တရုတ်သရုပ်ဆောင်တစ်ဦးကရင်ပြည်နယ်က ကျားဖြန့်လုပ်ငန်းထဲလိမ်လည်ခေါ်ဆောင်ခံရတဲ့အဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာတိုင်းသိပြည်သိဖြစ်သွားပြီးနောက် တရုတ်အစိုးရကဇင်ယော်စစ်ဆင်ရေးနဲ့ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို အရေးယူမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုကျားဖြန့်အရှုပ်မှာစစ်ကောင်စီရော ထိုင်းနိုင်ငံရောစောချစ်သူရဲ့BGFတပ်တွေပါ ပါဝင်ပတ်သက်နေပါတယ်။လက်ရှိအချိန်မှာတော့သူတို့မသိပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ အားလုံးကငြင်းဆိုထားကြတယ်။
တရုတ်ကစစ်ဆင်ရေးတစ်ခုနဲ့အရေးယူမယ်ဆိုတာကလဲ ထူးဆန်းနေတယ်။ထိုဒေသမှာတရုတ်သြဇာခံတပ်မရှိပါဘူး။ဘယ်အဖွဲ့အစည်းကို အသုံးချမလဲမပြောတတ်ဘူး။ကျားဖြန့်အရေးအကြောင်းပြုပြီးကရင်ပြည်နယ်မှာ အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာမှာလား။