ဖားကန့်ကိုအင်အားဖြည့်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာနောက်ဆုံးမှာတော့ ဖားကန့်ကိုရောက်ရှိသွားပါပြီ။အင်အား၆၀၀ခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာKIAရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ဖားကန့်ကိုရောက်ချိန်မှာ အင်အားတစ်ရာခန့်သာကျန်ပါတော့တယ်။ဒါတောင် လမ်းမှာဒေသခံဆယ်ဦးခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသေးတယ်။တနေ့ကပြောခဲ့တဲ့ စစ်ကောင်စီရဲ့ထိုးစစ်တွေထဲကတစ်ခုကတော့ ရည်မှန်းချက်ကိုရောက်သွားပါပြီ။အခြားဒေသတွေက စစ်ကောင်စီရဲ့ထိုးစစ်တွေကတော့ ထူးခြားမှုသိပ်မရှိသေးပါဘူး။
ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)
ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော...