ရှမ်းမြောက်ကTLNAနဲ့MNDAAထိန်းချုပ်နယ်မြေတွေမှာ ထိုအဖွဲ့တွေကအခွန်တွေအများအပြား ကောက်ခံနေတာကြောင့် ဒေသခံပြည်သူတွေအခက်တွေ့နေရတယ်။TLNAထိန်းချုပ်နယ်မြေတွေမှာ ကုန်စုံဆိုင်တွေကအစ အခွန်ဆိုပြီး တလ၅သိန်းတောင်းခံနေတယ်လို့သိရတယ်။တစ်လငါးသိန်းဆိုတဲ့ နှုန်းထားဟာအလွန်များပြားလွန်းတယ်။ဆိုင်တိုင်းထိုနှုန်းထားနဲ့သာပေးရမယ်ဆိုရင် အခြေခံကုန်စျေးနှုန်းတွေစျေးထပ်တက်လာပါလိမ့်မယ်။ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရမှုတွေကြောင့်ပစ္စည်းတွေရှားပါးနေချိန်မှာ အခုလိုအခွန်တွေမတရားကောက်ခံတာဟာ ဒေသခံပြည်သူတွေကို အကြီးအကျယ်ထိခိုက်စေတယ်။ထိုဆိုင်တွေဟာအရင်စစ်ကောင်စီလက်အောက်မှာ အခွန်ဆိုပြီးမယ်မယ်ရရပေးခဲ့ရတာမဟုတ်ပါဘူး။စစ်စားရိတ်လိုလို့ အခွန်ကောက်တယ်ဆိုပေမယ့် မျှမျှတတတော့လုပ်သင့်တယ်။
MNDAAထိန်းချုပ်နယ်မြေမှာလဲ စက်သုံးဆီသယ်ဆောင်လာတဲ့ ဘောင်ဆာကားတွေကို တစ်စီးငါးသိန်းနှုန်းနဲ့အခွန်ကောက်ခံနေတယ်။စက်သုံးဆီရှားပါးနေတဲ့ ဒေသမှာအခွန်တိုးကောက်နေတာကတော့ နားမလည်နိုင်စရာပဲ။နယ်မြေကျယ်ပြန့်စွာထိန်းချုပ်နိုင်ပြီး နောက်မှာတိုင်းရင်းသားလက်နက်ကိုင်တွေဟာ အခွန်ကောက်ဖို့ကိုပဲ စိတ်အားထက်သန်နေသလိုပဲ။