ရန်ကုန်-မန္တလေး လမ်းဟောင်းကို ဖြတ်သန်းကုန်သွယ်နေတဲ့ ကုန်တင်ကားတစ်စီးကို စစ်အုပ်စုက ငွေကျပ် သိန်းနဲ့ချီ ဂိတ်ကြေး ကောက်ခံနေပါတယ်။ အဲဒီလမ်းဟောင်းမှာ ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းပေါင်း သုံးဆယ်ကျော် ရှိတယ်။ ဂိတ်စခန်းတစ်ခုကို ငွေကျပ် တစ်သောင်းကနေ သုံးသောင်းအထိ ပေးနေရတာကြောင့် ဂိတ်စခန်းများတဲ့အတွက် စုပေါင်းကုန်ကျစားရိတ်ဟာ ရန်ကုန်ကနေ မန္တလေးအသွား တစ်ကြောင်းထဲတင် ဂိတ်ကြေးက လေးသိန်း ဝန်းကျင်ကျတယ်။ တကယ်ကို အတောင်းကြမ်းကြတာပါ။ ကုန်စည်ပို့ဆောင်ရာမှာ တစ်တန်ကို ငွေကျပ် ၅၅,၀၀၀ ရရှိနေပေမဲ့ ဂိတ်ကြေး၊ စက်သုံးဆီနဲ့ ဒရိုင်ဘာကြေး စတဲ့ ကုန်ကျစားရိတ်တွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ကားအများစုဟာ လုပ်ငန်းခေတ္တရပ်ဆိုင်း ထားကြရတယ်။ ဒီလိုသာကုန်စည်စီးဆင်းမှုရပ်တန့်သွားရင် ကုန်စျေးနှုန်းတွေထပ်တက်လာဦးမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


