စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုရောက်နေပြန်ပါပြီ။တရုတ်သမ္မတရှီကျင့်ပင်ဖိတ်လို့ စစ်ရေးပြအခမ်းအနားနဲ့စီးပွားရေးဆိုင်ရာ အစည်းအဝေးတစ်ခုကိုတက်ရောက်ရန်သွားတာဖြစ်တယ်။အရင်တစ်ခေါက်က ခန့်မှန်းခဲ့သလိုပါပဲ။ရုရှားမှာတရုတ်သမ္မတနဲ့တွေ့ဆုံအပြီးမှာ တရုတ်ပြည်ကိုဖိတ်ခေါ်ခံရတယ်။တရုတ်မြေမှာသမ္မတရှီကျင့်ပင်နဲ့လဲ သီးခြားတွေ့ဆုံခွင့်ရတယ်။စစ်ကော်မရှင်ပြုလုပ်မယ့်အတုအယောင်ရွေးကောက်ပွဲကိုလဲ ထောက်ခံသွားမယ်ပြောတယ်။ဒါတွေကိုကြည့်ရင် တရုတ်ရောရုရှားပါ စစ်ကော်မရှင်ကိုအတိအလင်း ထောက်ခံနေတဲ့သဘောပါပဲ။နောက်ပိုင်းမှာလဲ စစ်ကော်မရှင်ဟာသူအသက်ဆက်နိုင်ရေးအတွက် တရုတ်ဆီကအကူအညီများစွာ ဆက်လက်ရရှိသွားမှာပါ။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


