်၊သေနတ်ရရင်ပြန်ပစ်ပြီးပေးမယ် စသဖြင့် ကိုယ်ထင်ရာတွေလျောက်ပြောကြပြီးအဆိုဥပဒေဟာ ထင်သလောက်အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့အချို့က သုံးသပ်ခဲ့ကြတယ်။အကြမ်းဖက်စစ်တပ်ရဲ့လူသစ်စုဆောင်းရေးနည်းဗျူဟာနဲ့ ဝါဒမှိုင်းရိုက်သွင်းနိုင်စွမ်းကိုလျော့တွက်ခဲ့ကြတယ်။

စစ်အုပ်စုဟာ နည်းမျိုးစုံနဲ့လူသစ်စု​ဆောင်းနေတယ်။အစောပိုင်းအပတ်စဥ်တွေမှာ ကိုယ့်သဘောနဲ့ကိုယ်စစ်တပ်ထဲ ဝင်ချင်သူတွေရှိခဲ့တယ်။ထိုသူတွေကုန်သွားချိန်မှာတော့ ရပ်ကွက်ကျေးရွာတွေထဲက လမ်းသရဲတွေ၊သူခိုးဂျပိုးတွေကိုဖမ်းဆီးပြီး စစ်တပ်ထဲသွင်းခဲ့တယ်။နောက်ပိုင်းမှာတော့ ပေါ်တာဆွဲပြီးဖမ်းဆီးလာတာကို တွေ့ရတယ်။ဒါတွေကိုကြည့်ရင် စစ်တပ်ဟာ အခုချိန်ထိအောက်ခြေကနင်းပြားလူတန်းစားမျိုးကိုသာ ရွေးချယ်စုဆောင်းနေတာပါ။ထိုလူတန်းစားဟာ အသက်မသေရုံရုန်းကန်နေရတဲ့ သေမထူးနေမထူးလူတန်းစားမျိုးဖြစ်ပြီးပြည်ပကိုလဲ ထွက်မပြေးနိုင်ကြပါဘူး။

ဒါ့အပြင်စစ်တပ်ထဲမှာ လူသစ်တွေကို ပျော်အောင်နိုင်တဲ့နည်းလမ်းတွေရှိနေတယ်။မြို့ရွာတွေကို စစ်ကြောင်းထိုးရင်ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူခွင့်ပေးထားသလိုမူးယစ်ဆေးကိုလဲ လွတ်လပ်စွာသုံးစွဲခွင့်ပေးထားတယ်။ထိုအခြေအနေမျိုးမှာ အောက်ခြေလူတန်းစားက စစ်မှုထမ်းလူသစ်လေးတွေဟာ ရှေ့တန်းမှာသေမယ်မှန်းသိတာတောင်တော်ရုံဘယ်သူမှထွက်ပြေးဖို့ မကြိုးစားကြတော့ဘူး။

ပြီးတော့စစ်အုပ်စုဟာ အခုချိန်ထိပညာတတ်လူတန်းစားလူငယ်လေးတွေကို အတင်းအကြပ်စစ်သားစုဆောင်းတာမျိုး မလုပ်သေးပါဘူး။ပညာတတ်တွေများလာရင် သူတို့စစ်တပ်အတွက်အန္တရာယ်ရှိလာနိုင်တယ်လေ။ဒါတွေဟာ စစ်တပ်ရဲ့လူသစ်စုဆောင်းရေးနည်းဗျူဟာတွေပါပဲ။

Related Posts

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)

September 27, 2025

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)

September 25, 2025

စစ်ကော်မရှင်ဟာ အပတ်စဥ်အလိုက်လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်နေတာ အပတ်စဥ်၁၅ခုကျော်လာပါပြီ။အချိန်အပိုင်းအခြားအားဖြင့်လဲ တစ်နှစ်ကျော်ခန့်ရှိလာနေပါပြီ။ဒီကာလအတွင်းမှာ...

စက်တင်ဘာ ၂၄၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၄၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

September 24, 2025

ကရင်ပြည်နယ်မြဝတီမြို့အနီးက KNUနဲ့ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့လေးကေကော်မြို့သစ်ကို စစ်ကော်မရှင်ကထိုးစစ်စလာပါပြီ။စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေ ပြင်းထန်နေတယ်။လောလောဆယ်မှာတော့...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English