ဒီနှစ်ဆန်းပိုင်းကစပြီးတနိုင်ငံလုံးမှာ တော်လှန်စစ်ပွဲအရှိန်သိသိသာသာ လျော့ကျလာပါတယ်။၂၀၂၄စက်တင်ဘာလလောက်ကစပြီး ရှမ်းမြောက်မှာတရုတ်ဖိအားကြောင့်အပစ်ရပ်လိုက်ရပေမယ့် ရခိုင်၊ကချင်စတဲ့ဒေသတွေမှာ စစ်ကောင်စီကိုမြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွဲကြတယ်။ဒီလိုနဲ့၂၀၂၅ခုနှစ်ထဲရောက်လာချိန်မှာတော့ ရခိုင်မှာလဲတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုအပါအဝင် ပြည်နယ်တစ်ခုလုံးသိမ်းပြီးသွားပြီ။ဒါကြောင့်အေအေတပ်တော်ဟာ ပြည်မဘက်ကိုသွေးတိုးစမ်းတိုက်ပွဲတွေလောက်သာဖော်ဆောင်နေပြီး ထိုးစစ်ကြီးတွေရပ်ထားတယ်။ကချင်ပြည်နယ်မှာလဲKIAကဗန်းမော်မြို့ကို သိမ်းနိုင်ဖို့ကြိုးစားနေရတဲ့အတွက်အခြားနေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေမရှိသလောက်နည်းပါးသွားတယ်။အခြားဒေသကြီးတွေမှာလဲ အထင်ကြီးလောက်စရာစစ်ရေးလှုပ်ရှားမှုတွေ မတွေ့ရတဲ့အတွက်၂၀၂၅ခုနှစ်ထဲမှာစစ်ရေးအရှိန်ရပ်တန့်နေသလို ဖြစ်နေတယ်။ဒါဟာတော်လှန်ရေးအတွက်ကောင်းတဲ့လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...