Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

အီလည်လည် တော်လှန်ရေး

March 15, 2025
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

အီလည်လည် တော်လှန်ရေး

တော်လှန်ရေးက၄နှစ်ကျော်လာပြီး ၅ နှစ်ထဲ ဖြတ်သန်းနေတဲ့အချိန်မှာ သီပေါမင်းပါတော်မူပြီး အစောပိုင်းကာလကလို သူကျွန် မခံလိုဘူးဆိုပြီး သူတလူ ငါတမင်း စိတ်ဓါတ်တွေ ခံယူချက်တွေနဲ့တော့ နွေဦးတော်လှန်ရေးကို ဆက်သွားလို့ မရတော့ပါဘူး။လွတ်လပ်ရေး ကြိုးပမ်းမှုကာလကို ပြန်ကြည့်ရင် ဘယ်လောက်ပဲ စိတ်ဓါတ်တွေ ခံယူချက်တွေကောင်းကောင်း တိုင်းပြည်အတွက် ပေးဆပ်လိုစိတ် ဘယ်လောက်ရှိရှိ တကွဲတပြားစီ တော်လှန်နေသရွေ့က အင်္ဂလိပ်တွေက အသာတကြည် နှိမ်နင်းသွားတာ မြင်ကြည့်လို့ရတယ်။ကမ္ဘာ့နိုင်ငံရေး ဒေသတွင်း နိုင်ငံရေး မျက်ခြေမပြတ် သိနေပြီး ပြည်ထောင်စုအရေး တိုင်းပြည်အရေး စစ်ရေးအပြင် တော်လှန်ရေးကို တစုတစည်းတည်း စုစည်းနိုင်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာမှသာ လွတ်လပ်ရေးဟာ ယခင်အချိန်ထက်တွေထက် လျှင်မြန်စွာ ရခဲ့တယ်ဆိုတာ မြင်နိုင်တယ်။

၄ နှစ် ကျော်လာပြီးနောက်မှာ ​နွေဦးတော်လှန်ရေးလည်း ဒီလိုပါပဲ။ စစ်ကျွန်မခံလိုဘူးဆိုတဲ့ စိတ်ဓါတ် ခံယူချက်လောက်နဲ့ သူတလူ ငါတမင်း ဆက်သွားနေလို့ မရတော့ပါဘူး။တော်လှန်ရေးလုပ်တယ်ဆိုတာ ကမ္ဘာ့အရေး ဒေသတွင်းနိုင်ငံတွေအရေး သဘောထားတွေကိုလည်း မျက်ခြေမပြတ်သိနေဖို့လိုပြီး ပြောင်းလဲလာနေတဲ့ အနာဂတ်မြန်မာပြည်ရဲ့ နိုင်ငံရေး တရားမျှတရေး ဖွဲ့စည်းပုံအသစ်တွေကို နားလည်နေဖို့ ကြိုမြင်နိုင်ဖို့လိုပြီး စစ်ရေး တော်လှန်ရေးကို တစုတစည်းတည်း စုစည်းနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ လိုအပ်ပါတယ်။ဒီလိုမှ မဟုတ်နေပဲ တော်လှန်ရေးဟာ သူတလူ ငါတမင်း ဆက်သွားနေအုံးမယ်ဆိုရင် တော်လှန်ရေးဟာ ​ဝန်ပိလာပြီး စစ်ဘုရင်ငယ်တွေ ပေါ်ပေါက်လာစေကာ စစ်အာဏာရှင်တွေကို သက်ဆိုးရှည်ဖို့ ဖြစ်လာစေမှာပါ။

