အာဏာသိမ်းလေးနှစ်တာကာလအတွင်း စစ်ကောင်စီကကုမ္မဏီပေါင်းနှစ်သောင်းကျော်ကို ဖျက်သိမ်းခဲ့ကြောင်းသိရတယ်။ထိုအရေအတွက်ဟာ ပြည်တွင်းပုဂ္ဂလိကကုမ္မဏီစုစုပေါင်းရဲ့ သုံးဆယ်ရာခိုင်နှုန်းခန့်ရှိတယ်။ဖျက်သိမ်းခံရတဲ့ကုမ္မဏီအများစုကတော့ ဆောက်လုပ်ရေးနဲ့ပို့ကုန်သွင်းကုန်တွေ လုပ်ကိုင်နေတဲ့ကုမ္မဏီတွေပါ။စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက်ပိုင်း ပို့ကုန်သွင်းကုန်တွေကိုတင်းကြပ်စွာချုပ်ကိုင်ပြီး နောက်သူတို့ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာတဲ့ ကုမ္မဏီမှန်သမျှကိုဖျက်သိမ်းပစ်နေတာပါ။ပုဂ္ဂလိကကုမ္မဏီအတော်များများကို ဖျက်သိမ်းပြီးနောက်အမြတ်အစွန်းများတဲ့လုပ်ငန်းအများစုကို စစ်အုပ်စုနဲ့အပေါင်းအပါအဆက်အနွယ်တွေသာ လက်ဝါးကြီးအုပ်ဖို့ကြိုးစားလာတာတွေ့ရတယ်။ခပ်ယဲ့ယဲ့သာကျန်တော့တဲ့မြန်မာပြည်စီးပွားရေးအခြေအနေတွေကြောင့်လဲ ပြည်တွင်းကကုမ္မဏီအများစုဟာ အသက်ဆက်ဖို့ရုန်းကန်နေရတယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


