ရခိုင်ပြည်နယ်နှင့်ဆက်စပ်ဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းထဲကနယ်မြေတွေကို စတင်တိုက်ခိုက်နေပြီလို့အေအေကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။မကွေးတိုင်းဘက်မှာ ဆိုအမ်းပဒန်းလမ်းပေါ်က စစ်ကောင်စီစခန်းတွေ၊ပဲခူးတိုင်းဘက်မှာဆို တောင်ဂုတ်ပြည်လမ်းပေါ်ကစခန်းတွေနဲ့ဧရာဝတီတိုင်းထဲကကမ်းခြေဒေသတွေကို အေအေနဲ့ဒေသခံတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်နေပါတယ်။မကွေးတိုင်းထဲမှာဆိုစစ်တပ်ရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်စက်ရုံအမှတ်၂၁ကို တော်လှန်ရေးအဖွဲ့ကရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ပျက်စီးမှုတွေရှိခဲ့တယ်။ထိုစက်ရုံဟာလေယာဥ်ဗုံးတွေအဓိကထုတ်လုပ်တဲ့စက်ရုံပါ။အရင်တုန်းကထိုစက်ရုံတွေ အနားတောင်မကပ်နိုင်ခဲ့ပေမယ့်အခုတော့ တော်လှန်ရေးအဖွဲ့တွေက ခြိမ်းခြောက်လာနိုင်နေပါပြီ။
ဧရာဝတီတိုင်းထဲမှာတော့ အေအေသိမ်းပိုက်ထားတဲ့ဘောမိရွာဟာ စစ်တပ်ကဗုံးကြဲလို့ပြာဖြစ်သွားပါပြီ။စစ်ကောင်စီတပ်တွေကတော့ ငွေသောင်ယံမြို့မှာ ခံစစ်အကြီးအကျယ်ပြင်နေပါတယ်။