ဒီနေရာမှာ သူတလူ ငါတမင်း ပြသာနာတွေနဲ့အတူ စကားစပ်လို့ ပြောရမယ်ဆိုရင် တချို့သော EROs တွေ တချို့သော နိုင်ငံရေးသမားတွေဟာ အခုအချိန်ထိ ပဒေသရာဇ်အတွေးအခေါ် ကိုလိုနီအတွေးအခေါ်တွေ မစွန့်လွတ်နိုင်ရင် နှစ် ၇၀ ကျော် ပြည်တွင်းစစ်ကို နှစ်ပေါင်း ၁၀၀ ကျော်အောင်ထိ ဆွဲဆန်ဖို့ လုပ်နေတာမျိုးဖြစ်တယ်။သမိုင်းကြောင်းအရဖြစ်စေ အစဥ်အဆက်နေထိုင်မှုအရဖြစ်စေ ဘာတခုမှ သက်ဆိုင်ခြင်းမရှိတဲ့ဒေသတွေ နယ်မြေတွေကို ငါတို့ တိုက်ထားတဲ့နယ်မြေ ငါတို့ပဲ အားလုံးယူမယ် လက်နက်ကိုင်ထားရင် အမှန်တရားဖြစ်တယ်ဆိုတဲ့ ပဒေသရာဇ် ကိုလိုနီ အတွေးအခေါ်တွေက မငြိမ်းချမ်းမှုတွေကိုသာ ဦးတည်စေမှာဖြစ်ပြီး ပြည်တွင်းစစ်ကို အဓွန့်ရှည်စေမှာဖြစ်တယ်။ ကိုယ့်အချင်းချင်းကြားမှာ ပေါ်ပေါက်လာတဲ့ ပြသာနာတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ မကြိုးစားပဲ လက်နက်နဲ့ ဖြေရှင်းဖို့ ကြိုးစားခြင်းဟာလည်း အာဏာရှင်အတွေးအခေါ်တွေ မိုက်မဲ့တဲ့လုပ်ရပ်တွေသာဖြစ်တယ်။အလားတူပဲ မြန်မာနိုင်ငံဟာ ကမ္ဘာတည်သရွေ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်တွေ ဆွဲကိုင်ထားတဲ့ နိုင်ငံရေးသမားတွေ ရှိနေရင်လည်း အဲဒါဟာ အတော်လေး ခေတ်စနစ်နဲ့ တိုင်းပြည်ရဲ့အခြေအနေကို နားမလည်တဲ့သူတွေသာဖြစ်တယ် အဲလူတွေကြောင့် တိုင်းပြည်ဟာ ပြသာနာပေါင်းများစွာ အဓွန့်ရှည်စေပြီး မငြိမ်းချမ်းမှုတွေကို ဆက်ဖြစ်စေမှာဖြစ်တယ်။

၄ နှစ် ကျော်လာပြီဖြစ်တဲ့ တော်လှန်ရေးကို ဆက်ပြောရမယ်ဆိုရင် တော်လှန်ရေးဟာ အခုချိန်ထိတောင်မှ နေရှင်းဝှိုက်စစ်ရေး ပြည်နယ်အလိုက်စစ်ရေး တိုင်းဒေသကြီးအလိုက်စစ်ရေး နောက်ဆုံး မြို့နယ်တခုခြင်းအလိုက် တပြိုင်တည်းစစ်ရေး မဟာဗျူဟာကျစစ်ရေး မစတင်နိုင်သေးရင်တော့ တော်လှန်ရေးဟာ ဝန်ပိုပိလာပြီး စစ်တပ်ဟာ ပြိုလဲဖို့ခက်ပြီး စစ်အာဏာရှင်စနစ်ဟာ အဓွန့်ရှည်နေအုံးမှာသာဖြစ်တယ်။ ဒီချိန် ဒီကာလကျမှ ဟိုစခန်းလေး ဝင်ပစ်လိုက် ဒီစခန်းလေး ဝင်တိုက်လိုက် ပျောက်ကျားတိုက်နေတဲ့စစ်ရေးတွေအားလုံးဟာ တော်လှန်ရေးကို ဝန်ပိစေမှာသာဖြစ်ပြီး ရေကုန်ပြီး ပဲပြဲမှာမဟုတ်တဲ့ စစ်ရေးတွေသာဖြစ်တယ်။ ဒီချိန်ထိတောင်မှ EROs အောက်မှာလည်းမရှိ NUG အောက်မှာလည်းမရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ မိမိတို့ဒေသ မိမိတို့နယ်မြေတွေကို ကိုယ်ထူကိုယ်ထဖြစ်စေ မဟာမိတ်အင်အားတွေနဲ့ဖြစ်စေ ပူးပေါင်း တို_က်နိုင်တဲ့အင်အားမရှိနေပဲ ပူးပေါင်းမတိုက်ပဲ တကိုယ်တည်း ကိုယ့်နယ်မြေကိုယ် ထိန်းထားယုံနဲ့ ကျေနပ်နေကြတာဟာ တော်လှန်ရေးနဲ့ပတ်သက် ဘာဆက်လုပ်ချင်တာလဲဆိုတာ မေးခွန်းထုတ်ရမယ့်အချိန်လည်းဖြစ်တယ်။

