မြိုင်နယ် အနောက်တောင်ပိုင်း ရေနံမှော်တွေထဲက PDF မင်္ဂလာဆောင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုများပြားပြီး ပြည်သူတွေရွှေ့ပြောင်းထွက်ပြေးနေရပါတယ်။ မင်္ဂလာဆောင်ကိုလာရောက်သူ ၁၀ဦးကျော် သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရသွားတယ်။
စစ်အုပ်စုက ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်နိုင်တာမို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။
အညာဒူဘိုင်းဆောင်းပါးကြောင့်အညာဒေသမှာထိခိုက်နစ်နာမှုတွေဖြစ်ပေါ်လာပါပြီ။PDF မင်္ဂလာဆောင်ဗုံးကြဲခံရမှုဟာထင်ရှားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီးထိုဒေသကိုနေ့စဥ်နီးပါးဗုံးကြဲနေတာကြောင့်ဒေသခံတွေသေဆုံးဒဏ်ရာရမှုတွေရှိလာနေပါတယ်။