မိုးဗြဲမြို့ကို စစ်ကောင်စီပြန်လည်ရရှိသွားတဲ့အတွက် ကရင်နီပြည်နယ်အတွင်း ထောက်ပို့လမ်းကြောင်းတစ်ခုပိတ်သွားပြီလို့ ပြောလို့ရတယ်။ဒါ့အပြင် စစ်ကောင်စီဟာမိုးဗြဲလွိုင်ကော်လမ်းမကြီးကို ပြန်ထိန်းချုပ်နိုင်ရင်အခြေအနေတွေဟာ ၁၀၂၇ စစ်ဆင်ရေးမစခင်အချိန်ထိ ပြန်ရောက်သွားမှာပါ။၁၀၂၇စစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဟာမြို့တော်လွိုင်ကော်ကို သိမ်းပိုက်နိုင်လုနီးပါးအထိ အခြေအနေကောင်းခဲ့တယ်။ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့အထိ ထိုးဖောက်နိုင်ခဲ့တယ်။၁၀၂၇စစ်ဆင်ရေးအရှိန်သာ မလျော့ခဲ့ရင်ဒီအချိန်မှာ ကရင်နီပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်နေလောက်ပြီ။အခုတော့ တနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေ မညီညွတ်မှုကြောင့် အခြေအနေကောင်းတွေကိုတဖြည်းဖြည်းနဲ့ ပြန်လည်စွန့်လွတ်နေရပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


