ရခိုင်ပြည်နယ်မြောက်ပိုင်း၊ဘင်္ဂလားဒေ့ရ်နယ်စပ်မောင်တောမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းကြီးကို အေအေတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုသိမ်းပိုက်နိုင်ဖို့ အေအေဟာနှစ်လနီးပါး ပိတ်ဆို့ပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်။ထိုစခန်းမှာစစ်ကောင်စီတပ်တွေအပြင် ရိူဟင်ဂျာARSAတပ်တွေပါ ပူးပေါင်းခုခံခဲ့တယ်။မောင်တောမြို့ဟာရိုဟင်ဂျာလူမျိုးရေးအရှုပ်အရှင်းတွေ အများအပြားရှိနေတဲ့အတွက် အေအေအနေနဲ့အတော်ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ခဲ့ရတယ်။အခုလိုသိမ်းပိုက်နိုင်လိုက်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းတွေအပြင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်လုံးကို အေအေကထိန်းချုပ်နိုင်လိုက်ပါပြီ။ဒါ့ကြောင့် စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်အပေါ်ဖြတ်လေးဖြတ်နဲ့ပိတ်ဆို့ထားမှုဟာလဲ အရာမထင်ဖြစ်သွားတော့မှာပါ။
ထိုနယ်ခြားစောင့်စခန်းကို ဦးစီးကွပ်ကဲနေတဲ့စစ်ဗိုလ်ချုပ်ကတော့ အင်အားတစ်ရာလောက်နဲ့ထွက်ပြေးနေတာကြောင့် အေအေကသူ့ကိုဖမ်းဆီးရမိဖို့ရှာဖွေနေပါတယ်။ထွက်ပေါက်မရှိစစ်ကူလဲပေးမရတဲ့ထိုစခန်းမှာ ထိုစစ်ဗိုလ်ချုပ်ရဲ့အမိန့်နဲ့ခေါင်းမာစွာခုခံနေလို့ အေအေအနေနဲ့ခက်ခဲစွာတိုက်ယူခဲ့ရတာပါ။ထိုဒေသတစ်ခုလုံးကို အေအေကစိုးမိုးထိန်းချုပ်ထားလို့ ထွက်ပြေးလို့လဲလွတ်မယ်မထင်ပါဘူး။