အေအေရဲ့ထိုးစစ်ဟာရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းထဲကို ရောက်ရှိလို့လာနေပါပြီ။ရခိုင်ပြည်နယ်တောင်ဘက်စွန်းက ဂွမြို့ကိုသိမ်းပိုက်ပြီးနောက်ဒီလဆန်းမှာပဲ ရခိုင်နဲ့ဧရာဝတွနယ်စပ်ကမကျီးဇင်ရွာကို အေအေကဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။အခုလဲ မကျီးဇင်ရွာတောင်ဘက်ကဘောမိရွာမှာ အင်အားအများအပြားနဲ့တပ်စွဲထားတဲ့ စစ်သူပုန်တွေကိုမနေ့က တိုက်ခိုက်မောင်းထုတ်လိုက်ပါတယ်။ဘောမိရွာစစ်သူပုန်အင်အားငါးရာခန့်အပြင် သံချပ်ကာကားတွေနဲ့ပါခံစစ်ပြင်ထားပေမယ့်လဲ အေအေရဲ့အလစ်အငိုက်တိုက်ခိုက်မှုကြောင့် တစ်ရာခန့်သေဆုံး၈၀ခန့်ဒဏ်ရာရကာ အင်အား၂၀၀ကျော်ခန့်ကတော့ခွေးပြေးဝက်ပြေးထွက်ပြေးသွားကြတယ်။စစ်သူပုန်တပ်တွေဖရိုဖရဲဖြစ်ကုန်ပြီး သံချပ်ကာကားတွေကိုပါပြန်မသယ်နိုင်တော့လို့ မီးရှို့ဖျက်စီးသွားကြကာတောင်ဘက်မှာရှိတဲ့ ငွေသောင်ယံမြို့ဘက်ဆုတ်ခွာသွားပါတယ်။အင်အားငါးရာခန့်အပြင် သံချပ်ကားကားတွေလေကြောင်းပစ်ကူတွေရှိနေတာတောင် အေအေရဲ့ထိုးစစ်ကိုတစ်ရက်တောင်တောင့်မခံနိုင်တာဟာ ဧရာဝတီတိုင်းထဲကစစ်ကောင်စီတပ်တွေ တပ်ပျက်နေပြီဆိုတာသိသာစေတယ်။အေအေကတော့တောင်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေဦးမယ်လို့ ယူဆရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


