အေအေတပ်တော်ရဲ့ထိုးစစ်တွေဟာ မကွေးတိုင်းနဲ့ပဲခူးတိုင်းမှာရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့နောက်ဆုံးခံစစ်ကြောင်းတွေအထိ ရောက်ရှိလာနေပါပြီ။မကွေးတိုင်းထဲက နတ်ရေကန်စခန်းကိုထိုးစစ်ဆင်နေသလိုပဲခူးတိုင်းထဲက ညောင်ကျိုးစခန်းကိုလဲ တပြိုင်နက်ထဲတိုက်ခိုက်နေပါတယ်။ထိုစခန်းတွေကိုသာရရှိခဲ့ရင် စစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေပါ အေအေလက်ထဲရောက်သွားမှာဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလဲ အပြင်းအထန်ခုခံနေတယ်။
ဧရာဝတီတိုင်းဘက်မှာတော့အေအေက ထိုးစစ်တွေရပ်နားထားတာကြောင့် လောလောဆယ်တိုက်ပွဲတွေငြိမ်သက်နေလို့ တချို့စစ်ရှောင်တွေနေရပ်ပြန်လာကြတယ်။ကမ်းခြေတွေပြန်ဖွင့်ထားပေမယ့် လာ
ရောက်လည်ပတ်သူတွေနည်းပါးပါတယ်။