ဖားကန့်ကိုအင်အားဖြည့်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာနောက်ဆုံးမှာတော့ ဖားကန့်ကိုရောက်ရှိသွားပါပြီ။အင်အား၆၀၀ခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာKIAရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ဖားကန့်ကိုရောက်ချိန်မှာ အင်အားတစ်ရာခန့်သာကျန်ပါတော့တယ်။ဒါတောင် လမ်းမှာဒေသခံဆယ်ဦးခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသေးတယ်။တနေ့ကပြောခဲ့တဲ့ စစ်ကောင်စီရဲ့ထိုးစစ်တွေထဲကတစ်ခုကတော့ ရည်မှန်းချက်ကိုရောက်သွားပါပြီ။အခြားဒေသတွေက စစ်ကောင်စီရဲ့ထိုးစစ်တွေကတော့ ထူးခြားမှုသိပ်မရှိသေးပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


