Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

သြဂုတ် ၀၅၊ ၂၀၂၅။ (အင်္ဂါ)

August 5, 2025
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

၂၀၂၅ ဩဂုတ် ၈ ရက်နေ့ကနေ စတင်ပြီး မြန်မာနိုင်ငံတွင်း HIV/AIDS လူနာတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ART ဆေးတွေကို NGO/INGO တွေက‌နေ တဆင့် ဆေးပေးခွင့် ရပ်ဆိုင်းလိုက်ပြီး စစ်ကော်မရှင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာန မှာပဲ လူနာတွေ ဆေးထုတ်ရတော့မှာပါ။ ၂၀၂၄-၂၀၂၆ ကာလအတွင်း မြန်မာပြည် HIV တိုက်ဖျက်ရေးအတွက်ရည်ရွယ်ပြီး Global Fund ကနေ အမေရိကန်ဒေါ်လာ 68 သန်း ကျော် ပေးသွားမယ်လို့ ကြေငြာထားတယ်။ Global Fund ကရတဲ့ အလှူငွေတွေကို စစ်ကော်မရှင်ဆီကိုပဲ တိုက်ရိုက်စီးဆင်းစေပြီး သူ့တို့ပဲ  ထိန်းချုပ်ချင်တဲ့ အတွက် ယခုလို NGO တွေကို ART ဆေးပေးခွင့် မပြုတော့တာလို့ ယူဆထားကြပါတယ်။

ဒါက HIV/AIDS လူနာတွေအတွက် သတင်း‌ကောင်းမဟုတ်တဲ့အပြင် မြန်မာပြည်တွင်း HIV တိုက်ဖျက်ရေးအတွက် ကြီးကြီးမားမား ဆုတ်ယုတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ HIV လို ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုတာ ဆရာဝန်ကနေ လူနာကို ဆေးပေးလိုက်တာနဲ့တင် ပြီးသွားတာမျိုး မဟုတ်ပဲ လူနာအဆင်ပြေပြေ နဲ့ ရေရှည် ဆေးသောက်နိုင်ဖို့ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍ‌ပေါင်းစုံကနေ စောင့်ရှောက်မှု‌ ပေးဖို့လိုအပ်တာ ဖြစ်တယ်။ NLD အစိုးရလက်ထက်ကတောင် အစိုးရဆေးရုံတွေက ကျန်းမာရေးဝန်ထမ်း အရေအတွက်၊ လူနာ အရေအတွက် မမျှတတာ‌ကြောင့် အစိုးရဆေးရုံဝန်ဆောင်မှုတွေမှာ လိုအပ်ချက်တွေ အများကြီးရှိနေခဲ့တာပါ။ မင်းအောင်လှိုင်လက်ထက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝန်ဆောင်မှုက‌တော့ ဘယ်သူမှ ဆေးရုံမတက်ရဲအောင်ကို စုတ်ပြတ်‌နေတာပါ။ ပြီးတော့ လက်ရှိနိုင်ငံရေး စစ်ရေး အခြေအနေ​တွေအရ စစ်ကော်မရှင်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာ ဝေးလံခေါင်ဖျားဒေသတွေကိုရောက်နိုင်ဖို့ခဲယဥ်းပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့၊အိန္ဒိယနယ်စပ် တမူးမြို့လိုမြို့တွေမှာ NON CDM ဝန်ထမ်းတွေကို လစာတောင်ပို့မပေးနိုင်တဲ့အခြေအနေမှာ ဝေးလံခေါင်ဖျားဒေသတွေကို ART ဆေးဖြန်ဖြူးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကိုမှ ART ဆေးအတွက် funding ကို သူတို့ပဲယူမယ်၊ သူတို့ပဲ ဆေးပေးမယ်ဆိုတာက HIV လူနာတွေကို အခက်အခဲတွေ အများကြီး ဖြစ်လာစေတော့မှာ ဖြစ်ပြီး လိုအပ်တဲ့ ကုသမှုတွေမရတာကြောင့် အသက်ဆုံးရှုံးတွေ ဖြစ်လာဦးမှာ အသေအချာပါပဲ။

Related Posts

သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)

August 30, 2025

တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...

သြဂုတ် ၂၉၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၂၉၊ ၂၀၂၅။ (သောကြာ)

August 29, 2025

တရုတ်ရဲ့ဖိအားကိုရင်ဆိုင်နေရတဲ့ ရှမ်းမြောက်ကနောက်တစ်ဖွဲ့ဖြစ်တဲ့ MNDAAအဖွဲ့ကိုလဲ စစ်ကော်မရှင်ကသိန္ဒီမြို့ကို ပြန်တောင်းနေတယ်လို့...

သြဂုတ် ၂၈၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၂၈၊ ၂၀၂၅။ (ကြာသပတေး)

August 28, 2025

စစ်ကောင်မရှင်နဲ့ TNLAတို့တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံတဲ့ဆွေးနွေးပွဲကတော့ အဖြေမထွက်ပဲပြီးဆုံးသွားပါပြီ။စိတ်ဝင်စားဖို့ကောင်းတာက ထိုဆွေးနွေးပွဲမှာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English