ကမ္ဘာ့အရေးဟာလဲအချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။အမေရိကန်မှာ ဒေါ်နယ်ထရန့်သမ္မတဖြစ်လာပြီးရက်ပေါင်းတစ်ရာ မပြည့်ခင်မှာပဲလှုပ်ခတ်မှုတွေများစွာရှိလာတယ်။ကုန်သွယ်ရေးမှာ အခွန်တွေတိုးကောက်လာတယ်။နိုင်ငံတကာအကူအညီပေးရေးအစီအစဥ်တွေကို ဖျက်သိမ်းပစ်တယ်။ယူကရိန်းအရေးမှာ ဒေါ်နယ်ထရန့်ဟာရုရှားဘက်ကရပ်တည်နေတာကြောင့် ဥရောပနိုင်ငံတွေမျက်ခုံးလှုပ်လာတယ်။ ဥရောပမှာ စစ်အင်အားတိုးချဲ့ဖို့ပြင်လာတယ်။
အခုချိန်ထိတော့ပြောင်းလဲလာတဲ့ကမ္ဘာ့အရေးဟာ မြန်မာ့အရေးကိုကောင်းကျိုးပြုမယ့် အချက်မတွေ့သေးပါဘူး။ဒေါ်နယ်ထရန့်ဟာပူတင်နဲ့သင့်မြတ်နေတော့ ကောင်းကျိုးထပ်ဆိုးကျိုးတွေသာ ပိုဖြစ်ပေါ်လာဖို့ရှိနေတယ်။အခြားဒီမိုကရေစီနိုင်ငံတွေဟာလဲ သူတို့ဒီမိုကရေစီကိုခြိမ်းခြောက်ခံလာရမယ့်အရေး ကာကွယ်ဖို့ရှိလာတာကြောင့်မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားနိုင်မှုပိုမိုနည်းပါးလာနေပါတယ်။တကယ်တော့ ကမ္ဘာမှာလဲဒီမိုကရေစီစနစ်ဟာ တဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာနေပြီး အာဏာရှင်စနစ်ကပိုမိုနေရာယူလာနေပါတယ်။