သပိတ်ကျင်းမြို့မှာ ရပ်နားပြီးပြင်ဆင်နေတဲ့စစ်ရေယာဥ်အုပ်စုဟာ ဆက်လက်ဆန်တက်လာခဲ့ရာမှာ ထီးချိုင့်နဲ့ကသာမြို့တွေကို ကျော်လွန်လာခဲ့ပါပြီ။ ထိုစစ်သင်္ဘောများဟာ ထီးချိုင့်နှင့်ကသာမြို့နယ်များသို့ရောက်ရှိစဉ် သင်္ဘောများပေါ်မှ လက်နက်ခဲယမ်း ရိက္ခာများချခဲ့တယ်လို့ သိရတယ်။ ဆန်တက်လာတဲ့စစ်သင်္ဘောအုပ်စုကို ကသာမြို့နယ်အထက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်နေကြတယ်။ အတိုက်ခံနေရလို့ ထိုနေရာ ဝန်းကျင် ရှေ့နောက် ဝဲယာ ကို မန္တလေးနဲ့မြစ်ကြီးနားကနေ လေယာဉ် ၄စီးနဲ့ မနားတမ်း လာပစ်နေတယ်။ စစ်သင်္ဘောအုပ်စုများအနေဖြင့် မြစ်ကျဉ်းနေရာများရှိသည့် အထက်ပိုင်းရောက်လေ တိုက်ခိုက်မှု ပိုခံရနိုင်ခြေရှိနေတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...