တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့တအာင်းတပ်မတော်(TNLA) သတင်းထုတ်ပြန်လိုက်တယ်။ ဒါပေမယ့် ဆွေးနွေးပွဲက မအောင်မြင်ပါဘူး။ စစ်ကောင်စီကိုယ်စားလှယ်တွေက TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသောဒေသများမှ ဆုတ်ခွာရန် တောင်းဆိုခဲ့တာကြောင့် TNLAကိုယ်စားလှယ်များက သဘောမတူနိုင်လို့ နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ရပ်တန့်သွားတယ်။ TLNA ဘက်ကတော့ စစ်ကောင်စီကိုလေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန် တောင်းဆိုခဲ့တယ်။ ဒါပေမယ့်လဲ စစ်ကောင်စီကဆက်လုပ်နေဦးမှာပဲ။
စစ်ကောင်စီနှင့် TNLA အကြား အပစ်ရပ်စဲရေး ဖြစ်ပေါ်လာရန် တရုတ်၏ စီစဉ်မှုဖြင့် ယခုနှစ် ဖေဖော်ဝါရီ လလယ်တွင် တွေ့ဆုံခဲ့သော်လည်း ပြေလည်မှုမရခဲ့ပါဘူး။ အခုလဲ ရှေ့ဆက်မတိုးနိုင်တဲ့အတွက် လာမည့်ဩဂုတ်တွင် ထပ်မံတွေ့ဆုံကြဦးမယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


