စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းခံထားရတဲ့ ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းဗီဒီယိုဖိုင် ရှစ်သောင်းစုဆောင်းနေတာ ပြည့်သွားပါပြီ။ဒီလ၁၉ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် စုဆောင်းနေတာပါ။ဗီဒီယိုဖိုင်ရှစ်သောင်းပြည့်ရင် ဂရင်းနစ်စံချိန်တင်နိုင်ဖို့ လုပ်ဆောင်ကြမှာပါ။တပြည်လုံးအတိုင်းအတာနဲ့ဆိုရင် ဗီဒီယိုဖိုင်ရှစ်သောင်းဆိုတာ နည်းပါးလွန်းတဲ့ ပမာဏပါ။ဒါပေမယ့်ဒီအချိန်မှာ စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆိုတဲ့ အသံကြားတာနဲ့တွေ့သမျှကို လိုက်ဖမ်းနေတယ်။အဖမ်းအဆီးကြမ်းနေတဲ့ကြားကပဲ နှစ်တိုင်းဆိုသလို သူမရဲ့မွေးနေ့အတွက် တစ်ခုမဟုတ်တစ်ခုစီစဥ်ကြတယ်။အခုလိုဂရင်းနစ်စံချိန်တင်နိုင်ရင် အမေ့လျော့ခံဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကပြန်ပြီး အမှတ်ရလာစေမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