အလားတူ ၄ နှစ်ကျော်လာတဲ့ တော်လှန်ရေးမှာ NUG MOD အနေနဲ့လည်း လက်ရှိသိမ်းပိုက်ထားတဲ့ဒေသတွေမဟုတ်ပဲ ပြည်မထဲမှာ EROs တွေနဲ့ မဟာမိတ်စစ်ရေးဖြစ်စေ ကိုယ်ထူကိုယ်ထစစ်ရေးဖြစ်စေ မြို့နယ်တခုခြင်းအလိုက်ဖြစ်ဖြစ် တိုင်းဒေသကြီးအလိုက်ဖြစ်ဖြစ် တပြိုင်တည်းစစ်ရေး မစတင်နိုင်သေးတာ အတော်လေး သိလိုမိတယ်။ ယခင်အချိန်တွေမှာ ငွေကြေးကြောင့် လက်နက်လိုအပ်ချက်ကြောင့် ဖြည့်ဆည်းနေရတယ်ဆိုတာကို လက်ခံမိသော်လည်း သိမ်းပိုက်ထားတဲ့နယ်မြေတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကနေ အခွန်အခနဲ့ သံယဇာတရင်းမြစ်တွေကနေ ရရှိငွေတွေ မဟာမိတ် EROs တချို့ကနေ လက်နက်တချို့ ရလာတဲ့ဒီလိုအချိန်မှာ ပြည်မထဲမှာ တိုင်းဒေသကြီးအလိုက်ဖြစ်ဖြစ် မြို့နယ်အလိုက်ဖြစ်ဖြစ် တပြိူင်တည်းစစ်ရေးတွေ မစတင်နိုင်သေးတာ အတော်လေး သိလိုမိတယ်။

အလားတူပဲ တော်လှန်ရေးလုပ်လာတဲ့ နှစ်ပေါင်း ၇၀ ကျော်လာပြီဆိုတဲ့ KNU အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် တို_က်မယ်လို့သာ ပြောနေပေမယ့် တချို့သောခေါင်းဆောင်တွေ တချို့သောတပ်မဟာတွေ ကိုယ်ကျိုးစီးပွား များပြားနေတာ ဝေ့လည်လည် လုပ်နေတာ ကရင့်တော်လှန်ရေးကိုသာမက နွေဦးတော်လှန်ရေးကိုပါ အရှိန်လျော့စေပါတယ်။ တော်လှန်ရေးဟာ စစ်တပ်ကို အချိန်ပေးလို့မရနေပဲ အချိန်ကြာလာလေ တော်လှန်ရေးရင်းမြစ်တွေက ဝန်ပိလာပြီး စစ်တပ်က စစ်အင်အားအရေအတွက် ပိုရလာနေတယ် လက်နက်တွေ ပြန်လည်ဖြည့်ဆည်းလာနိုင်ပြီး အိမ်နီးခြင်းနိုင်ငံတွေရဲ့ အကူအညီတွေ ပံ့ပိုးမှုတွေ ရလာနေတာကိုလည်း လျှော့မတွက်ဖို့ လိုပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ ကရင်နီဒေသကို ကြည့်မလား ရှမ်းမြောက် ချင်း ရခိုင် ကချင်ကိုကြည့်မလား အဲဒေသတွေအားလုံးဟာ မြို့နယ်အလိုက်တပြိုင်တည်းစစ်ရေး ပြည်နယ်အလိုက်တပြိုင်တည်းစစ်ရေးကြောင့်ပဲ နယ်မြေအများအပြား သိမ်းပိုက် ထိန်းချုပ်နိုင်လာတာဖြစ်တယ်။

ဒါတွေကိုကြည့်မယ်ဆိုရင် ၄ နှစ်ကျော်လာပြီး ၅ နှစ်ထဲ ဝင်လာတဲ့ နွေဦးတော်လှန်ရေးက သေချာကြည့်ရင် မြင်နိုင်တာ သူတလူ ငါတမင်း သွားနေလို့ကတော့ ဘာမှဆက်ဖြစ်မှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ မြို့နယ်ခြင်းအလိုက် တိုင်းဒေသကြီးအလိုက် ပြည်နယ်အလိုက်စစ်ရေးမဟုတ်နေပဲ သူတလူ ငါတမင်း ရပ်တည်နေသူတွေ တိုက်နေတာတွေအားလုံးဟာ ကြာလာလေ တော်လှန်ရေး ဝန်ပိစေလာမှာသာဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ စစ်တပ် ပြိုလဲဖို့ဆိုရင် မဟာမိတ်စစ်ရေး ပြည်နယ် ပြည်မ တပြိုင်တည်း စစ်ရေးကသာ ဖြစ်နိုင်မယ်ဆိုတာကို ​မြင်မိတယ်။

 

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English