သပိတ်ကျင်းမြို့မှာ ရပ်နားပြီးပြင်ဆင်နေတဲ့စစ်ရေယာဥ်အုပ်စုဟာ ဆက်လက်ဆန်တက်လာခဲ့ရာမှာ ထီးချိုင့်နဲ့ကသာမြို့တွေကို ကျော်လွန်လာခဲ့ပါပြီ။ ထိုစစ်သင်္ဘောများဟာ ထီးချိုင့်နှင့်ကသာမြို့နယ်များသို့ရောက်ရှိစဉ် သင်္ဘောများပေါ်မှ လက်နက်ခဲယမ်း ရိက္ခာများချခဲ့တယ်လို့ သိရတယ်။ ဆန်တက်လာတဲ့စစ်သင်္ဘောအုပ်စုကို ကသာမြို့နယ်အထက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်နေကြတယ်။ အတိုက်ခံနေရလို့ ထိုနေရာ ဝန်းကျင် ရှေ့နောက် ဝဲယာ ကို မန္တလေးနဲ့မြစ်ကြီးနားကနေ လေယာဉ် ၄စီးနဲ့ မနားတမ်း လာပစ်နေတယ်။ စစ်သင်္ဘောအုပ်စုများအနေဖြင့် မြစ်ကျဉ်းနေရာများရှိသည့် အထက်ပိုင်းရောက်လေ တိုက်ခိုက်မှု ပိုခံရနိုင်ခြေရှိနေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


