မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက် မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့ ပြောလို့ရတဲ့မန္တလေးမှာ ဘယ်တုန်းကနဲ့မှမတူအောင် ခြောက်ကပ်ခဲ့ပါတယ်။မန္တလေးမှ မဟုတ်တနိုင်ငံလုံး ထိုနည်းလည်းကောင်းပဲ။ဒီနှစ်သင်္ကြန်ကတော့ ၂၀၂၀ကိုဗစ်ကာလနောက်ပိုင်း စည်ကားမှုအနည်းဆုံးသင်္ကြန်ဖြစ်လာခဲ့တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


